Тёмный

အာဏာရှင်စနစ်ကိုမုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာသူ ရဲဘော် အေးမင်းကိုကို (ခ) တနိုင်း 

PVTV Myanmar
Подписаться 558 тыс.
Просмотров 180 тыс.
50% 1

အာဏာရှင် စစ်အုပ်စုအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပေမယ့် အာဏာရှင်စနစ်ကို မုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာသူ
=================================================
ရဲဘော် အေးမင်းကိုကို (ခ) တနိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး UFL) ကနေ ရုရှားမေဂျာနဲ့ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပါတယ်။ အာဏာရှင်စစ်အုပ်စု အသိုင်းအဝန်းမှာ မွေးဖွား ကြီးပြင်းခဲ့ရသူဖြစ်ပေမယ့်လည်း အာဏာရှင်စနစ်ကို မုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာခဲ့သူပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ရဲ့ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ် ၄ မှာ တက်ရောက်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ သင်တန်းဆင်း ပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။
MDY PDF တပ်ရင်း ၂ မှာ တပ်စိတ်မှုး ၊ ဂွေးပင်တိုက်ပွဲအပြီးမှာ တပ်ရင်း ၂ တပ်ခွဲမှူး အဖြစ်တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးသင်တန်းအပြီးမှာ လက်နက်ကြီး ၁၀၇ အဖွဲ့ စိတ်မှုး ၊ ၂၀၂၃ ခုနှစ် မတ်လမှာ လက်နက်ကြီးအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူရင်း တော်လှန်ရေးတာဝန်တွေ ကျေပွန်အောင် ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစား ထမ်းဆောင်ခဲ့ပါတယ်။
MDY PDF က ဖော်ဆောင်တဲ့ တိုက်ပွဲများအားလုံးမှာ လက်နက်ကြီးတိုက်ခိုက်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်မှာ MDY PDF ရဲ့ လက်ထောက် ကွပ်ကဲရေးမှူးအဆင့် ၊ လက်နက်ကြီး စစ်ဆင်ရေးဌာန ပထမဦးဆုံး အကြီးအမှူးအဖြစ် တိုးမြှင့် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဆင်နွှဲခဲ့တဲ့ မတ္တရာမြို့နယ် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ် (လကတ ၁၀၁၄) စခန်းသိမ်းတိုက်ပွဲမှာ စစ်ရေးတာဝန်ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှာ မြင့်မြတ်စွာနဲ့ ကျဆုံးခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ RU-vid Channel ဖြစ်သော / pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 732   
@thannaingoo4297
@thannaingoo4297 Месяц назад
အလွန်နှ​မျော ဝမ်းနည်းစရာ​ကောင်းတယ်ဗျာ ၊ ​ကောင်းမြတ်တဲ့ဘုံဘဝမှာငြိမ်းချမ်းစွာစံနိုင်ပါ​စေ 🙏🙏🙏😢😢😢
