Тёмный

အညာ 

မြစ်ရေစီးသံ
Подписаться 401
Просмотров 45 тыс.
50% 1

ငါအညာမှာ‌နေတယ်။
ညာချင်သူညာ
ဒါသူ့သမိုင်း
လာချင်သူလာ
ဒါသူ့သမိုင်း။
အညာသမိုင်းက
ဘာမှိုင်းမှတိုက်လို့မရ
မိုက်သင့်လို့မိုက်တယ်
တိုက်သင့်လို့တိုက်တယ်
အပွဲပွဲနွှဲ
ပြေးရဲမှ မှိုင်ရတာလည်းရှိ
အလဲလဲအကွဲကွဲ
သွေးရဲမှ အနိုင်ရတာလည်းရှိ။
သေနတ်တလက်နဲ့
ဇာတ်ထွက်သူလည်းရှိ။
သေနတ်တကားကားနဲ့
လပ်ယား လပ်ယားသူလည်းရှိ။
ခွေး လက်တကမ်း
မိုင်းစမ်းသူလည်းရှိ။
ခွေးကြိုခွေးကြား
မိုင်းသွားထားသူလည်းရှိ။
ထမင်းထုပ်ထမ်း
ဟင်းထုပ်ထမ်းနဲ့
သေနတ်တကမ်းမှာ
လက်ပန်းမကျသူလည်းရှိ
သက်တမ်း ခ သူလည်းရှိ။
ပြေတိုင်းကျော်အောင်
လေလှိုင်းပေါ်မှာ ကျော်ချင်သူများ
မော်ချင်သူများ
အညာအကြောင်းကို
လာလာခေါင်းတယ်
အညာအလောင်းတွေ ဘယ်လောက်ရှိပြီလဲ
ခင်ဗျားတို့သိလား။
ကဗျာဖွဲ့သူဖွဲ့
ပြန်ဖြုတ်ချင်ဖြုတ်
အထာ ခနဲ့သူခနဲ့
မာန်လုပ်ချင်လုပ်
အညာကတော့ မရှူပ်ဘူး
အညာကတော့ ဒုပ်မတူး။
ဂွင်ဖန်သူက တမျိုးမြှောက်
ဆင်ကြံသူက တမျိုး‌ေထာက်နဲ့
ဘယ်သူလာလာ
ဘယ်သူညာညာ
အညာဟာအညာပဲ
ရှိုက်စရာရှိရင် ရှိူက်တယ်
မိုက်စရာရှိရင်မိုက်တယ်
တိုက်စရာရှိရင်တိုက်တယ်။
ဆဲဆိုကြိမ်းမောင်း
လက်ခမောင်းလည်း ထခတ်တယ်။
အသဲတဖိုဖို ဗိန်းမောင်းနဲ့
တလက်တမောင်းလည်း ချတတ်တယ်။
အညာသားက
အညာမြေမှာတိုက်တယ်
တရွာသားတို့လည်း
တရွာမြေမှာ တိုက်တယ်
အညာပဲဖြစ်ဖြစ်
အကြေပဲဖြစ်ဖြစ်
ဘယ်သူပဲဖြစ်ဖြစ်
လေသက်သက်တော့မတိုက်နဲ့လေ။
ကိုယ့်ယမ်းကိုယ်ထောင်း
ကိုယ့်အလောင်းကိုယ်ထမ်း
အညာဟာ မမောပန်းခဲ့ဘူး
အညာကရွှေ
အညာကငွေ
အညာမြေအတွက်လို့ မတွေးခဲ့ဘူး
အညာသားကိုအရူးလို့ထင်ချင်ထင်ပေါ့။
ရွာတွေ ရွာတွေ
ပြာတွေ ပြာတွေ
အညာမြေလေ အညာမြေလေ
ဘာတွေငြင်းနေကြသလဲ
ဘယ်သူရှိူ့တာလဲ
ဘယ်သူ အို့ တာလဲ
အညာသားတွေက
မျက်ခြေမပြတ်ကြဘူး။
အလှူကိုဗုံးကြဲပစ်ခတ်တယ်
လူကို ဒုန်းဆွဲ ပစ်သတ်တယ်
ဘယ်သူ သက်သက်သတ်တာလဲ
ဘယ်သူ လက်ယပ်တာလဲ
အညာသားတွေက
မျက်ခြေမပြတ်ကြဘူး။
ခင်ဗျားတို့ငြင်းချင်ငြင်း
အညာက ဝင်မငြင်းဘူး
ခင်ဗျားတို့ ပျင်းချင်ပျင်း
အညာက ဝင်မပျင်းဘူး
အကြောင်းမဟုတ်မမှန်ရင်
အညာက ခေါင်းငုံ့မခံဘူး။
အညာဟာ
အာဏာရှင်ကို မျက်ခြေမပြတ်ဘူး
အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ဘူး
ခေါင်းဆောင်တာလည်းသိတယ်
ခေါင်းရှောင်တာလည်းသိတယ်
ခေါင်းကြောင်တာလည်းသိတယ်
တကယ်တော့
ခွေးအဆွဲဆုံးဟာ အညာ
သွေးမကွဲဆုံးဟာ အညာ
သွေးအရဲဆုံးဟာအညာ
အပေးအနည်းဆုံးဟာ အညာလို့တော့ မဖြစ်ပါ‌စေနဲ့။
အောင်သစ်
27/5/2024
#familyreading
#whatishappeninginmyamar
#burmese
#
#Nobel book Burmese

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@TinMyint-qu5cj
@TinMyint-qu5cj 4 дня назад
ထန်းလျက်ခဲစားတဲ့စောက်ပိန်းတွေအထင်ကိုမကြီးတာ
@garygarymoenyein6944
@garygarymoenyein6944 4 месяца назад
ဘယ်တော့မှ ပြိုလဲ မသွားမယ့် အညာ
Далее