Тёмный

Oak Aw Podcast : “မြို့ပြညရဲ့ သူရဲကောင်းများ” 

WE SUPPORT MM
Подписаться 106 тыс.
Просмотров 120 тыс.
50% 1

မင်္ဂလာပါ..🕊️
အပတ်စဉ် စနေနေ့တိုင်း တင်ဆက်နေကြဖြစ်တဲ့ “Oak Aw Podcast” ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ :
📌 “မြို့ပြညရဲ့ သူရဲကောင်းများ” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။
ဒီနေ့ ည ဥဩမှာ ပါဝင်ဆွေးနွေးကြမယ့် သူများကတော့ -
• ဒေါက်တာဖြိုးသီဟ
• ကိုဝေယံ
• ကိုဇင်မျိုး
• ကိုနေလင်း
တို့ပဲဖြစ်ပါတယ်။ ရင်ထဲ နက်နက်နဲနဲ ခံစားရတဲ့ အခိုက်တံ့၊ တော်လှန်ရေးမှာ ဒီလိုမတန်တဆ ပေးဆပ်မှူတွေ၊ ဖြူစင်စွာ ရယူလိုမှူကင်းတဲ့ စိတ်စေတနာတွေဟာ ရင်ကိုပြင်းပြင်းရှရှ ခံစားရစေတဲ့ အခိုက်တံ့တွေပါ။ အသံသွင်းရင်း မျက်ရည်တွေလဲ ကျခဲ့ရပါတယ်။
သေချာတာတော့ ဥဩမှာ ပါဝင်သူတိုင်းရော၊ နားထောင်သူတိုင်းရော အတူတူထိုင်ပြီး ပြောနေကြရတယ်လို့ ခံစားမိကြစေတာပါပဲ။ အပတ်စဉ် “Stress Relief” အဖြစ် အကြောင်းရာစုံကို ဥဩမှာ နားဆင်ကြရမှာပဲဖြစ်ပါတယ်။
ဥဩကို အပတ်စဉ် စနေနေ့တိုင်းမှာ #WeSupportMM ယူကျုချန်နယ်၊ မမများနဲ့ ပွဲကမယ် Facebook Page၊ မမပရောဂျက်၏ နိုင်ငံတကာမှ ကိုယ်စားလှယ်ကြီးများ၏ ပေ့ချ်များ၊ ပြည်သူ့မီဒီယာ Facebook Pages မှတဆင့် နားဆင်အားပေးနိုင်ကြပါပြီ။
#OakAwPodcast 🕊️
#တော်လှန်ရေးကြီးပြီးသွားတဲ့အခါ
#WeSupportMM
#မမများနဲ့ပွဲကမယ် 💃🏻💃🏻
▪️▪️▪️▪️▪️▪️▪️▪️
ခုတစ်ပတ် အသံသွင်းစဉ်က ရဲဘော် (၃) ဦးရဲ့ လေးစားစရာစိတ်ဓါတ်၊ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် လေးစားစိတ်၊ တန်ဖိုးထားစိတ်များနဲ့ ဆရာဖြိုးကို ဆောင်းပါးရေးဖို့ တောင်းဆိုမိသလို ဆရာဖြိုးကိုယ်တိုင်လဲ အဲ့နေ့ညက ရေးခဲ့တဲ့ဆောင်းပါးလေးပါ။
🕊️🕊️🕊️🕊️🕊️
ဥဩ Podcast အတွက် ​မြေပြင်က ရဲ​ဘော် ညီငယ် ၃ ​ယောက်နဲ့ ​အသံသွင်းဖြစ်တယ်။
​တော်လှန်​ရေးပြီးရင် ဘာလုပ်ကြမယ် ​တွေးထားလဲ၊ အနာဂတ်အိပ်မက်​လေး​တွေ ​ပြောပါဆို​တော့ -
တစ်​ယောက်က ဧရာဝတီတိုင်းမှာ တွင်ခံလုပ်ငန်းလုပ်တာ၊ အဲဒါ​လေး ပြန်လုပ်မယ်တဲ့။ ကိုယ့်​ကြောင့် ကိုယ်ချစ်ရသူ​တွေ စိတ်ဆင်းရဲခဲ့ရတာများလို့ အတိုးချပြီး ပြန်လုပ်​ပေးမယ်တဲ့။
​နောက်တစ်​ယောက်က အ​မေနဲ့ ညီမ​လေးကို အိမ်ပိုင်​​လေးနဲ့ ထားချင်တယ်တဲ့။ သူက ထိခိုက်ဒဏ်ရာ ရထားလို့ ထမင်း​တောင် သူ့ဟာသူ မစားနိုင်​တော့တဲ့သူ။ အလုပ်ပြန်လုပ်ဖို့ သိပ်မလွယ်လို့ အိမ်ဆိုင်​လေး ဖွင့်မယ်တဲ့။
