Тёмный

‌ကိုယ်ကျင့်တရားနှင့်ဥပမာ တရားတော် 

Samsara Visitor
Подписаться 42 тыс.
Просмотров 3,7 тыс.
50% 1

ဝိဇ္ဇောဒယ သဲအင်းဆရာတော်ဘုရားကြီး ဟောကြားဝောာ်မူသောတရားတော်
#ကိုယ်ကျင့်တရား
#တရားတော်များ
#သံသရာခရီးသွား
ဒီ ဝိပဿနာ တရားတွေ
အားထုတ်တာ
ဘယ်လောက် ကောင်းသလဲဆိုရင်
#ဝေဒနာတွေ ချုပ်သွားပြီး
#ဘဝင် ရောက်သွားပြီတော့
#စိတ်ကလေးက
ဘဝင်မှာ တည်ပြီ
ဘဝင်ထဲမှာ သိမ်မွေ့ နူးညံ့လာပြီ ဆိုရင်
သစ်ရွက်ကလေး ကျတာက အစ
ဒီမှာ ဖျန်းကနဲ လာဖြစ်နေတယ်။
နောက် အဲ့ဒါကနေပြီးတော့
ဥပမာ … အကြောင်း တိုက်ဆိုင်လို့
ဒေါသ ဖြစ်တော့မယ် ဆိုရင်
ဘဝင်က … အရင် ခါတယ်။
ဝိပဿနာသမား
ဘဝင်ခါတယ် ဆိုရင် သိပြီ။
ဒါဆိုရင် ခါတဲ့ဆီကို
စိတ်ကလေး … ငြိမ်ပြီး ရှုလိုက်။
ချုပ်သွားပြီ ဆိုရင်
ဟိုမှာ ဒေါသလည်း … ချုပ်သွားရော့။
အရမ်းကောင်းတယ်။
ဒေါသကို … အကြောင်းကို … သတ်တာ။
ဒေါသ … အကြောင်းတရား … သတ်မှ
ငရဲ … အကျိုးတရား … ငြိမ်းမှာပေါ့။
ငရဲဆိုတာက … အကျိုးတရား
ဒေါသက … အကြောင်းတရား။
ဒီ ဒေါသ ရှိရင်တော့
ငရဲဘုံကြီးက ဟင်းလင်းပြင်ကြီးပဲ
အကုန် ပွင့်နေတာ
ဘယ်လိုမှ ရှောင်တိမ်းလို့ မရဘူး။
ဒါကြောင့် ဘုရားကလည်း
ဒေါသကို … ပါယ်ခွါပါလို့ ပြောတာ။
ဒီ ဝိပဿနာနဲ့သာ … ရှု
ဘဝင်ရောက်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်
သိသာတယ်။
တခုခု ဖြစ်တော့မယ်
အကြောင်း ဖြစ်တော့မယ် ဆိုရင်
ဘဝင်က … အရင်ခါတာပဲ။
နားနဲ့ အသံနဲ့ ကြားရင်
မခံချင်တာလေး ကြားရင်
ဘဝင်မှာ … ခါတော့တာပဲ။
အဲ့ဒီတော့ ဝိပဿနာယောဂီ သိပြီ။
အဲ့ဒီမှာ ဘဝင်မှာ သတိထားတော့တာပဲ။
ဘဝင်မှာ ခါတာလေး
ငြိမ်ပြီးတော့ သတိထားတယ်။
ငြိမ်လည်းသွားရော့
ဟိုမှာဒေါသလည်း … မရှိတော့ဘူး။
အလိုလို ပါယ်သတ်စရာ မလိုဘူး။
အကြောင်း … လှည့်သတ်လိုက်တာ။
ဒါတွေက
ကျင့်တဲ့ ပုဂ္ဂိုလ်တွေဘဲ သိတာ
ရောက်တဲ့ ပုဂ္ဂိုလ်လည်း ရောက်ပါတယ်။
ဒါပေမယ့်
ဒေါသ … မဖြစ်ဘူးလား … ဖြစ်တယ်။
ဖြစ်ကြော … တိုတယ်။
ဒေါသက … #အနာဂါမ်မှ ပါယ်တာ။
ဒီမှာကတော့ … ထိမ်းတာပဲ ရှိသေးတယ်။
ဒေါသကို … ထိမ်းတယ်။
ဒေါသကို … သိတယ် … ထိမ်းတယ်။
ဒေါသ ဖြစ်လာတာကို
သတိထား ထိမ်းရင်းနဲ့
သီလနဲ့ ထိမ်းပြီး သတ်နေတာပေါ့။
#သီလနဲ့ စောင့်ထိမ်းပြီး
ဒီစိတ်ကလေး ဘဝင်လေးမှာ
ငြိမ်ပြီးတော့သွား
ဟိုမှာ ဒေါသ မရှိတော့ဘူး။
အရင်တုန်းက
အဲ့ဒီ ဘဝင်မှာ ခါတာနဲ့
စိတ်နဲ့ … ငါနဲ့ … ပေါင်းပြီးတော့
အပြင်မှာ ထွက်ပြီးတော့
ပြောကြ ဆိုကြ တာပေါ့။
အဲ့ဒီတော့ ငရဲကို … မကြောက်ပါနဲ့။
#ငရဲကိုသွားတဲ့…#အကြောင်းတရား
#ဒေါသကို … ကြောက်ကြပါ။
ဒေါသကို ကြောက်ခြင်းက
ပို အရေးကြီးပါတယ်။
ဒေါသကို ပါယ်ခွါဖို့
#ဝိပဿနာကို ပြတာ။
သတ်သတ် ပါယ်ခွါစရာ မလိုဘူး။
ကျင့်သာ … ကျင့်
သတိပဌါန်တရား လေးပါးနဲ့ ကျင့်ရင် ဒေါသ … ငြိမ်းကို ငြိမ်းပါတယ်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
#ဦးသီရိဓမ္မ
ဓမ္မဒါနဖြင့်
#ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
#သာသနာပြုအဖွဲ့(စင်္ကာပူ)
/ samsaravisitor

Опубликовано:

 

13 май 2022

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее