Тёмный

အိပ်မက်ထဲထိရောက်လာတဲ့ နတ်ဆိုး ၄ ကောင် နဲ့ တောင်ပေါ်က ကလေးလေး - Scary Sunday  

Story Bears
Подписаться 35 тыс.
Просмотров 4,9 тыс.
50% 1

Follow me on
/ storybearsmm
/ storybearsmm
/ storybearsmm
t.me/StoryBearsMM
လူချင်းတူရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် အသက်ရှူကွဲကြတယ်ဆိုတဲ့ စကားပုံလိုပဲ ကျွန်တော်တို့တွေမှာ ပရလောက နာနာဘာဝတွေနဲ့ ပတ်သက်လာရင်လည်းပဲ လူတစ်ယောက်နဲ့တစ်ယောက်က ခံစားသိရှိနိုင်မှု မတူကြဘူးပဲ ဖြစ်ပါတယ်။ ဒီလို ပရလောကနဲ့ပတ်သက်ပြီး ခံစားသိမြင်နိုင်မှု ရှိတဲ့သူတွေကို ဆဌမအာရုံရှိတယ်လို့ ခေါ်ကြတယ်လို့ ထင်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် sixth sense ဆိုပြီး ခေါ်ကြတာပေါ့လေ။ တချို့တချို့ကကျတော့ ဒါကို တတိယမျက်လုံး third eye ရှိတယ်ဆိုပြီး ခေါ်ကြတာမျိုး ရှိပါလိမ့်မယ်။ ဘယ်လိုခေါင်းစဉ်တပ်တပ် ဒီလို လူတွေက ကျွန်တော်တို့လို သာမန်လူတွေထက်စာရင် ကြက်သီးစထရာ ကျောချမ်းစရာအတွေ့အကြုံတွေကို ပိုပြီး သိမြင်ခံစားကြရပါတယ်။
ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းသွားလာနေကျ သာမန်နေရာမျိုးတွေမှာ ကိုယ်တွေလို သာမန်လူတွေက ဘာမှ မသိမမြင်ပေမယ့် ဒီဆဌမအာရုံရှိနေတဲ့လူတွေကကျတော့ ဒီလိုနေရာတွေမှာတောင် ရှိနေတတ်တဲ့ ပေါ်လာတတ် တဲ့ ပရလောကသားတွေကို မြင်တွေ့နေရတာမျိုး ခံစားနေရတာမျိုး ရှိတတ်ပါတယ်။ ဒီလို ဆဌမအာရုံရှိခြင်း မရှိခြင်းက မိသားစုမျိုးရိုးနဲ့ ဆိုင်မလား၊ ဒါမှမဟုတ် တရားကျင့်စဉ်နဲ့ ဆိုင်မလား မြန်မာလို အယူအဆနဲ့ ဘယ်လို ယူဆကြမယ်တော့ မပြောတတ်ပါဘူး။ တမိပေါက် တစ်ယောက်ထွန်းဆိုသလို တမျိုးတဆွေလုံး ဘယ်သူမှ ဘာမှ မရှိပေမယ့် သူ့ကျမှ ထူးပြီး ဆဌမအာရုံရှိနေတာမျိုးလည်း ရှိတတ်တော့လေ။
ဒါပေမယ့် ဂျပန်နိုင်ငံမှာကျတော့ ဒီလို ဆဌမအာရုံရှိခြင်းမရှိခြင်းက မိသားစုမျိုးရိုးနဲ့ ဆိုင်တယ်လို့ ယူဆကြတာတွေ ရှိပါတယ်။ အဲ့ဒီမှာ ဒီလိုဆဌမအာရုံရှိတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ အထက်တန်း ကျောင်းသားဘဝက အတွေ့အကြုံတစ်ခုကို ပြောပြပြီးတော့ ဒီကနေရဲ့ Scary Sunday အစီအစဉ်ကို အစပြုလိုက်ချင်ပါတယ်ခင်ဗျာ။
