Тёмный

COVID-19 Information Burmese (Page 7) 

NRC-RIM
Подписаться 537
Просмотров 53
50% 1

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပို၍ ဘေးကင်းစေရန် COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပါ။ COVID-19 ရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးပါ။ ကာကွယ်ဆေးထိုးထားသော်လည်း COVID-19 ကူးစက်ပြီး ဖျားနာနိုင်ပါတယ်။ COVID-19 ၏ လက္ခဏာများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း၊ သို့မဟုတ် မောခြင်း၊ ကိုယ်ပူချိန် 100.4°F/38°C သို့မဟုတ် အထက် အားကုန်ခမ်းခြင်း (မောပန်းခြင်း) လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း ကြွက်သားနာကျင်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲနာကျင်ခြင်း၊ အန်ခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့ အရသာ ပျောက်ခြင်းတို့ ပါဝင်တယ်။
COVID-19 နှင့် ရာသီတုပ်ကွေး (တုပ်ကွေး) ၏ လက္ခဏာများသည် အလွန်ဆင်တူပါသည်- COVID-19 လား၊ တုပ်ကွေးလား၊ သို့မဟုတ် အခြားသော ဗိုင်းရပ်ကြောင့် အအေးမိခြင်းလားဆိုတာ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်ဆေးခြင်းဖြစ်ပါတယ်။
မိသားစုနှင့် လူ့ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ စစ်ဆေးမှုခံယူပါ။ သင်သည် ကာကွယ်ဆေးထိုးသည့်တိုင်အောင် COVID-19 ကူးစက်နိုင်ပါသည်။ နေမကောင်းဖြစ်သည်ဟု လုံးဝ မခံစားရသည့်အတွက် သင်မသိခြင်းသာ ဖြစ်သည်။ မဖြေများမသိရသေးခင် စစ်ဆေးမှုလုပ်ခြင်းနှင့် အခြားသူများအဝေးတွင်နေခြင်းအားဖြင့် COVID-19 ပျံ့ပွားမှုကို ဟန့်တားပေးပြီး လူထုကို ကာကွယ်ပေးနိုင်ပါတယ်။ လူကြီး၊ လူငယ်နှင့် ကလေးများ အပါအဝင် မည်သူမဆို စစ်ဆေးနိုင်ပါသည်။
သင့်တွင် ရောဂါလက္ခဏာများရှိလျှင်၊ ခရီးမသွားမီနှင့် သွားပြီးနောက် ပေါ့စတစ်ဖြစ်သူ အခြားတစ်ယောက်နှင့် အတူရှိဖူးလျှင်၊ လူအများနှင့် အခန်းအလုံပိတ်အတွင်း စုဝေးခြင်းမပြုလုပ်မီနှင့် ပြုလုပ်ပြီး၊ သင်၏ကျောင်းနှင့် အလုပ်မှ လိုအပ်လျှင် စစ်ဆေးမှုခံယူသင့်ပါတယ်။
စစ်ဆေးပေးသည့် နေရာများစွာရှိသည် ဆရာဝန်တစ်ဦးဦး၏ ရုံးတွင်လည်း စစ်ဆေးနိုင်သလို လူထုကို စစ်ဆေးပေးသည့် နေရာ (community testing site)၊ အလုပ်၊ ကျောင်း သို့မဟုတ် ဆေးဆိုင်တွင်လည်း စစ်နိုင်ပါသည်။ သင့်ဘာသာ ဆောင်ရွက်နိုင်သည့် အိမ်သုံးစစ်ဆေးမှု ပစ္စည်းများ ဆေးဆိုင်များတွင်လည်း ရနိုင်ပါသည်။ သင့်ဝန်းကျင်တွင်ရနိုင်သော အခြားစစ်ဆေးမှုများအကြောင်းကို IOM သို့မဟုတ် ပြန်လည်နေရာချထားရေးဌာနထံ မေးမြန်းပါ။
စစ်ဆေးမှုကို လျှို့ဝှက်ထားနိုင်ပါသည် သင်သည် လျှို့ဝှက်စစ်ဆေးနိုင်ပါသည်၊ ထိုသို့စစ်ရန် သင်၏ ရွှေ့ပြောင်းနေထိုင်မှု ပုံစံ သို့မဟုတ် ဆေးကုသမှု အာမခံ သို့မဟုတ် မှတ်ပုံတင် (ID)ပေါ် မမူတည်ပါ။
စစ်ဆေးမှုသည် မြန်ဆန်ပြီး​ဘေးကင်းပါသည်။ သင်ကိုယ်တိုင် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းမှ သင့်နှာခေါင်း၊ လည်ချောင်း သို့မဟုတ် တံတွေး (saliva) နမူနာတစ်ခုခုကို ယူပြီး စစ်နိုင်ပါသည်။ အချို့စစ်ဆေးမှုများသည် မိနစ်ပိုင်းနှင့် အဖြေသိနိုင်ပြီး အချို့မှာ တစ်ရက်ထက်ပိုကြာနိုင်ပါတယ်

Опубликовано:

 

21 мар 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
COVID-19 Standard Treatment
26:35
Просмотров 689
Video 7: Meal Planning (Pashto)
5:50
Просмотров 345
ПОДВОДНЫЙ ГЕЙМИНГ #shorts
00:22
Просмотров 658 тыс.
Coronavirus/COVID-19 (Burmese)
3:29
Просмотров 41 тыс.
What is the treatment for COVID-19?
4:35
Просмотров 358 тыс.
Video 9: Lobia Recipe (Dari)
4:14
Просмотров 1 тыс.
Video 7: Meal Planning
4:04
Просмотров 172
How COVID-19 Affects Your Blood
2:01
Просмотров 88 тыс.