ပန်းတနော်မြို့နယ် ခနွဲကဘို ကျေးရွာက အင်းသူကြီး ဦးကျင်ညိမ်း ကို ရဲ အယောက် ငါးဆယ်ခန့်က လက်နက်တွေ ဒိုင်းတွေ သံဆူးကြိုးတွေနဲ့ ကာကွယ်ပေးထားပါတယ်။ ပတ်ဝန်းကျင် ရွာများစွာက ရွာသူရွာသားများက သူတို့ဆီကနေ လွန်ခဲ့တဲ့ ၁၇ နှစ် ကတည်းက မတရားသိမ်းယူသွားခြင်း ခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ကျနော်တို့ ကွန်ယက် ဆီ စုဖွဲ့ တောင်းဆိုလာပါတယ် ။ ရွာသူ ရွာသား အင်အားက ငါးရာလောက် ရှိလာပါတယ်။ ရဲတွေက သံဆူးကြိုး သုံးထပ်၊ ထုံး ဖြူစည်း က သုံးထပ် ကာပြီး သေနက်တွေ အသင့်နဲ့ အင်းသူကြီး အိမ်ကို ကာကွယ်စောင့်ရှောက်နေပါတယ်။ ကျနော် နေမျိုးဇင် က မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ၀င်တွေ့ပြီး ပြည်သူ့ လစာ ကိုစားနေတဲ့ ရဲတပ်ဖွဲ့ ဘယ်သူ့ကို ကာကွယ်မှာပဲ။ အင်းသူကြီး ကရော ဘယ်လောက်ထိ ဥပဒေ နဲ့ အတိအကျ လိုက်နာနေထိုင်ခဲ့လို့ ဥပဒေ ဘက်တော်သား ဆိုသူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူ့ ဘဏ္ဍာနဲ့ နေထိုင်စားသောက်ပြီး ခရိုနီ လူတစုကို ဘာကြောင့် အခုလို ကာကွယ်ပေးနေရတာလဲလို့ ၀င်မေးလိုက်တဲ့ အခါ ..........................................
8 сен 2024