@MaungSowSow
@MaungSowSow Месяц назад
လေးစားပါသည် ရောက်ရာဘုံဘဝမှ အမျီုးဘာသာ သာသနာကို ရှောက်စောင့်နိုင်သော သူရဲကောင်းဖြစ်ပါစေ💪
@user-jc9jf5lo8g
@user-jc9jf5lo8g Месяц назад
များစွာဝမ်းနည်းရပါသည် တန်ဘိုးကြီးသောပြည်သူ့စစ်သားကြီးကို အလေးအနက်ဂုဏ်ပြု၍ လေးစားစွာ အလေးပြုအပ်ပါသည် ။
@ChoChoMyint-kb2oz
@ChoChoMyint-kb2oz Месяц назад
ဝမ်းနည်း နာကျင်ခံစားရတယ် ကောင်းရာမွန်ရာ မြင့်မြတ်ရာသို့ရောက်ပါစေ🙏🙏🙏 ပြည်သူ့သားကောင်းများအားလုံး စိုးစိမျှ ထိခိုက်ပွန်းပဲ့ဒဏ်ရာမရပါစေနဲ့ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ 🙏🙏🙏
@YinThuWin-gl4em
@YinThuWin-gl4em Месяц назад
တာဝန်ကျေလွန်းပါတယ် အလေးနီပြုပါတယ် ကောင်းတဲ့ဘုံဘဝရောက်ပါစေ ဒီထက်ကောင်းတဲ့နေရာရောက်ပါစေ😢😢😢😢😢
@user-bj6ou6rw2b
@user-bj6ou6rw2b Месяц назад
ရဲဘော်အေးမင်းမင်းကို လေးစားဂုဏ်ယူပါ​တယ်သူရဲကောင်းအာဇာနည်ကောင်းရာသုဂတိလားပါစေ😢
@ayeayekhaing3569
@ayeayekhaing3569 Месяц назад
ဘယ်တော့မှမကျဆုံးတဲ့ထာဝရအမှန်တရားနဲ့အတူရှိနေမဲ့..လူသားနှလုံးသားပိုင်ရှင်နွေဦးသူရဲကောင်းတို့...အသင်တို့အမှန်တရားကိုဘယ်အရာမှတားဆီးပိတ်ဆို့လို့မရတာ..လောကနိယာမပါ....❤😢😢😢😢😢😢❤
@TheBalibull
@TheBalibull Месяц назад
ရဲဘော် အေးမင်းကိုကို (ခ) တနိုင်း။ ကျွန်တော်တို့အားလုံး သင့်အပေါ် အကြွေးတင်ရှိပါတယ်။ မအလ စစ်ခွေး ကိုဖြုတ်ချရင်းနဲ့အကြွေးဆပ်ပါမည်။
@user-vw6un6dm8n
@user-vw6un6dm8n Месяц назад
😂😂😂😂😂😂😂😂😂😂😂😂😂
@TheinMyint-wf8bj
@TheinMyint-wf8bj Месяц назад
@user-xb9bh8ow9l
@user-xb9bh8ow9l Месяц назад
တော်လှန်ရေးကြီးအောင်မြင်သွားတဲ့အခါ သပ်သပ်ဂုဏ်ပြုကြမယ်။အောင်မြင်တဲ့နေ့ကို အာဏာရှင်တွေကျဆုံးတဲ့နေ့လို့ ခေါ်ပြီး နှစ်စဉ်နှစ်တိုင်း တော်လှန်ရေးမှာကျဆုံးသွားတဲ့ ‌ရဲဘော်တွေကို အာဇာနည်နေ့လို ဂုဏ်ပြုကြမယ်❤
@Dawthanthanso
@Dawthanthanso Месяц назад
စိတ်ကူးေတွယဥ် ထိပ်ဖူးေတွကျင်
@UShwe-fl1db
@UShwe-fl1db Месяц назад
❤❤❤
@user-vw6un6dm8n
@user-vw6un6dm8n Месяц назад
😂😂😂😂😂😂😂😂😂😂😂😂😂
@user-fw7cn6bu5y
@user-fw7cn6bu5y Месяц назад
တော်တဲ့သူနဲ့ လှန်ပေးရေးက😂တဖြုံဖြုံကေး😂😂😂
@khinsanyee6597
@khinsanyee6597 Месяц назад
ထောက်ခံပါတယ်
@nyinyi9718
@nyinyi9718 Месяц назад
So sad ..... ဝမ်းနည်း နာကျင်ခံစားရတယ် ကောင်းရာမွန်ရာ မြင့်မြတ်ရာသို့ရောက်ပါစေ ပြည်သူ့သားကောင်းများအားလုံး စိုးစိမျှ ထိခိုက်ပွန်းပဲ့ဒဏ်ရာမရပါစေနဲ့ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ ....
