Тёмный

COVID-19 Information Burmese (Page 8) 

NRC-RIM
Подписаться 537
Просмотров 32
50% 1

သင်နေမကောင်းသဖြင့် စစ်ဆေးထားသော အဖြေကို စောင့်နေစဥ် သို့မဟုတ် COVID-19 စစ်ဆေးမှု ပေါ့စတစ်ပြလျှင် အိမ်တွင်နေပါ။
ဖျားနာသည့်အခါတိုင်း အလုပ်၊ ကျောင်း၊ လူမှုရေးအခမ်းအနားများသို့မသွားဘဲ စစ်ဆေးမှုအဖြေစောင့်နေစဥ် အိမ်မှာနေခြင်းသည် သင့်မိသားစု၊ မိတ်ဆွေများနှင့် လူ့အသိုင်းအဝန်းကို ကာကွယ်ဖို့အတွက် သင်လုပ်ပေးနိုင်တဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
COVID-19 ကူးစက်ခံထားရပါက သင့်အနေနဲ့ လုံးဝနေကောင်းနေသည့်တိုင်အောင် အိမ်မှာနေဖို့ အလွန်အရေးကြီးပါတယ်။ လူအတော်များများသည် COVID-19 ရောဂါလက္ခဏာများကို အိမ်မှာတင်ကုသနိုင်ကြပါတယ်။ ဆေးမသောက်မီ ကျန်းမာရေးဝန်ထမ်းနှင့် အမြဲမေးမြန်းပါ။
ကျန်းမာရေးဝန်ထမ်းများက အဖျားကျစေရန် acetaminophen သို့မဟုတ် ibuprofen စသည့် ဆေးများပေးခြင်း၊ ဗိုင်းရပ်စ်ပိုးကို ကိုယ်ခန္ဓာမှ တိုက်ခိုက်နိုင်စေရန် ကောင်းကောင်းအနားယူခြင်း အခြားသူများနှင့်မတွေ့ဘဲ အိမ်တွင်နေပြီး မိသားစုဝင်များရှိသည့်အခါ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ရေများများသောက်ခြင်း၊ နေရထိုင်ရသက်သာအောင် (ချောင်းဆိုးပျောက်ဆေးကဲ့သို့သော)အအေးမိနှာစေးပျောက်ဆေးများသောက်ခြင်း စသဖြင့် ပြုလုပ်ရန် တိုက်တွန်းကြပါတယ်။ ချောင်းဆိုးပျောက်ဆေးများကို အသက် 6 နှစ်အထက် ကလေးများအား တိုက်နိုင်ပါသည်။
COVID-19 မြန်မြန်သက်သာအောင် ကူညီပေးနိုင်သော အခြားဆေးများရှိပါတယ်။ ဒါပေမယ့် သင့်မှာ အပြင်းထန် ဖျားနာနိုင်ခြေရှိပါက ဆေးချက်ချင်းသောက်ဖို့ အရေးကြီးပါတယ်။
COVID-19 ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးပညာရှင်တစ်ဦးဦးနှင့်တွေ့ပြီး ထိုဆေးကိုယူပါ။ ဆရာဝန်နှင့် စကားပြောဆိုဖို့ စကားပြန်စသည့် အကူအညီများလိုအပ်လျှင် ပြန်လည်နေရာချထားရေးဌာန ဝန်ထမ်းကို ဖုန်းခေါ်ပါ။

Опубликовано:

 

21 мар 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
COVID 19 Information Burmese (Page 9)
2:16
Video 7: Meal Planning (Pashto)
5:50
Просмотров 345
Video 7: Meal Planning (Dari)
5:54
Просмотров 287
Video 9: Lobia Recipe (Dari)
4:14
Просмотров 1 тыс.
Video 9: Lobia Recipe (Pashto)
4:30
Просмотров 951
Birth Control Options: Short Acting (Dari)
8:32
Просмотров 1,2 тыс.