“တယောက်ကို တယောက်အထောက်အကူပြုရင်း တသက်လုံးနေသွားမယ်”လို့ ပြောတဲ့ အဆိုတော်G Latt
ဧရာဝတီ ၊ မတ်လ ၂၈ ၊ ၂၀၁၉
”သမီးရည်းစားဘဝတုန်းက စိတ်အခြေအနေအတိုင်း အိမ်ထောင်သည်ဘဝမှာ ဆက်ပြီးနေနိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူ့သဘာဝကိုက အနေကြာရင် ရိုးသွားတာ၊ပြဿနာတွေတက်တာ ဒါမျိုးတွေမဖြစ်ဖို့ အရေးကြီးပါတယ်။ နားလည်မှုရှိဖို့အရေးကြီးပါတယ်။ နားလည်မှုဆိုတာကလည်း တမင်လုပ်ယူထားတာမဟုတ်ဘဲ စိတ်က ဖြစ်လာတဲ့နားလည်မှုမျိုးရှိဖို့လိုပါတယ်” လို့ အဆိုတော်G Latt က ဇနီးဖြစ်သူ မဖူးသစ်ကျော်နဲ့ပတ်သက်လို့ ဧရာဝတီကို အခုလို ပြောပါတယ်။
အင်တာဗျူး - ယုဖြူဟန်
ရိုက်ကူး/တည်းဖြတ် - ဝေဝေနှင်း
26 мар 2019