Lyrics
VERSE 1
ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်
ကြုံလာမယ့် လူ့လောကကြီးထဲ လမ်းမမှားရန် အဖေဟာ တည့်မတ်ပေးတယ်
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ တစ်ခါတစ်ခါမှာ မပြောဖြစ်ခဲ့ပေမယ့်
မြင်နေတယ် မျက်ဝန်းများထဲက စကားလုံးတွေ ဒီရင်ထဲ ခံစားချက်နားလည်
CHORUS
ဖေဖေ ကျေးဇူးပဲအဖေ
ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ
အဖေ ကျေးဇူးကြောင့်သာ ယခု အရွယ်ထိ ရောက်ခဲ့ပြီလေ
(ဖေဖေ တကယ် ကျေးဇူးတင်လို့ မဆုံးဘူးလေ)
VERSE 2
ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့ ရောင်စုံဝေဆာ ပန်းလေးများလိုပဲ
ခိုင်မာတဲ့ အဖေ့ရဲ့ ထွေးပွေ့မှုအောက်မှာ ရှင်သန်နေထိုင်ပြင်းခဲ့ပြီ
ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ နောင်လာမယ့် နှစ်ပေါင်းများထိတိုင်
15 сен 2024