Khit Thit သတင်းဌာန၏ ဩဂုတ် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက ဩဂုတ်လ ၃၁ ရက်နေ့ ပေးမယ့် စစ်သား၊ ရဲ နဲ့ Non-CDM ၀န်ထမ်း လစာတွေမှာ နှစ်သောင်းတန်ငွေစက္ကူအသစ်တွေ ပါဝင်လာမှာဖြစ်ပြီး ၊ နိုင်ငံတစ်ဝန်းကို နှစ်သောင်း တန်ငွေစက္ကူတွေ အလုံးအရင်းနဲ့ ပေးပို့နေပြီဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ထပ်မံ အတည်ပြု ပြောထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်ရဲ့ နယ်မြေ ကွင်းဆင်းမှု ခရီး စဉ်ကို လျှို့ဝှက် လုံခြုံရေးတွေနဲ့ သွားလာနေရပြီး ၊ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ မလုံမခြုံ ခံစားနေကြ ရတယ်လို့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မနက် အစောပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့အတွက် ကျေး ရွာ ၉ ရွာက ပြည်သူ ၈၀၀၀ ခန့်ဟာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
29 окт 2024