🏵️ WTC မှ (၂၁/၁၁/၂၀၂၁) တွင်
တင်ဆက်ခဲ့သည့် "မဂ်ဒုက္ခ
မဂ်ချမ်းသာ၊ ဖိုလ်ဒုက္ခ ဖိုလ်ချမ်းသာ မှ
ဝိမုတ္တိရသသို့" တရားတော် [ D(8), RU-vid Link: • D(8) - မဂ်ဒုက္ခ မဂ်ချမ... ] တွင် ဆရာဦးမောင်မောင် အဓိကထား မီးမောင်းထိုးပြခဲ့သည့် တစ်မိနစ်သာသာမျှသာ ရှိသော တရားအနှစ်ကို ဓမ္မမိတ်ဆွေများအတွက် ထုတ်နုတ်တင်ဆက်လိုက်ရပါသည်။
🏵️ မြတ်ဗုဒ္ဓ၏ တရားဦးဓမ္မစကြာကိုသာ
ဦးထိတ်ထားပြီး ဝေနေယျများအား ယခုလက်ရှိဘဝကိုပင် နောက်ဆုံး ဇာတိ နောက်ဆုံး ဘဝ အဖြစ်နှင့် သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်အရောက်သိမြင်နိုင်အောင် ရှင်းလင်း ဟောပြောတတ်သော
မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမောင်မောင် (ပျဉ်းမနား)သည် သပ္ပူရိသ ဆရာတစ်ဦးအနေနှင့် တပည့်သာဝကများ အားလုံးအား
✅ ဒုက္ခအရိယာသစ္စာပေါ်၌
ကတဉာဏ်ပေါက်အောင်၎င်း၊
✅ သမုဓယအရိယာသစ္စာပေါ်၌
ကတဉာဏ်ပေါက်အောင်၎င်း၊
✅ နိရောဓအရိယာသစ္စာပေါ်၌
ကတဉာဏ်ပေါက်အောင်၎င်း၊
✅ မဂ္ဂအရိယာသစ္စာပေါ်၌
ကတဉာဏ်ပေါက်အောင်၎င်း
အဆင့်ဆင့် အမျိုးမျိုးဟောကြား ခဲ့သော ကရုဏာ၊ စေတနာ၊ မေတ္တာ တို့ကို အစဉ် ဦးထိပ်ထား၍ တင်ဆက်လိုက်ရပါသည်။
✳️ ✳️ ✳️
💥 ဝိမုတ္တိဆိုတာ 💥 (၁:၁၁)မိနစ်
ပထမဆုံး နိဗ္ဗာန်သိရမယ်
ကတဉာဏ်ရသွားရင် နိဗ္ဗာန်ချမ်းသာ မြင်သွားပြီ။
မြင်သွားရင် သံသရာထဲက ကျွတ်တမ်းထဲ ဝင်သွားပြီ။
ဒါပေမဲ့
ကတဉာဏ် အနု အလတ် အရင့် (၃)ခုရှိတာ
အဲဒီ ကတဉာဏ်လေးရရုံနဲ့ နိဗ္ဗာန်ချမ်းသာ ခံစားရလိမ့်မယ်လို့ ဘယ်တော့မှမတွက်နဲ့၊
မခံစာနိုင်ဘူး။
နိဗ္ဗာန်ချမ်းသာ သိပြီးတော့ အရှိထားပြီးပွားနေသေးရင် ဘာဝနာထဲမှာရှိနေသေးတယ်။
ဘာဝနာလည်း မလုပ်လို့ မရဘူး
လုပ်ခဲ့ရတာပဲ။
လုပ်ခဲ့လို့ ဒီဖက်က လွတ်မြောက်တဲ့ဉာဏ်တွေရောက်လာတာ။
အခု တကယ် လုံးဝလွတ်လပ်တဲ့ နယ်ထဲရောက်သွားတဲ့အခါကျတော့ (၂၄)ပစ္စည်းသတ္တိရပ်သွားပြီ။
အာရုံစင်ကြယ်လို့ အာရုံဒုက္ခငြိမ်းလို့
မနောစင်ကြယ်တာမဟုတ်ဘူး
မနောဒုက္ခငြိမ်းတာမဟုတ်ဘူး။
သူ့ရဲ့ပင်ကို သတ္တိမှာလည်း အာရုံ စိတ်စေတသိတ်ရုပ်တွေအားလုံးဟာလည်း ဒုက္ခငြိမ်းတယ် စင်ကြယ်တယ်ဆိုတာ အခုနားလည်သွားပြီ။
အာရုံနဲ့ အာရမ္မဏိက။
တစ်ခုကို တစ်ခု မှီခိုမှုရှိနေသေးလား ?
(မရှိတော့ပါဘူး)
အဲလိုမရှိတဲ့အတွက် ဝိမုတ္တိဆိုတာ လွတ်လပ်သွားပြီ။
အဲဒီ အာရုံနဲ့ အာရမ္မဏိက ငြိနေလို့
စက်တွေလည်နေတာ၊
ဝိမုတ္တိစက် လို့သာ ပြောရတာ အမှန်လည်ပတ်တာမရှိတော့ဘူး၊
ဝိမုတ္တိစက်လို့ တင်စားတာပဲရှိတာ။
ဝိမုတ္တိ ဆိုတာ အာရုံနဲ့ အာရမ္မဏိကကြားထဲမှာရှိတဲ့ ကြိုးတွေ အကုန်လုံး
တစ်ချောင်းမှ မကျန်တော့ဘူး။
✳️ ✳️ ✳️
🏵️ ဝယဓမ္မသင်္ခါရာအပ္ပမာဒေးနသမ္မာဒေထ
🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
17 окт 2024