DVB TV - ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး သံတမန် ခိုင်နှင်းဝေနှင့် တွေ့ဆုံမေးမြန်းခန်း
"အမဆီမှာ လာအကူအညီတောင်းတဲ့ နားခိုဖို့ လိုအပ်နေတဲ့ ကလေးတွေ၊ လမ်းဘေးရောက်နေတဲ့ ကလေးတွေ နောက် ဒုက္ခရောက်နေတဲ့ ကလေးတွေကို အမ ကယ်တင်ချင်တယ်။ အဲဒီကနေစပြီးတော့မှ အမ ဒီလိုမျိုးလုပ်ဖို့ စိတ်ကူးမိတာပါ။ ပြီးတော့ အမ မိဘမဲ့ကလေးလို့လည်း မတပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ မိဘမဲ့ကလေးဆိုတာကလေ သူတို့တွေ အချိန်တန် အရွယ်ရောက်လို့ အပြင်လောကကို ထွက်လိုက်တဲ့အခါကျရင် ဒီကျောင်းကထွက်လာတာ၊ ငါက မိဘမဲ့ဆိုတဲ့ဟာမျိုးကို မခံစားစေချင်ဘူး။ အဲဒါကြောင့် အမက အမရဲ့ ရင်သွေးတွေရဲ့ ဂေဟာ ခိုင်နှင်းဝေ ရင်သွေးလေးများရိပ်မြုံ ဆိုပြီး ခေါင်းစဉ်လေး စဉ်းစားပြီး ဖွင့်ဖို့လုပ်နေတာပါ။ အဲတော့ ကလေးမွေးပြီးရင် မမွေးနိုင်ဘူးဆိုရင် လမ်းဘေးမှာ မပစ်ပါနဲ့၊ အမကျောင်းမှာ လာထားတယ်ဆိုရင် ပညာလည်း သင်ရမယ်၊ ကလေးရဲ့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းလည်း ဖြစ်သွားမယ်"
တင်ဆက် - နေရီရီ
6 сен 2024