ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာ "မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံထဲမှာ မိဘတွေနဲ့ လူငယ်တွေဟာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ "ပြည်သူ့စစ်မှုထမ်းဥပဒေ" ကြောင့် စိုးရိမ်သောက ရောက်နေကြရပါတယ်။ အရပ်သားအစိုးရလက်ထက် ပြဌာန်းရင်တောင် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို လူငယ်တွေက လက်ခံကြမှာမဟုတ်ပါဘူး။
အခုလို အာဏာရှင်ကို တော်လှန်နေတဲ့ အချိန်မှာ အချင်းချင်ပြန်တိုက်ရမှာ၊ အာဏာရှင် အတွက် အင်အားဖြစ်မှာ စိုးရိမ်တဲ့အပြင် ပြည်သူလူထုရဲ့ အာဏာကို အဓမ္မသိမ်းယူပြီး လူထုအပေါ် ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်နေတဲ့ စစ်တပ်ထဲကို ဘယ်လူငယ်တွေကမှ မဝင်ချင်ကြပါဘူး။
တချိန်တည်းမှာဘဲ ဒီစစ်မှုထမ်းဥပဒေကို တိမ်းရှောင်သူတွေဟာ ထိုင်းနိုင်ငံကို ဦးတည်လာကြတဲ့ အတွက် ဒီဂယက်ဟာ ထိုင်းနိုင်ငံအတွက်လည်း ခေါင်ကိုက်စရာ ပြဿနာ တရပ် ဖြစ်လာပါတယ်။
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: bit.ly/3TuSsYy
23 фев 2024