Тёмный

အနောက် နှင့် ဆန့်ကျင်ဘက်သို့ခရီး ( B-R-I-C-S ) 

K2K Knowledge Bank
Подписаться 14 тыс.
Просмотров 2,2 тыс.
50% 1

ဒီတစ်ခေါက်အလှည့်ကျလာတာကတော့ နိုင်ငံရေးသိပ္ပံ ကဏ္ဍပဲ ဖြစ်ပါတယ်။ ဒီတစ်ခါ နိုင်ငံရေး ကဏ္ဍအတွက် ရွေးချယ်ထားတဲ့ ခေါင်းစဥ်လေးကိုတော့ “အနောက်နှင့် ဆန့်ကျင်ဘက်သို့ခရီး” လို့ အမည်ပေးထားပါတယ်။ အနောက်ဘက်သို့ခရီး ဆိုတဲ့ စွန်းဝူခုန်း ကားကို တော့ လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ အခု အနောက်နှင့်ဆန့်ကျင်ဘက်သို့ခရီး ဆိုပြီး သွားနေတာ က ရော ဘယ်သူတွေလဲ။ ဘာလို့လဲ။ စတဲ့ မေးခွန်းတွေကို ကျွန်တော်တို့ ဒီကနေ့ လေ့လာသွားမှာပဲဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ သမိုင်းလေး ပြောပြီး ဇာတ်လမ်းလေးကို အစချီချင်ပါတယ်။ ဒီကနေ့အကြောင်းအရာလေးရဲ့အစကတော့ ဒီလိုဗျ။ ၂၀၀၁ ခုနှစ် အမေရိကန် နိုင်ငံရဲ့ investment firm တခုက ထုတ်ဝေတဲ့ စာစောင်မှာ ရေးသားခဲ့ BRIC ဆိုတဲ့ စာလုံး အတိုကောက်လေးကနေစတင်လာခဲ့တာပဲဖြစ်ပါတယ်။ B ဆိုတာ Brazil, R- Russia, I - India, C- China ဆိုပြီး ၄ နိုင်ငံကို ရည်ညွှန်း ကိုယ်စားပြု အဖျားစွတ် ခေါ်လိုက်ခြင်းက စခဲ့တာပါ။ ဒီစာစောင်မှာ ရေးသားခဲ့တုန်းကတော့ တကယ့် ဖွံ့ဖြိုးမှုနှုန်း အရမ်းမြန်နေတဲ့ နိုင်ငံတွေကို ရည်ညွှန်းအသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီကနေ စခဲ့ တဲ့ BRIC ဆိုတဲ့ နာမည်အတိုကောက်ဟာ ၂၀၀၉ ခုနှစ်အရောက်မှာတော့ နာမည်သက်သက် မဟုတ်တော့ အဖွဲ့အစည်းတစ်ခုအဖြစ် စတင်ခဲ့ပါတယ်။ English လိုဆိုရင်တော့ BRIC Bloc ဖြစ်လာတယ်ပေါ့။ အဲ့ဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ပထမဆုံးအကြိမ် အဖြစ် ရုရှားနိုင်ငံ, Yekaterinburg မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
နောက်နှစ် ၂၀၁၀ နှစ်ကုန်ပိုင်းအရောက်မှာတော့ တရုတ်ရဲ့ ကူညီပေးမှုနှင့်အတူ တောင်အာဖရိက နိုင်ငံကိုပါ ဖိတ်ခေါ် ထည့်သွင်းခဲ့တာကြောင့် B-R-I-C-S ဆိုပြီး ၅ နိုင်ငံအဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ ဒါကတော့ သမိုင်းလေးပါ။
ဒီအဖွဲ့ရဲ့ အဓိကရည်ရယ်ချက်ကို လူတော်တော်များများသိကြတာက Western Hedgemony ကို ပယ်ဖျက်ဖို့ပါ။ ဒီ Hedgemony ဆိုတာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာတော့ နိုင်ငံတစ်နိုင်ငံက နောက်တစ်နိုင်ငံအပေါ်ကို လွှမ်းမိုးမှုသြဇာ ကြီးမားတာကို ပြောချင်တာဖြစ်ပါတယ်။ အဲ့တော့ ဆိုလိုတာက အနောက်ရဲ့ လွှမ်းမိုးမှုကို ပယ်ဖျက်ဖို့ပါ။ ဒါ့အပြင် ဒေါ်လာ အစားထိုး ငွေကြေးတစ်ခု ကို အသုံးပြုဖို့ဆိုတဲ့ အချက်ကလည်း လူစိတ်ဝင်စားမှုကို တက်စေခဲ့တဲ့ ဒီအဖွဲ့ရဲ့ ထူးခြားချက်လည်းဖြစ်ပါတယ်။
BRICS ကို ထောက်ခံရေးသားကြတဲ့ လူတွေဘက်က ရရှိတဲ့အချက်လေးတွေ အရင် ပြောပြချင်ပါတယ်။ လူဦးရေအားဖြင့် ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံပေါင်းတာနဲ့တင် BRICS ရဲ့ Population က တော်တော်များနေပါပြီ။ ဒီ ၅ နိုင်ငံရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေ ရဲ့ ၄၀ ရာခိုင်နှုန်းရှိပါတယ်။ ဆိုလိုတာက တစ်ကမ္ဘာလုံး လူ အယောက် ၁၀၀ ရှိရင် အရောက် ၄၀ က ဒီ ၅ နိုင်ငံက ဖြစ်ပါတယ်။
ဒုတိယ တစ်ခုကတော့ GDP။ ဒီ ၅ နိုင်ငံရဲ့ ထုတ်ကုန်စွမ်းအားကတော့ ကမ္ဘာ့ ထုတ်ကုန်စွမ်းအားရဲ့ 25% လောက်ထိရှိတယ်လို့ဆိုပါတယ်။ ဒါဟာ G7 နိုင်ငံတွေနဲ့နှိုင်းယှဥ်ရင်တော့ တစ်ဆင့်နိမ့်နေပါသေးတယ်။
BRICS ကို ဝေဖန်ကြသူတွေကတော့ ဒီလိုအဖွဲ့ တွေဆိုတာ သမိုင်းမှာ အများကြီး ပေါ်ခဲ့ပြီး ဘာမှ ဆက်ဖြစ်မလာကြတာတွေကို ထောက်ပြပြီး ဝေဖန် ထားကြပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ တရုတ်တို့ဟာ နယ်စပ် ပြဿနာ ဖြစ်ထားကြတဲ့သူတွေဖြစ်ပြီးတော့ အချိန်တန်လာရင် ဒီအဖွဲ့အစည်းအတွင်းမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတည့်ကြပဲ ပြိုကွဲသွားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ပြီးတော့ BRICS အဖွဲ့ဝင် ၅ နိုင်ငံမှာ ၅ နိုင်ငံလုံးက အနောက်နိုင်ငံတွေနဲ့ မတည့်တာမျိုးတော့မဟုတ်ပါဘူး။​ အိန္ဒိယ နိုင်ငံဆိုရင် အမေရိကန်နဲ့ ရင်းနှီးမှု ရှိတာအားလုံးသိပြီးဖြစ်မှာပါ။ ဘရာဇီးဆိုရင်လည်း အနောက်နဲ့ အရမ်း ဆိုးဝါးတဲ့ ဆက်ဆံမှုမျိုး မရှိတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့အစည်းရဲ့ ပန်းတိုင်က မရောက်နိုင်ဘူးလို့ တချို့ က ခန့်မှန်းကြတာလည်းဖြစ်ပါတယ်။ ဒါကတော့ မထောက်ခံသူတွေရဲ့ သုံးသပ်ချက်တွေပါ။

Опубликовано:

 

21 сен 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 26   
@user-ub8cu9pn6v
👍👍👍👍
@jupiteryinmg7616
❤❤❤❤❤
@blackdevil19912
အကို အစုရှယ်ရာတေပေါင်းပီးcompanyစထောင်ရင်ဖစ်တတ်တဲ့လုပ်ငန်းအခက်အခဲလေးတေတင်ပြပါလားပီးဘယ်လိုတေပြန်ပီးrecoveryလုပ်လို့ပိုအဆင်ပြေမလည်းဆိုတာရောပေါ့အကြံဉာဏ်လေးပေးပါအုန်း
@NangBwayKyi
Like.......
@CM-gr8wn
Videos တွေ တင်တာနည်းသွားသလိုဘဲဗျာ။
@Than_Htike_Aung
Grade12 စနစ်သစ် လူမှုရေးသိပ္ပံဘာသာရပ် သင်ရိုးမှာပါ‌ပေမယ့် အခုမှပဲနားလည်တော့တယ်။
@user-lb8xl2ys7g
@user-lb8xl2ys7g 14 дней назад
အဲ့ဒိနိုင်ငံတွေကိုအမေရကန်ပိတ်ဆို့အရေးယူသင့်တယ်လို့မြင်တယ်၊ဒိကောင်တွေအာဏာရှင်မင်းအောင်လှိုင်ရဲ့အမျိုးတွေပဲ
@imranblog6138
I watched your video. Your channel is very good, and channel videos are very good. People are interested in watching your channel videos. But the videos don't reach millions of people, because there are some problems,
@linkhantphyo2584
Long time no see bro
@user-lb8xl2ys7g
လူကောင်းတွေမဟုတ်တော့ဝါရင့်ဆရာကြီးတွေကိုတော့မယှဉ်နိုင်ဘူးမြင်တယ်
@Than_Htike_Aung
Grade12 စနစ်သစ် လူမှုရေးသိပ္ပံဘာသာရပ် သင်ရိုးမှာပါ‌ပေမယ့် အခုမှပဲနားလည်တော့တယ်။
@SanKoKo-se3cb
တရုတ်တွေရဲ့စီးပွားရေးအမြတ်ထုတ်ခံရမှာကိုတော့မြင်ယောင်မိသေးတယ်တရုတ်တွေကစီးပွါးရေးသမားလူလည်တွေသူတို့အတွက်စီးပွားရေးအကျိုးအမြတ်များများမရရင်ဘာမှထလုပ်နေမှာတော့မဟုတ်ဘူးစီးပွားရေးအကျိုးအမြတ်များများရဖို့ပဲတရုတ်ကကြည့်ဆုံးဖြတ်တာပါ
Далее
🤯️ Vini Jr. ✖️ Brahim 🤯
00:13
Просмотров 3,1 млн