Тёмный

"Popolay ဗဟုသုတ"_ကလေးတွေကို လက်လွတ်စပယ်မကျွေးသင့်တဲ့အစားအစာများ 🧀🍟🍕 

PopolayTV
Подписаться 508 тыс.
Просмотров 260
50% 1

မေမေတို့အတွက် အရေးကြီးဆုံးက သားသားမီးမီးလေးတွေပဲမဟုတ်လား။ ကိုယ့်သားသမီး နေမကောင်းဖြစ်ရင် ပူရတဲ့ အပူကဘာနဲ့မှမတူဘူးဆိုတာ မိဘတိုင်း ခံစားဖူးမှာပါနော်။ (၂) နှစ်၊ (၃) နှစ်အရွယ် ကလေးငယ်လေးတွေကျ စကားလဲမပြောတတ်သေး၊ ဝေဒနာခံစားနေရတာကိုလဲ မဖော်ပြတတ်တော့ မိဘတွေက ကလေးတွေရဲ့အလိုကို နားလည်နိုင်အောင်လုပ်ထားဖို့လိုပါတယ်။ ဒီမှာ ကလေးငယ်လေးတွေကို ဘယ်လိုအစားအစာတွေ လက်လွတ်စပယ် မကျွေးသင့်ဘူးဆိုတာ ပိုပိုလေးမှ ဝေမျှပေးလိုက်ပါတယ်။
၁။ အသီးဖျော်ရည်🥤
သစ်သီးဝလံတွေဟာ ပုံမှန်အားဖြင့် ကလေး ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ အများစု ကလေးအတွက် အန္တရာယ်ဖြစ်စေတဲ့ အသီးတွေကတော့ အချိုအရသာရှိတဲ့အသီးတွေပါ။ ကလေးအတွက် အဓိကလိုအပ်တာက အသီးမှာပါတဲ့ အမျှင်ဓာတ်ဖြစ်ပါတယ်။
အသီးကိုဖျော်ရည်အဖြစ် ဖျော်တိုက်လိုက်တဲ့အခါ အမျှင်ဓာတ်ပျောက်ကွယ်သွားတာကြောင့် သကြားဓာတ်မြှင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အသီးဖျော်ရည် မကြာခဏမတိုက်သင့်ပါဘူး။ အသီးဖျော်ရည်သာမက ဆိုဒါနဲ့ အားဖြည့်အချိုရည်တွေကို တိုက်ခြင်းဟာလဲ ကလေးကျန်းမာရေးကိုထိခိုက်စေပါတယ်။
၂။ Cereal 🍿
Cereal ကိုမနက်စာ အဆာပြေစားသုံးတဲ့အခါ အဓိကထား စားသုံးကြတာတွေ့ရမှာပါ။ Cereal ဟာဂျုံမုန့်မှ ရရှိတဲ့အစားအစာတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာက စားသုံးလိုက်တဲ့အခါအလွယ်တကူ အဆီအဖြစ်ပြောင်းလဲသွားစေပါတယ်။
Cereal ဟာ ရိုးရိုးဂျုံမုန့်ကနေ အလွယ်တကူထုတ်လုပ်ထားတာဖြစ်ပြီး အမျှင်ဓာတ်လဲမပါဝင်တာကြောင့် ကလေးကျန်းမာရေးအတွက် အထောက်အကူမပြုပါဘူး။ ဒါကြောင့် ကလေးငယ်တွေကို Cereal နဲ့နွားနို့ အလွယ်တကူ တိုက်ကျွေးခြင်းမှ ရှောင်ကြဉ်ကြပါနော်။
၃။ Hotdog အသားချောင်းတွေ🌭
Hotdog ဆိုတာမျိုးက ကလေးတွေကိုလုံးဝမကျွေးသင့်တဲ့အရာပါ။ Hotdog ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသင့်စားအသားခြောက်များ အစရှိသည်တို့မှာ ဆားများစွာပါဝင်ပြီး တာရှည်ခံပစ္စည်းများထည့်ကာ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကလေးတွေကို ကျွေးဖို့ ဘယ်လိုမှမသင့်တော်ပါဘူး။ ဒီအစားအသောက်တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့အဆီတွေ များစွာပါဝင်ပါတယ်။
၄။ ဆီကြော်စာတွေ🍟
ဆီကြော်စာလို့ပြောတာနဲ့ ကြက်ကြော်၊ အာလူးချောင်းကြော်၊ ဘူးသီးကြော်၊ ပဲကြော် တို့ အကုန်ပါ ပါတယ်။ ဆီကြော်ထဲမှာမှ သုံးပြီးသားဆီနဲ့ပြန်ကြော်တဲ့ နှစ်ပြန်ကြော်တွေက ပိုဆိုးပါတယ်။ ဒါ့အပြင် ဒီလိုဆီကြော်စာကို အရောင်ဆိုးဆေးပါတဲ့ ဆော့စ် တွေနဲ့တို့စားကြပါတယ်။ အရောင်ဆိုးပြီးသား ဆော့စ်တွေမှာသကြားဓာတ်ပါဝင်နေပြီး ဆီကြော်တွေကတော့ အဆီဓာတ်ကြွယ်ဝနေတာကြောင့် ကလေးငယ်တွေကို မကြာခဏ မကျွေးသင့်ပါဘူး။
၅။ ကွတ်ကီး၊ ခရက်ကာ နဲ့ ချိစ်🧀🥨
ကွတ်ကီး၊ ခရက်ကာ နဲ့ ချိစ် တို့ကလဲ အပေါ်မှာပြောခဲ့တဲ့ Cereal လိုဂျုံမုန့်ကနေ တိုက်ရိုက်ထုတ်လုပ်ထားတဲ့အရာဖြစ်ပါတယ်။ သူ့မှာ ပြည့်ဝဆီပါဝင်မှုနှုန်းများတာကြောင့်စားသုံးမိရင် ကလေးရဲ့ အစာချေလမ်းကြောင်းကို အနှောင့်အယှက်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်ကို အစာမကြေ၊ လေခံတာတွေ ဖြစ်စေနိုင်တာကြောင့် ဒီလိုအစားအသောက်တွေ သတိထားပြီးကျွေးဖို့လိုပါတယ်။
(ပိုပိုလေး)
#popolay2024 #Popolayဗဟုသုတ
-----------------------------------
😏ဘယ်လို အစီအစဉ်နဲ့ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းတွေ တင်ပြလာမှာလဲ ဆိုတာကိုတော့ ပရိတ်သတ်တို့နဲ့အတူ စောင့်မျှော်ရင်း Popolay Facebook page, RU-vid channel, Tiktok တွေကို like, share & follow လုပ်ထားပေးဖို့ မမေ့နဲ့နော်။
📍Popolay RU-vid: / @popolaytv
📍Popolay Tiktok: / popolay_official
📍Popolay Facebook: / popolaytv

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
@mercyaung
@mercyaung 2 месяца назад
Thank You ba popolay ye...
Далее
OG Buda - Сабака (A.D.H.D)
02:19
Просмотров 109 тыс.
Аруси Точики ❤️❤️❤️
00:13
Просмотров 353 тыс.