Тёмный

အပ်မှို ချဥ်ငန်စပ် သုပ်စားမယ် enoki salad 

Cook for K1
Подписаться 381 тыс.
Просмотров 3,6 тыс.
50% 1

ရာသီဥတုအလွန်ပူတဲ့ အခါ အသုပ်လေးတွေနဲ့ပဲ ထမင်းစားလို့ ပိုဝင်တာမလို့ ဒီနေ့မှာ အပ်မှို ချဉ်ငန်စပ်လေး သုပ်စားပါမယ်ခင်ဗျာ...
လိုအပ်တာတွေကတော့
အပ်မှို၊ ကြက်သွန်နီ ၁ လုံး၊ ခရမ်းချဉ်သီး ၁ လုံး၊ ကြက်သွန်ဖြူ ၈ မွှာ၊ ငရုတ်သီးစိမ်း ၃ တောင့်၊ နံနံပင်အနည်းငယ်၊ သံပရာသီး ၁ လုံး၊
လိုအပ်ပါတယ်။ တခြား မိမိစိတ်ကြိုက် သခွားသီးတို့ ပြောင်းဖူးပြုတ်တို့ထည့်သုပ်လို့လည်းရပါတယ်။
ကြက်သွန်နီ။ ခရမ်းချဉ်သီး။ ကြက်သွန်ဖြူ ။ ငရုတ်သီးစိမ်း၊ကို ပါးပါးလှီးထားပါ။ ပိုပြီးမွှေးအောင် နံနံပင်အရိုးတွေကိုပါ နုတ်နုတ်စဉ်းထားပေးပါတယ်။
ရေဆူဆူထဲမှာ ရေဆေးထားတဲ့ အပ်မှိုတွေကို ထည့်ပြုတ်ပေးပါ.
၁၀ မိနစ်လောက်ပြုတ်ထားပြီးရင် ရေစစ်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး မျှင်ငပိ အနည်းငယ်ကို ထည့်ပြီးကြော်ပေးပါ။ ဒီတိုင်း မီးဖုတ်ထာထက် အခုလို ဆီလေးနဲ့ ကြော်လိုက်တာကလည်း ပိုပြီးမွှေးပါတယ်။
ဒါဆိုရင် စပြီး သုပ်လို့ရပါပြီ. ဇလုံတခုထဲမှာ ပါဝင်ပစ္စည်းအားလုံးထည့်ပါ။ အရသာအတွက် သကြား အနည်းငယ် (သကြားနေရာမှာ အချိုမှုန့်ထည့်လည်းရပါတယ်)၊ ကြော်ထားတဲ့ မျှင်ငပိ၊ ကြက်သွန်ဖြူ ဆီချက်၊ ငါးငံပြာရည်၊ သံပရာသီး ညှစ်ထည့်ပြီး သုပ်လို့ရပါပြီ၊ အပ်မှိုသု်ပတဲ့အခါ ငရုတ်သီးမှုန့်တို့ ပဲမှုန့်တို့ထည့်ပြီး
သုပ်တာ မလိုက်ဖက်ဘူးလို့ထင်ပါတယ်၊နောက်ဆုံးမှာမှ ပုစွန်ခြောက်လေးဖြူးပြီး အရသာရှိတဲ့ အပ်မှိုသုပ်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ... သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Опубликовано:

 

10 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 22   
Далее
ДОМИК ДЛЯ БЕРЕМЕННОЙ БЕЛКИ#cat
00:45
Презентация iPhone 16 за 4 минуты
04:00
ДОМИК ДЛЯ БЕРЕМЕННОЙ БЕЛКИ#cat
00:45