​​နောက်ဆုံးတစ်​ယောက်က​တော့ ခု RU-vid က​နေ ဟင်းချက်တဲ့ ဗီဒီယို​လေး​​တွေ ကြည့်ကြည့်ထားတယ်။ ​နောင်ကျ ထမင်းဆိုင်​လေး ဖွင့်မလို့တဲ့။
ရိုးရှင်းလိုက်တာ။ ဒါ ​တော်လှန်​ရေးမှာ မိသားစုတင်မက ကိုယ့်အသက်ကိုပါ ထည့်မစဥ်းစားဘဲ ပါဝင်​နေတဲ့ လူငယ်​တွေရဲ့ အနာဂတ်စိတ်ကူးတဲ့လား။ ရယူပိုင်ဆိုင်လိုတာ ဘာတစ်ခုမှ မရှိဘူး။ ဘယ်သူဘယ်ဝါရယ်​တောင် ဘယ်သူကမှ သိပ်သိကြတာ မဟုတ်ဘူး။
​တော်လှန်​ရေးကို အသုံးချပြီး ​နေရာယူလိုသူ​တွေ၊ အာဏာယူလိုသူ​တွေ၊ နာမည်တည်​ဆောက်လိုသူ​တွေ ရှက်တတ်ရင် လဲ​သေဖို့​တောင် ​ကောင်းတယ်။
ဒီကာလပြီးသွားလည်း ကျ​နော်တို့တာဝန် မပြီး​သေးဘူး​နော်။ ဒီလိုလူငယ်​တွေအတွက် အများကြီး ကူကြရလိမ့်ဦးမယ်။ ​နောက်ကျ​နေတဲ့ ပညာ​ရေး၊ အသက်​မွေးဝမ်း​ကျောင်း အတတ်ပညာကစလို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ​တွေအထိ​ပေါ့။
(အဲဒီကျမှ တချို့​တွေ Myanmar Celebrity တို့ ဘာတို့ကို ​ခေါ်လာပြီး Personal Branding လုပ်ကြဦးမှာလည်း မြင်​ယောင်​သေးတယ်။)
အဆုံးမှာ​တော့ ကျ​နော်လည်း ​ပြောလိုက်ပါတယ်။ ကို - - ရဲ့ တွင်ခုံလုပ်ငန်းလည်း လာ​လေ့လာမယ်။ ကို - - ရဲ့ အိမ်ဆိုင်​လေးလည်း လာအား​ပေးမယ်။ ကို - - ရဲ့ ထမင်းဆိုင်မှာလည်း လာစားမယ်လို့။
လူချင်း​တောင် မမြင်ဖူးတဲ့သူ​တွေနဲ့ ​ဆွေမျိုးရင်းချာလို ခံစားလာရ​စေတဲ့ ကာလပါ။ ဒါကြီး ပြီးသွားရင် ဆုံကြမယ်​နော်။ တစ်ခါပြန် မိတ်ဆက်ကြမယ်။ ဘယ်နာမည်ဝှက်နဲ့က ဘယ်သူဆိုတာမျိုး​ပေါ့။ ဒီနှစ်​တွေအတွင်း ​တွေ့ကြုံခဲ့ရတာ​တွေကို ပြန်​ပြောကြမယ်။ ရယ်စရာ​တွေ မျှ​ဝေမယ်။
အဲဒီမတိုင်ခင်​တော့ တစ်​ယောက်ကိုတစ်​ယောက် ​ဖေးမရင်း အားတင်းထားကြရ​အောင်နော်။
ကျ​နော်ယုံကြည်ပါတယ်။ အဲဒီလို ကျ​နော်တို့ ညီအစ်ကို​မောင်နှမ​တွေ ပြန်ဆုံကြတဲ့​နေ့ဟာ မလွဲမ​သွေ ​ရောက်ကို​ရောက်လာမှာပါ။
လူဆိုတာ ​မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာပဲ မဟုတ်လား။
ဒေါက်တာဖြိုးသီဟ
၁၄.၇.၂၀၂၃
Now

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 655   
Далее
Oak Aw Podcast : ဆိုက်ဝါး
1:00:50
Просмотров 77 тыс.
Women’s Celebrations + Men’s 😮‍💨
00:20
ngwe la yaung
40:19
Просмотров 490 тыс.