Тёмный

The Hemoglobin A1c test by Prof Dr Than Than Aye 

WeCare Diabetes
Подписаться 4,1 тыс.
Просмотров 7 тыс.
50% 1

မင်္ဂလာပါ
"WeCare for You" Program မှ ကြိုဆိုလိုက်ပါတယ်...
HbA1c ( သုံးလ ပျမ်းမျှ ဆီးချို) ရဲ့ အရေးပါမှုကို သွေးချိုဆီးချိုနှင့် ဟော်မုန်းရောဂါ ဆိုင်ရာ ပါမောက္ခ ဒေါက်တာ သန်းသန်းအေးမှ ဆွေနွေးထားသော ဗီဒီယိုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်.
❓️ HbA1c ဆိုတာ ဘာလဲ?
✅️ HbA1c ဆိုတာ ပုံမှန်အားဖြင့် ရက်ပေါင်း ၁၂၀ခန့်ရှိသော သွေးနီဥလေးထဲမှာ (Haemoglobin) ထဲမှာ စိမ့်ဝင်နေသော သွေးသကြားဓါတ်ပမာဏကို တိုင်းတာသော ၃လ ပျမ်းမျှ ဆီးချိုဖြစ်ပါတယ်. ၃လကနေ ဒီနေ့အထိ သွေးချိုဆီးချို ကောင်းမကောင်းကို ကိုယ်စားပြုပါတယ်. အချို့သော (Thaelaessaemia) လို့ခေါ်တဲ့ သွေးရောဂါခံစားနေရသူများ, ကျောက်ကပ်ရောဂါခံစားနေရသူများမှာ အဖြေများ တိကျမှုမရှိတတ်ပါ. ထိုအခါ အခြား သွေးချို အဖြေများနှင့် ယှဥ်ဖို့ လိုအပ်ပါတယ်ဆိုသည် အကြောင်း စသည်တို့ကို ဆရာမကြီးမှ ‌‌မျှ‌ဝေထားပါသည်.
❓️
HbA1c ပမာဏ (target) ကို ဘယ်လို သတ်မှတ်ကြလဲ?
✅️HbA1c ပမာဏ (target) ဟာ အသက်အရွယ်နှင့်နောက်ဆက်တွဲ ရောဂါ ရှိနေလား ပေါ်မူတည်ပြီး သတ်မှတ်ကြပါတယ်. အသက်ငယ်လေ target ပမာဏ နည်းလေ ဖြစ်ပါတယ်. ကျောက်ကပ်ရောဂါ ရှိနေသူများတွင် သတ်မှတ်ပမာဏမှာ လူငယ် ဆီးချို သမားများနှင့် မတူညီပါ. ရောဂါအခြေအနေပေါ်မူတည်၍ HbA1c ကို သေချာထိန်းညှိရပါတယ်.
❓️ HbA1c ကို ဘယ်နှစ်လတခါ စစ်ဆေးသင့်လဲ?
✅️ ၃လတခါ ပုံမှန်စစ်ဆေးကြပါတယ်. သွေးချိုထိန်းသိမ်းမှုကောင်းမွန်ခြင်း, ဆေးအပြောင်းအလဲရှိခြင်း စသည့် အချက်များကြောင့် စစ်ဆေးရမည့် အချိန်များ ပြောင်းလဲနိုင်ပါတယ်
❓️ဒါ့ကြောင့် HBA1c ကို စစ်ဆေးခြင်းအားဖြင့်
✅️
- အနည်းဆုံး ၃လအတွင်း သွေးထိန်းသိမ်းမှု ကောင်းမကောင်း သိနိုင်ခြင်း
- နေ့စဉ် သွေးချိုတိုင်းတားမှုနှင့် ၃လပျမ်းမျှသွေးချိုအဖြေကို နှိုင်းယှဉ်၍ သွေးချိုအခြေအနေကို ပြန်လည်သုံးသပ်နိုင်ခြင်း
- နေထိုင်မှုပုံစံကို ချိန်ညှိရန်အတွက် အထောက်အကူပေးခြင်း
- ကျန်းမာသက်ရှည်မှုရှိမရှိကို ကြိုတင်မှန်းဆပြုပြင်နိုင်ခြင်း
- ဆေးပြောင်းလဲမှုနှင့် ဆေးကိုက်ညီမှုရှိမရှိကို ပြန်လည်ချိန်ဆနိုင်ခြင်း တို့ ကို သိရှိမှာ ဖြစ်ပါတယ်
HbA1c ၏ကောင်းကျိုး အသုံးဝင်မှု လုပ်ဆောင်မှုအသေးစိတ် အချက်အလက်များကို ဗီဒီယိုကို နှိပ်၍ WeCare Diabetes Page and App မှာ နားထောင်လို့ ရပါတယ်ရှင်.
Telegram: t.me/wecaredia...
Website: healthathome.d...
RU-vid: / @joinwecare
Health At Home: bio.link/wecare

Опубликовано:

 

8 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
Diabetes
19:04
Просмотров 26 тыс.
Они захватят этот мир🗿
00:48
Просмотров 312 тыс.
Нарвался на сотрудника ФСБ⚡️
01:00
Pre-Diabetes အကြိုဆီးချို
6:09
Living With Diabetes
12:07
Просмотров 7 тыс.