ပဒေသရာဇ်ခေတ်က မွန်လူမျိုး စစ်ဗိုလ်တစ်ယောက်က စစ်ဘေးတိမ်းရှောင်းရင်း မြစ်ဝကျွန်းပေါ်ဒေသ မှာ ရွာကလေးတရွာ တည်ထောင်ခဲ့ပြီး အဲ့ဒီစစ်ဗိုလ်ကလေးကို အစွဲပြုပြီးတော့ ဗိုလ်ကလေးမြို့လို့ အမည်တွင်တဲ့ အကြောင်း ဒေသခံတွေက ပြောကြပါတယ်။
ဗိုလ်ကလေးမြို့ဟာ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီးထဲမှာမှ ရေလုပ်ငန်း နဲ့ ဆန်စပါးကုန်သွယ်မှု ထွန်းကားရာဒေသတခုဖြစ်သလို နာဂစ်မုန်တိုင်းကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မြို့လေးတမြို့ လည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးကာလတခုမှာ ဗိုလ်ကလေး ဆိုတဲ့နာမည်ကနေ ဘိုကလေးမြို့ အဖြစ် ပြောင်းလဲခဲ့ရတဲ့မြို့လည်း ဖြစ်ပါတယ်။
ဒီတခေါက် တို့ပြည်တို့မြေ အစီအစဉ်မှာတော့ ဘိုကလေး မြို့ရဲ့သင်္ဘောဆိပ်တွေမှာ မိသားစု ဝမ်းရေး၊ သားသမီးတွေရဲ့ ပညာရေးအတွက် လှေတစ်စီးနဲ့ ဈေးလိုက်ရောင်းနေတဲ့ ဘိုကလေးသား လှေဈေးသည် တယောက်အကြောင်းနဲ့ ဘိုကလေးမြို့ရဲ့ သင်္ဘောဆိပ်တွေမှာ ဆိုက္ကားနင်းခဲ့ရင်း လက်ရှိအချိန်မှာတော့ ဘိုကလေးမြို့ရဲ့ လူချမ်းသာစာရင်း ဝင်နေပြီဖြစ်တဲ့ ဘိုကလေးသားစီးပွာရေးလုပ်ငန်းရှင်တယောက်ရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
DVB TV - 09.12.2017
8 дек 2017