Pc game ကနေ mobile ပေါ်လာမယ်ဆိုရင်တောင် Graphic ပိုင်းကိုတော်တော်လျှော့ချမှရမယ်။မဟုပ်ရင်တောင် mobile သမားတွေအတွက် ကိုယ်တိုင် graphics ကိုလျှော့ချမှအဆင်ပြေမယ်။ မလျှော့ချရင်တော့ ဖုန်းပူတာတို့ lag တာတို့ဖြစ်မှာအသေအချာပဲ။mobile player အများစုက smooth ပဲဆော့ချင်တာကများတယ်လေ။အာ့ကြောင့် graphics ပိုင်းကို low နဲ့ဆော့မှအဆင်ပြေမယ်လို့ထင်တယ်။
လက်ရှိသိရသလောက်တော့ Co-op ပါတဲ့အတွက် Online အနေနဲ့ထွက်လာမယ်လို့သိရပါတယ်။ ဒါပေမယ့် Dev Team အနေနဲ့ Solo Player တွေ offline ဆော့လို့ရအောင် ကြိုးစားနေတယ်လို့လဲပြောထားတော့ အချိန်ခဏယူပြီး စောင့်ကြည့်ရပါမယ် Bro