ဇာတ်မင်းသားလေးရဲ့ဖခင်ဟာ ရွှေပန်းတိမ်ဆရာကြီးတစ်ဦးဖြစ်ပေမယ့်
သဘင်ပညာဝါသနာအခံပါပြီး မြတ်နိုးတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ဟာ ကျွန်တော့်ဖခင်အနှစ်သက်ဆုံး သဘင်ပညာရှင် ဇာတ်မင်းသားကြီးတစ်ဦးပါ ။ အဲဒါကြောင့် အဖေဟာ ကျွန်တော်ငယ်ငယ်ကတည်းက အိမ်မှာနားထောင်သင်ယူနိုင်အောင်လို့ တိပ်ရက်ကော်ဒါတစ်လုံးနဲ့ ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုပ်တွေ၊ သီချင်းတွေ တော်တော်များများကို ၀ယ်ပေးထားပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း အဖေ့လိုပါဘဲ၊ ဘဘရွှေမန်းဦးတင်မောင်ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်သလို အကြားအာရုံနဲ့ ကျောင်းတက်ခဲ့ရတဲ့ တပည့်ဇာတ်မင်းသားလေး တစ်ဦးဆိုလည်း မမှားနိုင်ပါဘူး။
ရွှေမန်းတင်မောင်ဆိုတာ မြန်မာနိုင်ငံမှာတည်ရှိနေတဲ့ဧရာ၀တီမြစ်ကြီးလို၊ ပုပ္ပားတောင်ကြီးလို မြန်မာ့သဘင်သမိုင်းအတွက်လည်း ထင်ရှားခိုင်ခန့်လှတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် အခုဆိုမယ့် အေ၀မ်းဆရာညှာရဲ့ အောင်ပါစေဆိုတဲ့ တေးသီချင်းဟာ ဘယ်သူ သီဆိုခဲ့တာပါလို့ ကျွန်တော် အစီရင်ခံဖို့ မလိုအပ်ပါဘူးနော်။
အောင်ပါစေ
တေးပြုစာဆို - အေဝမ်းဆရာညှာ
တေးဂီတမှူး- ရွာစားကြီးရန်ကုန်စိန်ကြိုင်
ဒါရိုက်တာ - ဓာတ်ပုံပီတာ / တည်းဖြတ် အတင့်
15 окт 2024