Тёмный

“ဝတ်မှုန်ကူးတဲ့ နွေဦး” ဦးခွန်ဆိုင်းသီကုံးရွတ်ဆိုသည်် 

Click UK
Подписаться 4,4 тыс.
Просмотров 201
50% 1

ဝတ်မှုန်ကူးတဲ့ နွေဦး
နွေ ဦးပျိုးခင်းထဲ
မျိုးဆက်သစ်တွေ ရဲ့
အိပ်မက်သစ်ဝတ်မှုံတွေ ဖွေးဖွေးလှုပ်နေချိန်
သူတို့ရဲ့ကောင်းကင်သစ်မှာ
ခန်းနားတဲ့ရာဇဝင်သစ်တွေ
ရေးဖွဲ့ကြတဲ့ အချိန်
မြေပုံသစ်- အနာဂတ်သစ်နဲ့ နိုင်ငံသစ်မွေးဖွားခြင်း ကိစ္စကတော့
ခက်ခဲ ရှည်ကြာ-
ကြီးစွာသော အာဝေနိက ဝေဒနာလို့
နိုင်ငံ့မိခင်ကြီး ဆင်ခြင်နေမှာ သေချာပါတယ်။
တောက်ပတဲ့ တော်လှန်ဝတ်ရုံတွေ
ဂုဏ်ယူစွာ ဆင်မြန်းလို့
နွေဦးလမ်းမပေါ်တက်ခဲ့ကြတဲ့
အမေ့သားသမီးတွေနဲ့ အမေအိုအကြား
သစ္စာဝတ်မှုံတွေ
အပြန်အလှန်ထုံကူး ခဲ့ကြပုံဟာ
ပြောစရာမကုန်
မျှဝေစရာ မကုန် -
အရောင်အသွေးစုံနဲ့ ရွမ်းစိုလို့ လှပနေမြဲ။
အိမ်နဲ့ဝေးခဲ့ကြတာ ၃ မိုးပါ
စစ်ထွက်ခဲ့ကြတာ က ၃ခါလည် မှာ
အမေ အို - ဘယ်လိုနေရှာမလဲ
ဘယ်လို ရှင်သန်နေမလဲ
ကျန်းမာပါစ အမေ
သားသမီးတွေက
နံရံထဲ မြုပ်နှံထားခံရတဲ့ သူ့မိခင်ကြီးဆီက သတင်းစကားတခုခုကို
နားစွင့်မြဲ တောင်းတမိမြဲ။
မာပါစေ သာပါစေကြောင်း မိခင်ကြီးထံက ဝတ်မပျက် ဆုတောင်းသံဟာ
ရာသီအလိုက် ပန်းလေးတွေ လေနွဲ့ တိုင်း
သားသမီးတွေဆီ သင်းပျံ့မြဲ။
အောင်ပွဲ များ အလီလီရပါစေကြောင်း
အမေ ဆုတောင်း နေတယ်လို့
ကျေးငှက် ဆက်သားလေးတွေက သံချိုနှော- တဆင့် ပြန်ပြောသံကို ကြားရမြဲ။
ပညတ်၇၉ ရဲ့ ဝေဒနက္ခန္ဓာ -
ပေါင်တရာ ပြည့်မပြည့် မသေချာတော့ပေမယ့်
အဟိံသ ဒူးခေါင်းတစုံဟာ ဗိုလ်ချုပ်တရာ ဗလာခေါင်းတရာထက် တော့ -မာပါတယ် သာပါတယ်
ဒါဟာ သေချာတဲ့ အကြောင်း
သူ့ သားသမီးတွေ ကောင်းကောင်းသိရဲ့
တိတ်ဆိတ်ခြင်း အသံ ဆိုတာ - ခွန်အားအကြီးဆုံး
နံရံတွေ ကိုကျော် -မိခင်ကြီး အော် ပြောလိုက်လေသလား
တပြည်လုံး တိတ်ဆိတ်သွားလိုက်တာ
တကမ္ဘာလုံးကြားလိုက်တယ် မဟုတ်လား
ငါတို့ ပြည်သူတွေအားလုံးရဲ့
-တိတ်ဆိတ်ငြိမ်သက်ခြင်း ခွန်အားကို
ကမ္ဘာက မှင်သက် ခဲ့ရ
ကြုံဖူး ကြားဖူး ခဲ့ကြမှာပေါ့။
အို အမှောင်ထုကြီး
ဘယ်လောက်ကြီးကြီးပါ
ဘယ်လောက် သိတ်သည်းသည်း ပါ
ပိတ်လှောင်ထားတဲ့ သံလှောင်အိမ်
တိုက်ခန်း- ဘယ်လောက်ကျဉ်းကျဉ်း ဘယ်လောက်ကြာကြာပါ
ရန်သူ့ လက်ခုပ်ထဲမှာ
မိခင် ကြီး ဒူးမထောက် ဘူး
ခိုင်ကြည်စွာ သူတို့ တပ်မှူး -
ချေမှုန်းလို့ မရဘူး
ဒီလို အဓိပ္ပါယ် ပါတဲ့ကြေးနန်းတွေကို
သွေးပျက် ရူးခါနေတဲ့ ရန်သူ
ဆောက်တည်ရာမရ -သိမ်ငယ်နေတဲ့ ရန်သူတွေဆီက နေ
သားသမီးတွေ
ရှေ့တန်းက ကြားဖြတ် ဖမ်းယူနေကြတယ်
အဓိပ္ပါယ်ဖေါ်နိုင်ကြတယ်
နေပြည်တော်ရဲ့ နံရံတိုင်း-
အမေ့သမီး ဆက်သားတွေ ရှိမြဲ
နေပြည်တော် တဝိုက် စိုက်ခင်းတွေမှာလဲ အမေ့အကြိုက်ဖရဲတွေ စိမ်းလန်းမြဲ
နေပြည်တော် အတွင်းစည်းအထိ
တိုးတိုက်နေတဲ့ စစ်မုန်တိုင်းထဲ
အမေ့သားခြေမြန်တော်တွေ ရဲ့
ခြေသံ -စစ်ခရာသံတွေ ပါမြဲ
ဒီလိုနဲ့ အပြန်အလှန်
ဒီ မိခင်-ဒီသားသမီးတွေကြား
ခန်းနားလှပသော နွေဦးကို ထုဆစ်ကြပုံ
ညာဏ်ပညာရှေ့သွား နဲ့ မေတ္တာပွါးကြပုံ သစ္စာထားကြပုံ
တော်လှန်ရေးဝတ်မှုံ အပြန်အလှန် ထုံကူးနိုင်
စွမ်းရှိကြပုံတွေဟာ
ပြောမကုန်
ထောင့်တည ပုံပြင်ဆန်ပေမယ့်
တကယ်က
နိုင်ငံ့ အာဇာနည်
သူရဲကောင်းတွေ ရေးဖွဲ့တဲ့
ကမ္ဘာတည်မယ့် ဒဏ္ဏာရီတွေပဲပေါ့။
ခွန်ဆိုင်း ( ၆-၀၆-၂၀၂၄ )
၇၉ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရေးဖွဲ့သည်

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Flipping Robot vs Heavier And Heavier Objects
00:34
Просмотров 36 млн
ОНА БЫЛА ПЕВИЦЕЙ🤪
3:13:12
Просмотров 1,1 млн
ချင်းတို့ဌာနေ
9:57
Kachin cultural model show
5:26
Просмотров 254
Flipping Robot vs Heavier And Heavier Objects
00:34
Просмотров 36 млн