Тёмный

၂။ "မွှေးတည့်လေ" (ဇီဝဇိုးစံအိမ်) စာရေးသူ - ခင်နှင်းယု 

Listener's Heaven
Подписаться 98 тыс.
Просмотров 67
50% 1

၂။ "မွှေးတည့်လေ" (ဇီဝဇိုးစံအိမ်)
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၁၇ : ၂၄ မိနစ်
စာမြည်း
ဝတ္ထုရေးပြီး ထွက်လာချိန်တွင် သမီးကို မွေးဖွားပြီး အရွယ်ရောက်လာသလိုပင် တိုင်းပြည်က ကြိုက်သည်ဆိုသောအခါ ဝမ်းမြောက်၏၊ ရွှင်လန်း၏၊ ရင်အေး၏။ ကိုယ့်သမီးကတော့ ချောပြီး လှပြီး လူကြိုက်များပြီး ဖြစ်လေသည်။ ထိုသမီးကို လက်ထပ်ထိမ်းမြားရန်အတွက် လာရောက်တောင်းဆိုသော အချိန်တွင်မူ ရင်ထဲမှာ အမျိုးမျိုးတွေးရပြန်တော့သည်။ “လာရောက်တောင်း ခံသော သတို့သားသည် သမီးအပေါ်မှာမှ သစ္စာရှိပါမည်လော။ သမီးကို ထိုက်သင့်သော အခြေအနေမှာ ထားနိုင်ပါမည်လော၊ သူ့လက်ထဲရောက်ပါမှ သမီးလေးကို ထင်သလိုချယ်လှယ်လိုက်မှဖြင့် ”စသော အတွေးများမှာ မိခင် တစ်ယောက် နှလုံးသားကို အထူးပင် ယောက်ယက်ခတ် ပူပန်စေပေသည်။
ထိုကဲ့သို့ပင် ဝတ္ထုကို ရုပ်ရှင်ရိုက်ရန် ရောင်းမည်ကြတိုင်း “ငါ့ဝတ္ထုကို အောင်မြင်အောင်ကြိုးစားပြီး ရိုက်မည့်သူတွေမှ ဟုတ်ပါမည်လား။ ဝတ္ထုနှင့် လျော်ညီစွာ ခမ်းနားမှု၊ သေသပ် သပ်ရပ်မှု၊ လိုအပ်သော သဘာဝကျမှုတို့၌ ပြည့်စုံအောင် ငွေကုန်ကြေးကျခံ၍ ရိုက်နိုင်သော ကုမ္ပဏီမှ ဖြစ်ပါမည်လော၊ ဝတ္ထုကိုဝယ်ပြီးကာမှ ထင်သလိုရိုက်ထုတ်လိုက်ပါလျှင် အစရှိသော အတွေးများ-
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 LH Messenger Link - m.me/listenersh... (Or)
🔰 LH Viber Link - invite.viber.c...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - www.tiktok.com...

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее