Тёмный

"Popolay ဗဟုသုတ"_ဆံပင်ဖြူသက်သာလျှော့နည်းစေတဲ့အစားအစာ(၅)မျိုး 

PopolayTV
Подписаться 508 тыс.
Просмотров 648
50% 1

ဆံပင်ဖြူသက်သာလျှော့နည်းစေတဲ့အစားအစာ(၅)မျိုး
အသက်အရွယ်ရောက်လာသည်နှင့်အမျှ ဖြစ်တတ်တဲ့ဆံပင်ဖြူခြင်းဟာ သဘာဝတရားပါ။ သို့သော် အရွယ်မတိုင်ခင် ဆံပင်ဖြူတာက သင့်ကို အိုမင်းရင့်ရော်စေတယ်လို့ ခံစားရတယ်။ အဲ့လိုအပြောခံရတာလည်း မည်သူမျှ မကြိုက်နှစ်သက်ပါ။ ဒီကနေ့မှာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဟန့်တားတဲ့ ဂျပန်လူမျိုးများစားသုံးတဲ့ အစားအစာ (၅) မျျိုးအကြောင်းကို အကြံပြုပြောပြပေးမှာဖြစ်ပါတယ်။
1. နှမ်းနက်
နှမ်းနက်ဟာ ဂျပန်လူမျိုးရဲ့ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပါဝင်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ဥပမာ - ထမင်းနဲ့ဖြူးစားတာ ဖျော်ရည်တွေမှာ ယိုစုံတွေမှာ စသဖြင့် အမျိုးမျိုးစားသုံးကြပါတယ်။ နှမ်းနက်မှာ အကျိုးပြုသောအာဟာရဓါတ်များ ကြွယ်ဝစွာပါဝင်တယ်။ ဥပမာ - ဆံပင်ရဲ့အရောင်ခြယ်ဆဲလ်များထုတ်လုပ်မှုကို လှုံ့ဆော်ရာတွင်အကျိုးပြုတဲ့ Anthocyanin ဓါတ်၊ ဦးရေပြားသွေးလည်ပတ်မှုကောင်းမွန်ရန် အထောက်အကူပြုတဲ့ သံဓါတ် နှင့် အိုမင်းခြင်းကြောင့်ဖြစ်ရတဲ့ ဆံပင်ဖြူခြင်းကို လျှော့ချဖို့အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ Lignan ဓါတ် စသဖြင့်တို့ ပါဝင်တယ်။
2. ရေညှိ
ရေညှိဟာလည်း ဂျပန်လူမျိုးများနေ့စဉ်နေ့တိုင်းစားသုံးတဲ့အစားအစာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဥပမာ - ရေညှိထမင်းလိပ်၊ Wakame နှင့် Kombu ကဲ့သို့သော Dashi ဟင်းရည်၊ အသုပ်များ နှင့် ထမင်းနဲ့ဖြူးစားတယ် အစရှိသောနည်းမျိုးစုံဖြင့်စားကြတယ်။ ရေညှိတွင် အိုင်အိုဒင်းဓါတ်ကြွယ်ဝ၍ Melanocyte လို့ခေါ်တဲ့ ဆံပင်ကိုနက်မှောင်တဲ့အရောင်ဖြစ်ပေါ်စေတဲ့ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးတဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
3. ဒိန်ခဲ (ချိစ်)
Melanin အရောင်ခြယ်မှုလျှော့နည်းစေသည့်အကြောင်းရင်းတစ်ခုမှာ ခန္ဓာကိုယ်က အမိုင်နိုအက်ဆစ် Tyrosine ပျက်ကွက်ဖြင်းကြောင့်ဖြစ်တယ်။ ဒိန်ခဲများပုံမှန်စားပေးခြင်းက ထိုဓါတ်ကို လုံလုံလောက်လောက် ပြန်လည်ရရှိစေပါတယ်။ ယေဘုယျအားဖြင့် ဒိန်ခဲ ၁၀၀ ဂရမ်သည် အမိုင်နိုအက်ဆစ် Tyrosine ၁၀၀၀ မီလီဂရမ်ခန့်ပေးစွမ်းပြီး၊ တစ်နေ့တာလိုအပ်သော Tyrosine ပမာဏမှာ မီလီဂရမ် ၅၀၀ မှ ၂၀၀၀ အကြားရှိသင့်သဖြင်၊့ ဒိန်ခဲ ၅၀ မှ ၂၀၀ ဂရမ်စားသုံးခြင်းသည် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမဖြစ်အောင် ကာကွယ်ရန်လုံလောက်ပါတယ်။
4. ကမာခရု
ကမာခရုဟာ ဂျပန်မှာရှာစားရလွယ်တဲ့ အစားအစာဖြစ်ပြီးတော့၊ လတ်ဆတ်တဲ့ကမာကောင်လား၊ ကြော်စားမလား၊ ကင်စားမလား နည်းမျိုးစုံဖြင့်စားကြတယ်။ ကမာတွေမှာ အရောင်ခြယ်မှုတည်ဆောက်ရန်မှာ အရေးကြီးတဲ့ ကြေးနီသတ္တုဓါတ် ကြွယ်ဝတယ်။ သို့သော် တစ်နေ့တာ ခန္ဓာကိုယ်အတွက်အကျိုးအရှိဆုံးစားသုံးရန်သင့်တော်တဲ့ အကြံပြုထားသောပမာဏမှာ ကမာကောင် ၂ ကောင်သာဖြစ်ပြီးတော့၊ ဆံပင်အရောင်ခြယ်မှုဖန်တီးရန်အတွက် လုံလောက်သောကြေးနီပမာဏပင် ဖြစ်သည်။
5. ဂျင်း
ဆေးဖက်ဝင်တဲ့ဂျင်းတွင် သွေးလည်ပတ်မှုကောင်းမွန်ရန် အထောက်အကူပြုတယ်။ ကောင်းမွန်တဲ့သွေးလည်ပတ်မှုရှိကာ အာဟာရဓါတ်များလည်း ဆံပင်အရင်းအမြစ်များနှင့်ဦးရေပြားဆီသို့ စီးဆင်းမှုကောင်းမွန်စေတယ်။ ရလဒ်ကတော့ နက်မှောင်လှပတဲ့ဆံသားလေးတွေကို ရရှိစေတယ်။
တကယ်တမ်းမှာ ဆံပင်ဖြူဖြစ်စေတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဥပမာ - စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ အိပ်စက်မှုမလုံလောက်ခြင်း၊ ရောဂါအချို့ခံစားရခြင်း နှင့် ဆံပင်တွင်ဓါတုပစ္စည်းများအလွန်အကျွံသုံးစွဲခြင်း အစရှိတဲ့အကြောင်းရင်းများကြောင့်ပါ။ ဆံပင်ဖြူသက်သာလျှော့နည်းရန် ကာကွယ်တဲ့နည်းလမ်းမှာ အထက်က ဖော်ပြတဲ့အစားအစာများအပြင် ပျော်ပျော်နေပါ၊ တတ်နိုင်သလောက်စိတ်ဖိစီးမှုများလျှော့ချပါ၊ ဆေးလိပ်ဖြတ်ပါ၊ ပရိုတင်းနှင့် B 12 ပါတဲ့အစားအစာများစားပါ၊ ဆံပင်ကိုပျက်စီးစေတဲ့ဓါတုပစ္စည်းများမှထိတွေ့ခြင်းရှောင်ကြဉ်ပါ၊ လုံလောက်စွာအိပ်စက်ပါ၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ ဒီအချက်တွေကိုလိုက်နာပါက နက်မှောင်လှပသောဆံနွယ်လေးတွေကို ပိုင်ဆိုင်မှာအမှန်ပါ။
-----------------------------------
😏ဘယ်လို အစီအစဉ်နဲ့ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းတွေ တင်ပြလာမှာလဲ ဆိုတာကိုတော့ ပရိတ်သတ်တို့နဲ့အတူ စောင့်မျှော်ရင်း Popolay Facebook page, RU-vid channel, Tiktok တွေကို like, share & follow လုပ်ထားပေးဖို့ မမေ့နဲ့နော်။
📍Popolay RU-vid: / @popolaytv
📍Popolay Tiktok: / popolay_official
📍Popolay Facebook: / popolaytv

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее