#sangpiofficialchannel #စံပီး
Subscribe My Channel
www.youtube.co....
Facebook Official Page
/ sangpimusicm. .
Composer - Sangpi
Artist - Sangpi
Original Key - C
လောကဓံရဲ့ဒဏ်ရာများ ကျွန်တော် ကြုံဆုံလာတိုင်း
V1.
အပျံသင်စငှက်လို ကလေးဘဝအရွယ်တုန်းက
ဒဏ်ရာများကင်းအောင်
အဖေ့ရဲ့လက်များ နူးညံ့နေပါတယ်
ကျွန်တော်ဟာ ကြီးပြင်းလာ ဘဝဇာတ်ခုံထက်မှာ
တစ်ခါတစ်ရံလဲကျချိန် အဖေ့ရဲ့လက်များ ဆွဲလို့ထူနေဆဲ
Cho.
အဖေ့လက်တွေ ကျွန်တော့်အတွက် နူးညံ့ဖူးတယ်
အတောင်မစုံသေးတဲ့ ဘဝတွေအတွက်
အသင့်ရှိနေတယ် သူ သန်မာခြင်းများနဲ့
လောကဓံရဲ့ ဒဏ်ရာများ ကျွန်တော်ကြံုဆုံလာတိုင်း
ဒီအချိန်မှာ အဖေ့လက်များ မြင်ယောင်လာ...
ဒီအချိန်မှာ အဖေ့လက်များ မြင်ယောင်မိတယ်...
V2.
ကိုယ်တိုင်မောပန်းပါစေ အပြုံးလေးခြွေရင်းနဲ့
မဆိုစလောက်မောပန်းသူ ကျွန်တော့်အတွက်
အဖေ့အပြုံး ချွေးတိတ်စေပြီလေ
ပူဆာလွန်းတတ်သူ ကျွန်တော့်ရဲ့အလိုပြည်ဖို့
ပူလောင်ခဲ့ရသူ အဖေ့ရဲ့လက်များ ကြမ်းတမ်းနေပြီလေ
16 сен 2024