@SuThamee-go8ni
@SuThamee-go8ni Месяц назад
ကောင်းရာမွန်ရာရောက်ပါစေ ဘဝဆက်တိုင်းဒီလိုစနစ်ဆိုးမကြုံရပါစေနဲ့
@KoMinNaing-jg6ts
@KoMinNaing-jg6ts Месяц назад
ကောင်းရာသုဂတိကို ယောက်နိုင်ပါစေဗျာ ဂုဏ်ယူလေးစားလျက်ပြည့်သူ များမှဂုဏ်ပြုအပ်ပါသည်
@user-ol1rz1wi6v
@user-ol1rz1wi6v Месяц назад
ခံစားချက် ခံယူချက် ပျင်းပြသော အာဂအာဇာနည် ပုဂ္ဂိုလ်ပါ ❤❤❤
@user-ht4qm4jx9q
@user-ht4qm4jx9q Месяц назад
ငါသားလေးအေးမင်းကိုကို ကောင်းရာသုဂတိလားပါစေ မင်းသတင်းကိုကြားရတော့ မိဘတွေတော့ပြောမနေနဲ့တော့ အပြင်မှာ ဥိးလေးမင်းကိုမမြင်ဖူဘူး ဒါပေမယ်ကွာဝမ်းနည်းတယ် ချစ်တယ် မျက်ရည်ကျတယ် မန်းလေးမှပြည်သူတစ်ဥိး
@Dolittle282
@Dolittle282 Месяц назад
ထာ၀ရ ကျွန်တော်တို့ရဲ့ သူရဲကောင်းတစ်ဦးအဖြစ်ရှင်သန်နေမှာပါ ရဲဘော်အေးမင်းမင်းကို ❤ကောင်ရာသုဂိလားပါစေ ရဲဘော်❤
@user-ts8jn8gy3w
@user-ts8jn8gy3w Месяц назад
😢ကျဆုံးတဲ့ရဲဘော်တွေကိုဘယ်တော့မှမနေ့ပါဘူး ရဲဘော်တာ၀န်ကျေးတာထက်ပိုပါတယ်အေးချမ်းသောဘ၀ရောက်ရှိပါစေ
@tinsoe4039
@tinsoe4039 Месяц назад
ကောင်းရာသုဂတိရောက်ပါစေ မိဘဆွေမျိုးများထပ်တူဝမ်းနဲကြေကွဲရပါတယ်
@mahaythikhin5480
@mahaythikhin5480 Месяц назад
ကောင်းရာသုဂတိရောက်ပါစေကွယ် 🙏
@ZawMin-vl6qn
@ZawMin-vl6qn Месяц назад
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့တဲ့ ပြ ည်သူ့ရဲဘော်အား အလေးပြုပါတယ် ကောင်းရာဘုံဘဝရောက်ပါစေ
@Layung117
@Layung117 Месяц назад
တော်လှန်ရေ ရဲဘော်အားလုံး ဘေးအန္တရယ်ကင်းဝေးကြပါစေ❤❤❤❤
@deenana9216
@deenana9216 Месяц назад
ရှေ့ဆက်၍ မိစ္ဆာကိုတိုက်တဲ့ချစ်မိတ်ဆွေ တို့ အားလုံးဟိရိသြတပကင်းတဲ့ အမနုဿ မသမာတို့၏ဘေးရန်များ ကင်းဝေးကြပါစေ
@MohMohMon-u5w
@MohMohMon-u5w Месяц назад
ကောင်းရာသုဂတိလားပါစေ မောင်လေးရယ်
@user-xb9bh8ow9l
@user-xb9bh8ow9l Месяц назад
@@MohMohMon-u5w ဘုရားရှိခိုးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သီးသန့်အမျှဝေပေးပါ
