Тёмный
No video :(

အာဇာနည်နေ့ အထိမ်းအမှတ် ဆားလင်းကြီးမြို့က စစ်အုပ်စု စခန်းတွေကို တိုက်ခိုက်၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 4,3 тыс.
50% 1

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်က မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် စစ်အုပ်စု အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို မနေ့ ဇူလိုင် (၁၉) ရက်မှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စု ဘန်ကာတစ်ခုကို သိမ်းယူနိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု အသေအပျောက် ရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ ဆားလင်းကြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Chindwin Dynamite ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Salingyi) အဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ကျဆုံးရဲဘော်ဟာ ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောလင်း ဖြစ်ပြီး စနိုင်ပါထိမှန် ကျဆုံးခဲ့ကာ ရဲဘော်နှစ်ဦးနဲ့ ပြည်သူတစ်ဦး စစ်အုပ်စုရဲ့ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ဒီကနေ့ ဇူလိုင် (၂၀)ရက်အထိ ဆားလင်းကြီးမြို့ထဲကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်နေလို့ ထောင်နဲ့ချီတဲ့ မြို့ခံ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 9   
Далее
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.
Сказала дочке НЕТ!
00:24
Просмотров 406 тыс.
لدي بط عالق في أذني😰🐤👂
00:17
Просмотров 4,3 млн
Ong Bak | Fight Club Scene
15:05
Просмотров 72 млн
Сказала дочке НЕТ!
00:24
Просмотров 406 тыс.