Nanotechnology ဆိုတဲ့စကားလုံးကို Marvel ရဲ့ superhero ဇာတ်ကားတွေကြည့်ဖူးတဲ့လူတိုင်းကြားဖူးကြမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ Ironman ရဲ့ဝတ်စုံဟာ nanotechnology ကိုအသုံးချပြီး ပြုလုပ်ထားလို့ပါပဲ။
Nanotechnology နဲ့သာဆိုရင် အနာဂတ်မှာ စက်ရုပ်သေးသေးလေးတွေတောင် သင်တို့ရဲ့သွေးကြောတွေထဲ ကူးခတ်နေနိုင်ပါတယ်။
ကျနော်တို့အခုပြောနေတာဟာ nano ဆိုတဲ့အတိုင်းအတာဖြစ်ပါတယ်။
nano ဆိုတာတကယ်တော့ nanometer ဆိုတဲ့အတိုင်းအတာယူနစ်တခု ဖြစ်ပြီး သူဟာဘယ်လောက်သေးငယ်လဲဆိုရင် တစ်မီတာရဲ့ အပုံ တစ်ဘီလီယံပုံတပုံပဲ ရှိပါတယ်။
25 окт 2024