Тёмный

အခြေခံစစ်သင်တန်းမှာ ကတုတ်ကျင်းတူး ပြိုင်ပွဲပါထည့်သွင်း ပြုလုပ် 

Myaelatt Athan
Подписаться 218 тыс.
Просмотров 4,2 тыс.
50% 1

အခြေခံစစ်သင်တန်းမှာ ကတုတ်ကျင်းတူး ပြိုင်ပွဲပါထည့်သွင်း ပြုလုပ်
မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၄။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၁ မှာ အခြေခံစစ်သင်တန်းအပြင် ကတုတ်ကျင်းတူးတာကိုလည်း ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင်ကြားပေးခဲ့ပြီး ပြိုင်ပွဲတခုအနေနဲ့ပါ ပြုလုပ်ပေးခဲ့ပါတယ်။
ကတုတ်ကျင်းတူးတာဟာ ရဲဘော်တိုင်း သိထားသင့်တဲ့ အခြေခံအကျဆုံး ကိစ္စတခုဖြစ်သလို ကိုယ့်အသက်ကို ကာကွယ်နိုင်ဖို့အတွက် ကတုတ်ကျင်းတူးတဲ့ အလေ့အကျင့် ရှိနေသင့်တာကြောင့် ခုလို သင်ကြားပေးတာလို့ သာယာဝတီခရိုင် တပ်ရင်း ၃ တပ်ရင်းမှူးက ပြောပါတယ်။
ဝေဟင်တိုက်ခိုက်မှုတွေနဲ့ ရန်သူဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါလှတာကြောင့် ရဲဘော်တွေကို စာတွေ့တင်မဟုတ် လက်တွေ့ပါ ထိထိရောက်ရောက် သင်ကြားပေးခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအခြေအနေ၊ ရှေ့တန်းအနေအထားနဲ့ မြေအနေထားပေါ် မူတည်ပြီး ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ ဘန်ကာ စသဖြင့် အမျိုးအစားအလိုက် တူးနိုင်ဖို့ သင်ကြားပေးထားတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။
အခြေခံစစ်သင်တန်းရဲ့ ကတုတ်ကျင်းတူးပြိုင်ပွဲမှာတော့ ကျင်းတူးဖို့ ဝါးချွန်တခုကိုသာ အသုံးပြုခွင့်ပေးထားသလို အချိန်တနာရီအတွင်း သတ်မှတ်ထားတဲ့ အကျယ်အဝန်းအလိုက် အနက်ဆုံး တူးနိုင်ဖို့ ပြိုင်ကြရကာ ပထမဆု ၂၀၀၀၀၊ ဒုတိယဆု ၁၅၀၀၀၊ တတိယဆု ၁၀၀၀၀ သတ်မှတ်ကာ ဆုပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - ချယ်ရီ၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#သာယာဝတီခရိုင် #တပ်ရင်း၃၈၀၃ #အခြေခံစစ်သင်တန်း #ကတုတ်ကျင်း #ပြိုင်ပွဲ

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 8   
@yeewinmyint806
@yeewinmyint806 3 месяца назад
မဂ်လာပါ ပြည်သူဘက်အမှန်တရားရဲဘော်အားဘေးကင်းပါစေကျန်းမာပါစေတိုက်ပွဲတိုင်းအောင်မြင်ပါစေ ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@AyeThin-c9v
@AyeThin-c9v 3 месяца назад
မဂ်လာညချမ်းလေးပါ မြေလတ်အသံရေ မျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙ပြည်သူအချစ်တော်လေးများအားလုံး ကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေအထိအခိုက်မရှိအောင်ပွဲအလိလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏🤘🤘⭐⭐⭐💕💕💕ဘက်စုံးတော်သော ချစ်စရာလေး များ 💋💋💋💞💞💞
@hlamyosumon793
@hlamyosumon793 3 месяца назад
Be safe.
@Kaungmyatkyaw-b1l
@Kaungmyatkyaw-b1l 3 месяца назад
❤❤❤❤❤🎉🎉🎉🎉🎉
@SaiSai-hr5qu
@SaiSai-hr5qu 3 месяца назад
ပြည်သူချစ်သားတွေကခွေတွေအတွက်​ကြွင်အရန်တူးထားပေးနေတာပါလား?
@มูเตลูลูบุตรดางาม
ขุดหลุมทำอะไรครับ
@UHlaMyint-jw3no
@UHlaMyint-jw3no 3 месяца назад
သင်တန်းသားများကို ဖုံးကိုင်ခိုင်းတာလားငင်
@WaiYanKyaw-d6u
@WaiYanKyaw-d6u 3 месяца назад
စောက်ရူး
Далее