Тёмный

Christian Dance (ဘုရားသခင်အတွက် မည်သူက ကောင်းမွန်သော သက်သေခံချက်ပေးသည်ကို ကြည့်လော့) 

Christian Dance (ဘုရားသခင်အတွက် မည်သူက ကောင်းမွန်သော သက်သေခံချက်ပေးသည်ကို ကြည့်လော့)

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် ချစ်သည် ကျွန်ုပ် ချီးမွမ်းတေးဆိုသည်၊
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်အတွက် ဝမ်းမြောက်မှုအကကို ကျွန်ုပ်ကသည်။
ဘုရားချီးမြှောက်ခြင်းနှင့် ကျေးဇူးတော်ကြောင့် သူ့ပလ္လင်ရှေ့တွင် ကျွန်ုပ်တို့ ချီဆောင်ခြင်း ခံရသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို သိမ်းပိုက်သည်။
ကျွန်ုပ်တို့ စိတ်ကျေနပ်သည်အထိ ဘုရားသခင်ကို ချီးမွမ်းဖို့ ကျွန်ုပ်တို့ လာကြသည်။
ထ၍ ကကြလော့၊ ညီအစ်ကိုမောင်နှမတို့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
အဘယ်ကြောင့် ကျွန်ုပ် ဝမ်းမြောက်စွာကသနည်း။
ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့် ဖြစ်သည်။

ဘုရားရှေ့ကို ကျွန်ုပ်တို့လာပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကာ မွေ့လျော်ကြသည်။
သူ့ တရားစီရင်မှုကို လက်ခံပြီး ကျွန်ုပ်တို့ သန့်စင်စေခြင်း ခံရပြီ
လူသားပုံသဏ္ဍာန်ဖြင့် အသက်ရှင်နေထိုင်ရသည်ကို ကျွန်ုပ်တို့ အမှန်ပင် ပျော်ရွှင်ကြသည်။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ဘုရား၏ ချစ်ခြင်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည် သူ၏ ကောင်းချီးများဖြစ်သည်။
ဘုရားကကိုယ့်ကို အသစ်သောအသက်တာ ပေးခဲ့ပြီ။ ဘုရားကို ထာဝရ ချီးမွမ်းမည်။
ထ၍ ကကြလော့၊ ညီအစ်ကိုမောင်နှမတို့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
အဘယ်ကြောင့် ကျွန်ုပ် ဝမ်းမြောက်စွာကသနည်း။
ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့် ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကြီးမားသော ဩဇာအာဏာရှိသည်။
အခက်အခဲတွေထဲမှာတို့ကို လမ်းပြသည်။
အစဉ်အမြဲတို့ကို လမ်းပြစောင့်ရှောက်သည်။
ဘုရားသခင်၏ မြတ်နိုးဖွယ်ကောင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ကျွန်ုပ်တို့ ပို၍ပင် ခံစားရသည်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အခက်အခဲထဲတွင် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည်။
ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။
ဘယ်လို စမ်းသပ်မှုဖြစ်စေ
ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချစ်သောစိတ်နှလုံးသည် လုံးဝ ပြောင်းလဲမည်မဟုတ်။
ထ၍ ကကြလော့၊ ညီအစ်ကိုမောင်နှမတို့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
အဘယ်ကြောင့် ကျွန်ုပ် ဝမ်းမြောက်စွာကသနည်း။
ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့် ဖြစ်သည်။

ဘုရားမေတ္တာဟာ အလုံးစုံ မဖော်ပြနိုင်လောက်အောင် ကြီးမားသည်
တို့ အစဉ်အမြဲဘုရားကို ချီးမွမ်းမည်။
တို့ ဘုရားရဲ့မေတ္တာကို ပေးဆပ်နိုင်ရန် တို့တာဝန်များကို သစ္စာရှိရှိ ကောင်းမွန်စွာဖြည့်ဆည်းသည်။
စိတ်တူသဘောတူ ဘုရားကို တို့သက်သေခံမည်။
နိုင်ငံတော် ဧဝံဂေလိတရားကို စကြဝဠာတစ်ခွင် ဖြန့်သည်။
ဇိအုန် မှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဘုန်းကျက်သရေ ရရှိ။
တို့ရင်ထဲ ဝမ်းမြောက်မှု ပြည့်လျှံခဲ့ပြီ။
ထ၍ ကကြလော့၊ ညီအစ်ကိုမောင်နှမတို့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
အဘယ်ကြောင့် ကျွန်ုပ် ဝမ်းမြောက်စွာကသနည်း။
ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့် ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ RU-vid ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 6   
@Caidee-y5x
@Caidee-y5x 3 месяца назад
Thanks be to almighty God
@xgbai
@xgbai 2 месяца назад
Amen
@mayip3055
@mayip3055 3 месяца назад
Amen❤
@haopu1691
@haopu1691 3 месяца назад
Amen
@lisiu2898
@lisiu2898 3 месяца назад
Amen❤🙏
@Penny-q5p
@Penny-q5p 3 месяца назад
Amen
Далее
ТИПИЧНОЕ ПОВЕДЕНИЕ МАМЫ
00:21
Просмотров 1,5 млн