Тёмный
No video :(

ဧရာဝတီမြစ်ထဲက ဆောက်လုပ်ရေး စီမံကိန်းမှာ တာကျိုး၊ ရေဝင်လို့ ပျောက်ဆုံးနေသူ ခုနှစ်ဦး ရှာမတွေ့သေး၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 7 тыс.
50% 1

ဒေါ်လာ၊AN/MFP ၊ ဇူလိုင် - ၁၅
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာအနီး၊ ဧရာဝတီမြစ်ထဲမှာ မြေဖို့ လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ မနေ့က မနက်ပိုင်း တာကျိုးပေါက်ပြီး ရေဝင်ရာက အလုပ်သမားနဲ့ မိသားစုဝင် ခုနှစ်ဦး ထက်မနည်း ပျောက်ဆုံးနေမှု လက်ရှိ အချိန်ထိ ရှာမတွေ့သေးဘူးလို့ စစ်အုပ်စုက ဆိုပါတယ်။
ဇူလိုင်(၁၄)ရက် မနက်(၈)နာရီခွဲလောက်က အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ထဲ မြေဖို့ကာ စီမံကိန်းလုပ်နေတဲ့ ဦးမောင်ဝိတ် ပိုင်တဲ့ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း (MBCCD) ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တာရိုးကျိုးပြီး ရုတ်တရက် မြစ်ရေဝင်လို့ လုပ်သားနဲ့ မိသားစုဝင် ခုနှစ်ဦးထက်မနည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
“အမရပူရမြို့နယ် ဖြစ်စဉ်တွင် ပျောက်ဆုံးနေသော အလုပ်သမား ခုနှစ်ဦး၏ ရုပ်အလောင်းများ ပြန်လည် တွေ့ရှိရေး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။ (ယခု မနက်ပိုင်းအထိ ရုပ်အလောင်းများအား မတွေ့ရှိသေးပါ)” လို့ စစ်အုပ်စု မီးသတ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ရေဆိုးထုတ်မြောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ရေမဝင်အောင် ကာရံထားတဲ့ တာကျိုးပေါက်တာလို့ စစ်အုပ်စု မီးသတ်က ဆိုပြီး နစ်မြုပ်ပျောက်ဆုံးနေသူ အရေအတွက်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ စစ်အုပ်စုကရော ဆောက်လုပ်ရေး လုပ်တဲ့ ကုမ္မဏီဘက်ကပါ ထုတ်ပြန်တာ မရှိသေးပါဘူး။
"အဲဒီနေရာက သဲတွေ ဖို့ထားတာလေ။ တာရိုးကျိုးပြီး ရေတွေဝင်လာတော့ အကုန်ဖုံးသွားတာ။ သဲဆိုတော့ လူရှာရလည်း ပိုခက်တယ်"လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တချို့က ရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရှမ်းကလေးကျွန်းနဲ့ နံကပ်အင်းအနီး၊ မြစ်ထဲက မြေနုကျွန်း၊ ကိုင်းမြေ၊ ရွာမြေတွေ ပါဝင်တဲ့ မြေဧက (၂၀၀၀)ကျော်ကို အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ဦးမောင်ဝိတ်ပိုင်တဲ့ Mandalay Business Capital City Development - MBCCD ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။
အဲ့ဒီ စီမံကိန်းလုပ်ဖို့ ယခင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ သိန်းစိန် လက်ထက်မှာ ခွင့်ပြုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD အစိုးရ လက်ထက်မှာ စီမံကိန်းတွေ ဆက်လက် အကောင်ထည်ဖော်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုက NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒု-ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် တို့ကို လာဘ်စားမှုနဲ့ ထောင်ချရာမှာ အဲ့ဒီ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း လုပ်ကိုင်ခွင့်ရ ဦးမောင်ဝိတ်က လာဘ်ငွေပေးတယ်ဆိုတဲ့ အမှုတွေလည်း ပါဝင်ပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဟာ ဧရာဝတီမြစ် ရေဝပ်ဧရိယာတွေ၊ မြေနုကျွန်းနဲ့ ရွာမြေတွေကို မြေဖို့ပြီး စီမံကိန်းလုပ်တာမို့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တယ်လို့ ဆိုကာ ဒေသခံတွေက ကန့်ကွက်တဲ့ ကြားကပဲ လုပ်ပိုင်ခွင့် ရနေတာ ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
Friends
00:32
Просмотров 227 тыс.
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.