ရန်ကုန်မြို့၊ ဘတ်စ်ကားလိုင်းတခုပေါ်တွင် “ကြယ်” သီချင်းကို တော်လှန်ရေးအင်အားစုလူငယ်များက သီဆိုဟစ်ကြွေးခဲ့ကြခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လက်ရှိဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံအားပေးသည့် အနေဖြင့် ပြည်သူများ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဆက်လက်ပူးပေါင်းပါဝင်ကြရန် ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုလူငယ်များက အောက်တိုဘာ ၃၀ တွင် ဘတ်စ်ကားလိုင်းတစ်ခုပေါ် ဆန္ဒပြခဲ့ကြသည်။
စစ်အာဏာရှင်စနစ် တော်လှန်တိုက်ခိုက်ရေးတွင် အသက်ပေးသွားသော သူရဲကောင်း ရဲဘော်များကိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ အသက်ကြွေးကိုပြန်လည်တောင်းယူနေသော တိုက်ပွဲဝင်ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း “ကြယ်” တော်လှန်ရေးသီချင်း ကို ဘတ်စ်ကားပေါ်တွင် သီဆိုဟစ်ကြွေးခဲ့ကြခြင်းဖြစ်သည်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ RU-vid Channel ဖြစ်သော / pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
22 сен 2024