ကျွန်တော်အစောက ပြောခဲ့သလိုပဲ ဒီလူငယ်လေးရဲ့ မိသားစု မျိုးရိုးစဉ်ဆက်ကလူတွေအကုန်လုံးက ဆဌမအာရုံ စွမ်းအား ကောင်းတဲ့သူတွေဖြစ်ကြပါတယ်။ နာနာဘာဝ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဒီမိသားစု ဝင်တွေရဲ့ ခံစားသိမြင်နိုင်စွမ်းက တော်တော်ကို စူးရှပါတယ်။ ပြီးတော့ သူတို့မိသားစုဝင်တွေကို ကြည့်ရှု စောင့်ရှောက်နေတဲ့ နတ်ဝိဉာဉ်လည်း ရှိနေတယ်ဆိုပြီးတော့မှ မိသားစုဝင်တွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် ဒီလူငယ်လေးကို ကြည့်ရှု့စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ နတ်ဝိဉာဉ်ဟာ တော်တော်ကိုမှ စွမ်းအားကြီးတယ်ဆိုပြီးတော့မှတောင် အိမ်ကလူတွေက ပြောကြတာပါတဲ့။
ဒီဟာက ကျွန်တော်တို့ဆီမှာ ဘာနဲ့ တူမလဲဆိုရင် သိုက်ကလာတာ၊ မြနန်းနွယ် ပဌာန်းဆက်၊ ဘိုးဘိုးအောင် ပဌာန်းဆက်၊ ဘိုးမင်းခေါင် ပဌာန်းဆက် အစရှိသဖြင့် ယုံကြည်ကြတာမျိုးနဲ့ ဆိုင်မယ်ထင်တယ်။ အဲ့ဒီတော့ကာ ပြောချင်တာက ဒီလူငယ်လေးအပါအဝင် တမိသားစုလုံးက ပရလောကအဖြစ်အပျက်တွေနဲ့ ပတ်သက်လာရင် ကြောက်လန့်တာတွေ မရှိကြဘူးပေါ့။
ဒီကောင်လေး အထက်တန်းကျောင်းတက်တော့ လူငယ်သဘာဝ သူငယ်ချင်းတွေနဲ့ သရဲတစ္ဆေခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေကို သွားလည်လေ့ရှိတဲ့ အကျင့်ကလေး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါနဲ့ တစ်ရက်မှာတော့ သူငယ်ချင်းတွေ စကားစပ်မိပြီး ဟီရိုရှီးမားမှာရှိတဲ့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတစ်ခုကို သွားကြမယ် ဆိုပြီး စီစဉ်ဖြစ်ခဲ့ကြပါတယ်။
အဲ့ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်သိုက် အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်မှာ မနက် ၁ နာရီလောက် ဖြစ်နေပြီတဲ့။ တခြားသူငယ်ချင်းတွေက ကြောက်တဲ့ပုံပေါက်နေပေမယ့် သူကတော့ မကြောက်ဘူးပေါ့လေ။ မကြောက်ဘူးဆို သူက ပဌာန်းဆက် ရှိနေတာကိုးလေနော်။
ဒါပေမယ့်လည်း အဲ့ဒီနေရာမှာ ဘာမှ ခြောက်တာလှန့်တာတွေ မကြုံခဲ့ရဘူးတဲ့။ အဲ့ဒါနဲ့ပဲ အဲ့ဒီမှာရှိတဲ့ တခြား သရဲခြောက်တဲ့ နေရာတွေကို ပတ်သွားခဲ့ပေမယ့် ဘာမှမကြုံခဲ့ရပြန်ပါဘူး။ အဲ့လိုနဲ့ လျှောက်သွားနေတာ မနက် မိုးလင်းခါနီးမှ သူ့အိမ် ကိုယ့်အိမ် ပြန်ကြတယ်။
အဲ့ဒီနေ့ကျောင်းတက်တော့ ကျောင်းက တခြားသူငယ်ချင်းတွေကို ညတုန်းက သူတို့သွားခဲ့တဲ့နေရာတွေအကြောင်း ပြောကြတော့ သူက ဒီနေရာတွေက အာပလာတွေပါကွာ ညတုန်းက သွားတာ ဘာမှလည်း မတွေ့ခဲ့ဘူး။ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်တယ် ဘာညာ အဲ့လိုပြောတာပေါ့လေ။
ဒါပေမယ့် အဲ့ဒီနေ့ညကိုရောက်တဲ့အခါမှာတော့ သူ့အနေနဲ့ မှတ်လောက် သားလောက်ဖြစ်စေမယ့် အဖြစ်အပျက်ကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရပါတော့တယ်။
#storybears #storybearsmm #myanmar #scarysunday #သရဲ #တစ္ဆေ #သရဲခြောက် #နာနာဘာဝ #ပရလောက

Опубликовано:

 

20 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 47   
@ThawZin-t1v
@ThawZin-t1v День назад
ဘုရားဘုန်းကြီးကျောင်းကိုတောင်တည့်တည့်ဗုံးကျဲတဲ့လေတပ်ခွေးတွေကို အဲ့နတ်ဆိုးတွေနှင့်တွေ့စေချင်တယ် နတ်ဆိုးတွေလေခွေးတွေကိုသတ်ပလေ့စေ
@Hiphopkglaypar
@Hiphopkglaypar День назад
ချယ်နယ်စထောင်ကတည်းကခုထိတစ်ပုဒ်မှမလွတ်ပဲအားပေးနေတာ အမြဲအားပေးနေပါတယ် ချစ်ကိုကြီး❤
@StoryBearsMM
@StoryBearsMM День назад
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
@myintmyintkyi6411
@myintmyintkyi6411 5 часов назад
ကျေးဇူးပါ❤❤❤
@asaiwk1988
@asaiwk1988 8 часов назад
ဆံပင်ဖြီးပေးချင်လိုက်တာ ကိုပိုလာ 😁😁အမြဲအားပေးနေပါတယ်
@SuMyat-m3s
@SuMyat-m3s День назад
အသံမကြားရမနေနိုင်ဘူး😢 အကုိတစ်ယောက်သို့မဟုတ်မိဘကပုံပြောပြနေသလိုဘဲမျော်နေရ❤
@ayesandrakyi6578
@ayesandrakyi6578 6 часов назад
Thank you 😊
@chawsuwin1889
@chawsuwin1889 День назад
မင်္ဂလာပါ။ စိတ်ဝင်စားစရာအ‌ကြောင်းအရာတွေတင်ဆက်ပေးတာ ကျေးဇူးပါ။
@atar2744
@atar2744 11 часов назад
I like your stories a lot.
@Yar-hy8hl
@Yar-hy8hl 14 часов назад
စိတ်ဝင် စားဖို့ အရမ်းကောင်းတယ် ။ အားပေးနေပါတယ် အကို
@nilarsoe5919
@nilarsoe5919 7 часов назад
TYSM
@LwinMoeMyint-v6s
@LwinMoeMyint-v6s День назад
ပရလောအကြောင်းဆိုအရမ်းစိတ်ဝင်စားတာ
@tranducanh-ok
@tranducanh-ok День назад
အေး
@OpPo-io5st
@OpPo-io5st 21 час назад
အ တစ် တင် မ လား လို့ နေ့ တိုင်း ၀င် ကြည့် နေ ရ တာ အ မော 💜💜💜
@AmusedBirdwingButterfly-kf7ex
@AmusedBirdwingButterfly-kf7ex 21 час назад
😻
@uulay637
@uulay637 10 часов назад
❤❤❤
@ThawZin-t1v
@ThawZin-t1v День назад
ကျေးဇူးပါ ဇာတ်လမ်းတွေတအားကောင်းတယ် အမျိုးတွေကိုပြောတယ် အားပေးကြည့်ဖို့ 😊
@khinhtethtetaung8491
@khinhtethtetaung8491 17 часов назад
မျှော်နေတာရှင့် အလုပ်ရောအားရဲ့လား ပါးသိုင်းမွှေးတွေတောင်မရိတ်နိုင်တော့ဘူး အဆင်ပြေပါစေနော
@PawmosayPawmosay
@PawmosayPawmosay 7 часов назад
အသက်ကြီးသွားသလိုဘဲကိုကြီးက😅😊😊😊😊😊😊
@CiangCiang-l4m
@CiangCiang-l4m День назад
ကျေးဇူးပါ
@XGummyBearX
@XGummyBearX 23 часа назад
ကြောက်နေတဲ့ပုံလေးက ချစ်ချာကြီး
@komoe-qp5ub
@komoe-qp5ub День назад
@mayuu7368
@mayuu7368 День назад
❤❤❤❤❤
@kaungkaung-wi6qf
@kaungkaung-wi6qf 23 часа назад
အသံတိုးတယ်stroy bear ညအိပ်ရင်းနားထောင်အိပ်ချင်တာဆိုတော့အသံတအားကျယ်နားထောင်မရလို့ အသံတိုးထားရင်တောင်နည်းနည်းကျယ်ကျယ်လေးကြားရချင်တယ်
@thatnaing-jd6qx
@thatnaing-jd6qx День назад
စောင့်နေတာ...😊😊
@interintet5380
@interintet5380 21 час назад
အားပေးနေပါတယ်ဗျာ❤အခုလိုသရဲအကြောင်းတွေသဘာဝလွန်ဖစ်ရပ်တွေကိုများများတင်ပေးပါအကို စိတ်ဝင်စားလို့ပါနေ့စဉ်တင်ပေးရင်ကောင်းမယ်ဗျာနေ့တိုင်းအားပေးရတာပေါ့😊
@IngyinMyomin
@IngyinMyomin День назад
ချစ်ရပါသော ဝက်ဝံလေးရေ❤
@koshine89
@koshine89 19 часов назад
ကျွန်တော်က ဘီယာဘဲပါ❤❤❤❤
@StoryBearsMM
@StoryBearsMM 19 часов назад
@@koshine89 😂😂😂 အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဘီယာဘဲရေ။
@soethiha-1985
@soethiha-1985 День назад
👍👍👍
@MiCo-o7m
@MiCo-o7m День назад
မျှော်နေရတဲ့ အစီစဥ်လေးလာပါပီ🎉❤🎉
@StoryBearsMM
@StoryBearsMM День назад
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
@khaingzarlinn-rq3pb
@khaingzarlinn-rq3pb 11 часов назад
🥶🥶🥶
@GuGu-p6u
@GuGu-p6u День назад
သဲသဲဆီကနေလာခဲ့တာ😁😁
@StoryBearsMM
@StoryBearsMM День назад
နတ်ဆိုးတွေက သဲသဲဆီကလာတာလား?
@GuGu-p6u
@GuGu-p6u 23 часа назад
​@@StoryBearsMMဟုတ်ပါဘူး MGI ကြည့်ပြီးလာတာလို့ပြောတာ😅😅
@StoryBearsMM
@StoryBearsMM 23 часа назад
@@GuGu-p6u 😅😅😅😅
@lingxingwang4227
@lingxingwang4227 День назад
first ment?
@StoryBearsMM
@StoryBearsMM День назад
ဟုတ်ပါတယ်ခင်ဗျာ။ ပထမဆုံး ကွန်မန့်ပါ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
@KhantMayTanGu
@KhantMayTanGu 13 часов назад
သီတင်ကျွတ်မုန့်ဖိုပေး😁😁😁မင်မင်ရေ🎉🎉❤
@aaronzack9904
@aaronzack9904 День назад
💖
@hidan222
@hidan222 День назад
❤❤❤
@Saypaw-cz4lt
@Saypaw-cz4lt 9 часов назад
တပတ်မှတပုဒ်တင်တာလာနားထောင်မဝဘူး
@MaThiDar-b8n
@MaThiDar-b8n День назад
ကျေနပ်နှစ်သတ်ပါတယ်တင်ဆက်မှူတိုင်းအတွက်ကျေးဇူးတင်ပါတယ်❤❤❤❤❤
@minhtike5310
@minhtike5310 День назад
မဂ်လာပါအမြဲအားပေးနေပါတယ်ခင်ဗျာ❤❤❤❤
@StoryBearsMM
@StoryBearsMM День назад
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Далее
Paint Projects
00:17
Просмотров 1,3 млн
معمای 2000 ساله ریاضی
26:30
Просмотров 41 тыс.