@ukyawsoe8792
@ukyawsoe8792 Месяц назад
စိတ်မကောင်းပါ။ပြည်သူ့ရဲဘော်များ ဘေးကင်းကြပါစေ။
@MinThein-cq8bc
@MinThein-cq8bc Месяц назад
ကောင်းရာ ဘုံဘဝမှာ အနားယူပါတော့ခလေးတွေရယ်😢😢😢 ပြည့်သူတွေအတွက်အသက်ပေးသွားကြတဲ့သူရဲကောင်းများအားလုံးကိုနောင်လာနောင်သားတွေကောင်းစားဖို့အသက်ပေးဆက်သွားတဲ့သူရဲကောင်းများအားလုံးကို🙏🙏🙏😢😢😢
@htayhtay3282
@htayhtay3282 Месяц назад
နှမြောလိုက်တာကလေးရယ် ဘဝဆက်တိုင်း မင်းဆိုးမင်းညစ်လက်အောက်မှာမကြုံပါစေနဲ့🙏🙏🙏
@NandarKhaing-fk2fb
@NandarKhaing-fk2fb Месяц назад
အလေးနီပြုပါတယ်သူရဲကောင်းတို့ရေ 😢😢😢
@eversmileeversmile9071
@eversmileeversmile9071 Месяц назад
ကောင်းရာဘုံသို့ရောက်ပါစေ
@user-vs4gu3dg7g
@user-vs4gu3dg7g Месяц назад
😢😢😢😢😢 ကောင်းရာသုဂတိရောက်ပါစေ🙏🙏🙏 နောင်ဘဝမှာ ခေါင်းဆောင်ကောင်းအုပ်ချုပ်မှုရဲ့အောက်မှာရှိတဲ့တိုင်းပြည်မှာထူးချွန်ထက်မြက်တဲ့လူသားလေးပြန်ဖြစ်ပါစေ🙏🙏🙏
@SamSam-nk8ib
@SamSam-nk8ib Месяц назад
လေးစားဂုဏ်ယူဝမ်းနည်း​ကြေကွဲရပါတယ် ကောင်းရာဘုံဘဝရောက်ရှိပါစေ😢
@user-wq2nc3gm6g
@user-wq2nc3gm6g Месяц назад
လေးစားဂုဏ်ယူပါတယ် ကောင်ရာသုဂတိ လားပါစေ
@NiNiMon-jf8yl
@NiNiMon-jf8yl Месяц назад
😢😢😢ပြောစရာစကားတောင်မရှိတော့ပါဝမ်နည်းလို့ပါ
@NyiNyiAung-pz8ut
@NyiNyiAung-pz8ut Месяц назад
ဂုဏ်ယူပါတယ် လေးစားပါတယ်အလေးပြုပါတယ်ညီလေးတနိုင်း
@Warlay135
@Warlay135 Месяц назад
များစွာစိတ်မကောင်းဖြစ်ရပါတယ် ရဲဘော်ကောင်းရာဘုံဘဝရောက်ပါစေ😢😢😢🙏🙏🙏 တိုင်းပြည်အတွက် တာဝန်ကျေပါတယ်။
@MaMa-vo7kr
@MaMa-vo7kr Месяц назад
သူရဲကောင်းများ ဘေးရန်ကင်းကြပါစေ
@AeKone-np7yu
@AeKone-np7yu Месяц назад
ကောင်းရာဘုံဘဝရောက်ပါစေ
@harrypotter7976
@harrypotter7976 Месяц назад
ငြိမ်းချမ်းစွာအနားယူပါ သူရဲကောင်းရေ လေးစားစွာဦးညွှတ်အလေးပြုပါတယ် 😢😢😢😢😢😢
@swezin1188
@swezin1188 Месяц назад
မြန်မာပြည်အမြန်အေးချမ်းပါစေ.ကျဆုံးရဲဘော်များအားအလေးပြုပါသည်..
@AYESANARPHYOAYESANARPHYO
@AYESANARPHYOAYESANARPHYO Месяц назад
🫡🫡🫡လေးစားဂုဏ်ယူ အလေးနီပြုပါတယ် သူရဲကောင်း တနိုင်း ရေ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူပါ😢😢😢❤❤❤
@newlight8196
@newlight8196 Месяц назад
ခရီးဆုံးခါနီးမှကွာ....။ ဝမ်းနဲဂုဏ်ယူစွာအလေးပြုပါတယ်ရဲဘော်
@GshBnd
@GshBnd Месяц назад
😢😢😢
@NOOOB69420
@NOOOB69420 Месяц назад
သူရဲကောင်းတနိုင်း များစွာနှမြောတသ ဖြစ်ရပါတယ် ❤❤❤😢😢😢ငြိမ်းချမ်းစွာအနားယူပါ😢😢😢😢😢🎉🎉🎉🎉🎉
@user-vw6un6dm8n
@user-vw6un6dm8n Месяц назад
ငရဲကတော့သေခြာတယ်
@user-vn3wo5uc2i
@user-vn3wo5uc2i Месяц назад
@@user-vw6un6dm8nမင်းမအေလင် မင်းအောင်လှိုင်လောက်တော့ မဆိုးသေးပါဘူးကွာ 😂😂😂
@TomiokaGiyuu-ky8wf
@TomiokaGiyuu-ky8wf Месяц назад
ရဲဘော် တနိုင်း တာဝန်ကျေပါတယ် ရဲဘော် ငြိမ်းချန်းစွာ အနားယူပါ 😢
@aungzawphyo7473
@aungzawphyo7473 Месяц назад
လွန်စွာနှမြောရပါတယ်။ 😢
@nayzawoo3109
@nayzawoo3109 Месяц назад
RIP ပါ တော်လှန်သူရဲကောင်း ညီလေး အေးမင်းကိုကို 😢😢😢 ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူပါတော့ 🙏🙏🙏
@thinthinmyint6903
@thinthinmyint6903 Месяц назад
တန်ဖိုးဖြတ်မရတဲ့ပြည်သူ့စံပြစစ် သားကြီးကောင်းရာဘုံဘဝရောက်ပါစေ။❤❤❤💐💐💐
@yyamin3363
@yyamin3363 Месяц назад
ပင်ပန်းတဲ့ချိန်မှာပေးဆပ်ပိ အောင်မြင်တဲ့အချိန်မှာမတွေ့နှိုင်တော့လို့ အမျာကြီးစိတ်မကောင်းပါဘူးကလေး ရေ
@tartar6208
@tartar6208 Месяц назад
အမြဲသတိရနေပါ့မယ်😢
@oppanyinyi7723
@oppanyinyi7723 Месяц назад
😢😢😢😢😢ဝမ်းနည်ရပါတယ် ရဲဘော်ရယ်..တ.ရ.လ နဲ့ ပြည်သူအတွက် နှမျောမိတယ် RIPပါ🌷🌷🌷
@user-yr4vv7re1z
@user-yr4vv7re1z Месяц назад
အမေ့သားတယောက် ကောင်ရာဘုံဘဝရောက်ပါစေ မင်းဖြစ်စေချင်တဲ့ဆန္နတွေအတွက် ကျန်တဲ့ အမေ့သားသ္မီးအားလုံးဆက်လက်ကြိုးစားသွာမယ်လို့ကတိပေးလိုက်ပါတယ်
@Maria-w5d
@Maria-w5d Месяц назад
ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ…. ❤❤❤ .. ကျန်ရဲဘော်များလည်းဘေးကင်းပါစေ🙏🙏🙏
@tinmarnwe9061
@tinmarnwe9061 Месяц назад
သူရဲကောင်းရေ ဦးညွှတ်ဂုဏ်ပြုပါတယ်။ အေးချမ်းမြင့်မြတ်သောဘဝမှာ အနားယူနိုင်ပါစေ🙏
@steelrose5122
@steelrose5122 Месяц назад
RIP အာဇာနည်သူရဲကောင်းရဲဘော် တနိုင်း ကောင်းမွန်ရာဘုံဘဝ ရောက်ပါစေ၊ ဘုရားသခင်ကောင်းချီးပေးပါစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🥲🥲🥲🥲🥲🥲
@user-tn9gl8xl1x
@user-tn9gl8xl1x Месяц назад
😢😢😢သားလေးရယ် သား မိဘတွေနဲ ထက်တူ ခံစားရပါတယ် သားရယ် 😢😢😢😢😢😢
@user-nd2gz5hg8y
@user-nd2gz5hg8y Месяц назад
😢😢😢😢😢😢😢အလွန်ဝမ်းနဲ ရပါတယ်ခလေးရယ်
@shwemandalay1070
@shwemandalay1070 Месяц назад
ရဲဘော် တနိုင်း အေးချမ်းစွာအနားယူပါ😢😢😢😢😢😢😢
@user-op9nw8js9w
@user-op9nw8js9w Месяц назад
အေးချမ်းစွာအနားယူပါ သူရဲကောင်း 😢😢😢🙏🙏🙏
@UnannSett
@UnannSett Месяц назад
😢အာဇာနည်သူရဲကောင်း ကောင်းသောဘုံဘဝရောက်ပါစေ
@user-hs7xh4qs3m
@user-hs7xh4qs3m Месяц назад
မြင့်မြတ်စွာကျဆုံးမှုအတွက်လေးစားဂုဏ်ယူပါတယ်မောင်လေးရေ ကောင်းရာဘုံဘဝရောက်ပါစေ‌
@user-cj8rk9ek3e
@user-cj8rk9ek3e Месяц назад
ကောင်းရာမွန်ရာ မြင့်မြတ် 🙏ရာသို့ရောက်ပါစေ
@nangayechel1719
@nangayechel1719 Месяц назад
ဘုရား ဘုရား
@user-fm1tb5et7w
@user-fm1tb5et7w Месяц назад
နှမျော သသ ဝမ်းနဲမိပါတယ် ကောင်းမွန်ရာဘုံဘဝရောက်ပါစေ အလေးပြု
@marmarthan11
@marmarthan11 Месяц назад
ကောင်းရာသုဂတိလားပါစေ
@kungkaung-ss3on
@kungkaung-ss3on Месяц назад
ရဲဘော်တနိုင်း အလေးပြုပါတယ် သုဂတိဘုံကိုသွားမယ်ဆိုတာ ယုံကြည်တယ် ❤❤❤😢😢😢
@tartar-mp7ck
@tartar-mp7ck Месяц назад
များစွာဝမ်းနည်းရပါတယ် ပြည်သူကသင့်ကိုယ် ဂုဏ်ပြုအပ်ပါတယ်❤❤❤
@AFA-vf6vx
@AFA-vf6vx Месяц назад
ရဲဘော် စစ်စစ် မသေ သေလဲ ငရဲ မသွား..... အကောင်းဆုံးနေရာ အကောင်းဆုံး အခြေအနေ ၌ ထိုက်တန် စွာ တည်ရှိနေ သည် ဖြစ် နေ ပါ စေ.....
@user-ow7wq6ii4c
@user-ow7wq6ii4c Месяц назад
Congratulations hero rèspect you forever ❤
@zinmar3425
@zinmar3425 Месяц назад
ထပ်တူဝမ်းနည်းရပါတယ်
@SuMyo-f8q
@SuMyo-f8q Месяц назад
ကောင်းရာသုဂတိလားပါစေ😢
@chomar9448
@chomar9448 Месяц назад
ကောင်းရာသုဂတိလာပါစေ🙏
@MaWinKyi-ni3uo
@MaWinKyi-ni3uo Месяц назад
နှမြှောလိုက်တာ ဂုဏ်ယူပါတယ်ရဲဘော်လေးရေ😢
@upmo4654
@upmo4654 Месяц назад
အားဇာနည်ရဲဘော် တနိုင်းကောင်းရာသုဂတိလာပါစေ
@ThawZinLatt-d6x
@ThawZinLatt-d6x Месяц назад
ကောင်းရာသုဂတိလားပါစေ တရားသောစစ်အောင်မြင်ပါစေ😢😢😢
@user-zh4nb1eu3g
@user-zh4nb1eu3g Месяц назад
ပြည်သူ့အာဇာနီကျဆုံးသွားတဲ့အတွက် အတိုင်း မသိဝမ်းနည်းကြေကွဲ မိပါတယ် ရဲဘော်တနိုင်း ကောင်းရာ သုဂတိလားပါစေ
@thanhtunzaw9206
@thanhtunzaw9206 Месяц назад
ပြည်သူ့အတွက်တိုက်ရဲတဲ့ရဲဘော် ကောင်းရာဘုံဘ၀ရောက်ပါစေ ။
@AgupongAgupong
@AgupongAgupong Месяц назад
အလေးပြုပါတယ် ကောင်းမွန်စွာအနားယူပါတော့❤❤❤
@KaythweOo-vs5sc
@KaythweOo-vs5sc Месяц назад
လေးစားပါတယ်ရဲဘော် ကောင်းရာ မွန်ရာရောက်ပါစေ။ 😢😢😢😢😢😢😢😢😢😢
@dawmyintmyint2599
@dawmyintmyint2599 Месяц назад
ကောင်းရာဘုံဘဝရောက်ပါစေ😢😢😢
@user-ps2sb6hd6f
@user-ps2sb6hd6f Месяц назад
ကောင်းရာသုကတိရောက်ပါစေသူရဲကောင်
@bomaung4463
@bomaung4463 Месяц назад
ကောင်းရာဘုံဘဝ ရောက်ပါစေ ညီကိုရာ😢😢😢😢😢
@PooPl-b8u
@PooPl-b8u 15 дней назад
လေးစားပါတယ် ရဲဘော် ကောင်းရာသုကတိဘုံမှာအေးချမ်းစွားအနားယူပါစေ လို့ ဆုတောင်းယုံကလွဲပြီး တစ်ခြား ဘာမှမလုပ်ပေးနိုင်လို့ စိတ်မကောင်းစွာဖြစ်ရပါတယ် မြန်မာ သူရဲကောင်းများ ထာဝရ ဘေးကင်းကြပါစေ 😢😢😢😢
@suhluwnmyat342
@suhluwnmyat342 Месяц назад
နှမျောမိတယ် အလေးနီ ြပုပါတယ် အ ြမင့် ြမတ်ဆုံးဘုံဘဝသို့ရောက်ပါစေ။ခုလိုဘဝဆိုးမျိုးနောင်သံသယာမှာဘယ်တော့မှမတွေ့ပါစေနဲ့။
@sansanhtay9760
@sansanhtay9760 Месяц назад
ဓမ္မဘက်တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်😢😢😢
@mayoo5120
@mayoo5120 Месяц назад
Great respect for your sacrifices. May your soul rest in peace 🙏
@ThandarOo-gh8by
@ThandarOo-gh8by Месяц назад
သူသာ အသက်ဆက်ရှင်ခဲ့ရင် အနာဂတ်မှာ တိုင်းပြည်ကို အကျိုးပြုနိုင်မဲ့ အဖိုးတန်လေး ဖြစ်မှာ 😢 ကောင်းမွန်တဲ့ဘုံဘဝမှာ အေးချမ်းစွာ အနားယူပါလေ ❤
@thinthinthin2197
@thinthinthin2197 Месяц назад
များစွာဝမ်းနည်းရပါတယ် ခလေးရယ် တန်ဘိုးကြီးသောပြည်သူ့စစ်သားကြီးကိုလေးစားစွာဂုဏ်ပြုပါတယ်
@Mamumuaye
@Mamumuaye Месяц назад
တိုင်းပြည်အတွက်ပြည်သူအတွက်တာဝန်ကြေပါတယ်။ ကောင်းရာရောက်ပါစေ။
@myathidahtun4876
@myathidahtun4876 Месяц назад
😢😢😢တကယ်ကို နှမြောဝမ်းနဲမိပါတယ် ကောင်းရာဘုံဘဝရောက်ရှိပါစေ 🙏🙏🙏
@PoPo-f4b
@PoPo-f4b Месяц назад
ကောင်းမွန်တဲ့ဘဝကိုရောက်ပါစေ😢😢
@mrfriday154
@mrfriday154 Месяц назад
ရဲဘော် ကောင်းရာသုဂတိလားပါစေ....
@macherry-ez9qm
@macherry-ez9qm Месяц назад
ကောင်းတဲ့ဘုံဘဝရောက်ပါစေသားလေးရယ်
@khinethandar6744
@khinethandar6744 Месяц назад
အရမ်းဝမ်းနည်းနာကျင်ခံစားရပါတယ်။😢ကောင်းရာသုဂတိရကြပါစေ🙏🙏🙏
@ayeayehtoo1753
@ayeayehtoo1753 Месяц назад
😢ကောင်းရာဘံုကိုရောက်ပါစေ
@TtNaing-pu2gf
@TtNaing-pu2gf Месяц назад
😢😢😢 ကောင်းရာဘုံဘဝရရှိပါစေ 🙏🙏🙏 သူရဲကောင်းလေးရယ်
@KoMyintThein-rl6yk
@KoMyintThein-rl6yk Месяц назад
ကောင်းရာသုဂတိရောက်ပါစေ😢😢😢
@user-sk8pw4gj9v
@user-sk8pw4gj9v Месяц назад
ကောင်းရာသုဂတိလားပါစေရဲဘော်
@SuccessMobile-cl5py
@SuccessMobile-cl5py Месяц назад
ကောင်းရာဘုံဘဝ.ရောက်ပါစေ ရဲဘော်လေးရေ..မိသားစုနဲ့ထပ်တူ ခံစားမိပါတယ်၊၊
@user-sf3ru2je9t
@user-sf3ru2je9t Месяц назад
😢😢😢😢ကောင်းရာဘုံဘဝရောက်ပါစေ 😢😢😢😢😢😢😢😢😢😢
@MaM-eb8jk
@MaM-eb8jk Месяц назад
ကျေးဇူးတင်လေးစားဂုဏ်ပြုပ့ါတယ်
@မျိုးမေလင်း
ဝမ်းနည်းရပါတယ် ညီလေးရေ 😢 🫡🫡🫡 ကောင်းရာ ဘုံဘဝ မှာ စံစားနိုင်ပါစေ ❤
@KoLinThite
@KoLinThite 2 дня назад
ဘာပြောရမှန်းကိုမသိဘူးကွာကြည့်နေရင်းငါ့ရင်ထဲမှာစို့တက်လာတယ်အံကိုကျိုပ်ထားပေမဲ့ငါကြည့်နေတယ်အလိုလိုမျက်လုံးထဲကသူ့အလိုလိုကိုလိမ့်ဆင်းလာတယ် ငါပြည်သူတစ်ယောက်ပါလားငါဘာတွေလုပ်သင့်လဲဆိုတာကိုနားလည်ခဲ့ရပါပြီရဲဘော် လေးစားပဂုဏ်ပြုပါတယ်
@elearning1688
@elearning1688 Месяц назад
ကောင်းရာသုဂတိရောက်ပါစေရဲဘော်။အထူးဝမ်းနည်းကြေကွဲရပါတယ်။ကြေတွေကြွေတာမြင်တိုင်းမျက်ရည်ကျရပါတယ်။
Далее
Kyaw Soe Oo (7.9.2024)
24:31
Просмотров 211 тыс.