ဝက်သား,ကြက်သား,အမဲသား ကင်စားကြမယ်ဆိုရင် ကြိုတင်ပီး အရသာနယ်နှပ်ထားဖို့ကိုပါဝင်ပစ္စည်းများနဲ့အဆင့်ဆင့်ပြပေးထားလို့နားလည်ကြမယ်လို့ထင်ပါတယ် ,အသားနယ်တဲ့အခါမှာ နာရီဝက်လောက်နယ်ပေးနေမယ်ဆိုရင်အသားကပိုနူးညံ့ပီးအိအိလေးနဲ့အရမ်းစားကောင်းမှာဖြစ်ပါတယ်,အချိုအရသာနဲ့ အစပ်အရသာနယ်ထားရင်တော့နှစ်မျိုးစားရတာပေါ့နော်,ဝက်သားကတော့ဂုတ်သားနဲ့ သုံးထပ်သားက ဒီလိုနယ်ပီးကင်စားတဲ့နေရာမှာအင်မတန်အရသာရှိလှပါတယ်,ဝက်လျှာတောင်မှ ဒီလိုနယ်ထားရင်ကင်တဲ့အချိန်မှာခဏလေးနဲ့နူးညံ့သွားတာတွေရပါလိမ့်မယ်,နယ်ပီးရင်အခန်းအပူချိန်မှာ ၃နာရီလောက်ဗူးနဲ့ဖြစ်ဖြစ်ပလပ်စတစ်အုပ်ပီးတော့ဘဲဖြစ်ဖြစ်ထားရပါမယ် ပီးမှရေခဲသေ တ္တာမခဲတဲ့နေရာမှာထည့်ထားပါ,လုံးဝမစားဖြစ်သေးရင်တော့ခဲတဲ့အထဲကိုပြောင်းထည့်ဖို့လိုပါတယ်မစားခင် ၁နာရီလောက်အပြင်ကိုကြိုထုတ်ထားပီးမှစားလို့ရပါမယ်,မေးစရာများရှိရင်လည်းကြိုဆိုပါတယ်ဗျာ။
ပါဝင်ပစ္စည်းများ
-ဝက်သုံးထပ်သား
-ဝက်လိုင်းသား
-ဝက်လျှာ
-ဝက်ဂုတ်သား
-အမဲသား
-ဆယ်လမွန်
-မြီးနီပုဇွန်
-ကြက်သွန်ဖြူ,နံနံအမြစ်,ဂျင်း
-ငရုတ်ကောင်း
-ဝက်သားမှုန့်
-သကြား
-ပျားရည်
-ပဲငံပြာရည်အကြည်
-ပဲငံပြာရည်အပြစ်
-ခရုဆီ
-ပန်းသီးရှာလကာရည်
-ဆီ
-ငရုတ်သီးအနှစ်
ဦးနိုင်အစားတလိုင်းကမိတ်ဆွေများ RU-vid Channelမှာ Subscribe နဲ့ Notificationခေါင်းလောင်းလေးနှိမ့်ပီးအားပေးပါအုံးလို့မေ တ္တာရပ်ခံပါတယ်ခင်ဗျာ#
Oo Naing အစားတလိုင်း_RU-vid Channel
/ oonaingasartalinecooki...
Oo Naing အစားတလိုင်း_FaceBook Page
/ oonaingg
Oo Naing အစားတလိုင်း_Instagram page
/ oonaingasartaline
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့သူများအားလုံးကျန်းမာချမ်းသာဘေးဘရာဝေးကွာကြပါစေဗျာ😊
12 июл 2020