Тёмный

witness of history (1)(2)(3) သမိုင်းသက်သေ (၁) (၂) (၃) PTube ကဗျာလွတ်လပ်အိမ် Myanmar Poetry and ASMR 

Pansodan Media
Подписаться 63 тыс.
Просмотров 69
50% 1

သမိုင်းအကြောင်းကိုစဉ်းစားမိပြီးရေးမိတဲ့ကဗျာတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ သမိုင်းသက်သေဆိုတဲ့ကဗျာသုံးပုဒ်ကို ရွေးပြီး poetry video အဖြစ်တင်ပေလိုက်ကြောင်းပါ။
စိတ်နဲ့ဖတ်တော့ အရသာတစ်မျိုး နားနဲ့ဖတ်တော့ အရသာတစ်မျိုး ကွဲပြားပါတယ်။
သမိုငိးသက်သေ(၁)
ဒီမြစ်ရဲ့ခရီး
ဒီရေစီးတော့ ဖြတ်ရမယ်။
ဒီတောင်ကိုဖြတ်
တောင်စဥ်ထပ်လည်း လျောက်ရမယ်။
ဒီတောမှာဝင်
လမ်းမမြင်လည်း ဖောက်ရမယ်။
ဒီမြေမှာနေ
သမိုင်းသက်သေဖြစ်ရမယ်။
သမိုင်းသက်သေ
ရွက်ကြွေရက်ကြွေ
ကြုံနေရမြဲ
ယုံကြည်ရဲခြင်း၊ ဘဝရင်း၍
ခင်းသောလမ်းမှာ၊ စခန်းသာမည်
ဘယ်ညာဇွဲခတ်လျောက်ရမယ်။
ကိုယ်လျောက်တဲ့လမ်း
ကိုယ့်စခန်းပေါ့
ကိုယ်မှန်းတဲ့နန်း
ကိုယ့်ရဲ့ပန်းတိုင်၊
ကိုယ်ပိုင်တဲ့သွေး
ဘဝဆေးစက်၊
ကိုယ့်လက်ကိုယ့်ခြေ
ကိုယ်တိုင်စေခိုင်း၊
သမိုင်းမရိုင်း၊လှိုင်းတစ်လှိုင်းလို
တိုင်းသစ်ပြည်သစ် တည်ရမယ်။ ။
..
လွတ်လပ်အိမ်
သမိုင်းသက်သေ(၂)
အကုသိုလ်တွေကို
ကုသိုလ်အဖြစ် ညာလို့မရဘူး
အဲ့ဒါသမိုင်းပဲ။
စိတ်နံရံတွေမှာ
ရေးခြယ်ထားတဲ့
အကုသိုလ်နေ့စွဲတွေကို
ထန်းလက်နဲ့ကာချင်တဲ့အခါ
မိုးကြိုးသွားတွေကို
ပန်းပွင့်လို
ထင်ချင်ထင်နေမှာပေါ့
အဲ့ဒါလည်း သမိုင်းပဲ။
တောင်တွေကိုသာဖြိုလို့ရမယ်
သမိုင်းကိုဖြိုလို့မရဘူး
ဖျက်လို့မရဘူး
အဲ့ဒါ သမိုင်းပဲ။
သက္ကရာဇ်တွေကိုသာဖြိုလို့ရမယ်
ခေတ်တွေကိုဖြိုလို့မရဘူး
အဲ့ဒါ သမိုင်းပဲ။
ပလက်စတစ်ဆာဂျရီ
လုပ်ထားတဲ့ အရေပြားရဲ့
အောက်မှာ ရာသီဥတုတွေကို
ပြောင်းလဲပစ်နိုင်တဲ့
သမိုင်းဆိုတဲ့အပူအအေးရေစီးကြောင်းက ရှိနေဆဲပဲ။
သမိုင်းဆိုတာ
တောအုပ်ကြီးလို
ရှင်သန်လာတဲ့အခါ
ငါဟာ အဲ့ဒီသမိုင်းရဲ့
သက်သေခံသူတစ်ယောက်ဖြစ်တယ်။
လူသားတို့ရဲ့
အမှန်တရားခံစားချက်က
သမိုင်းရဲ့မြေဆီလွှာ။ ။
...
လွတ်လပ်အိမ်
သမိုင်းသက်သေ(၃)
အလေ့ကျသမိုင်းတွေ
အလေ့ကျဓလေ့တွေ
တေ့လွဲလွဲနေတဲ့
နေ့စွဲကလေးတွေ
ပါးစပ်ရာဇဝင်တွေ
တစ်မတ်စေ့သံသရာတွေ
မမြင်တက်သေးသရွေ့
ဘဝင်ဟပ်တဲ့ဓလေ့တွေ
မနေ့တနေ့ကသမိုင်းတွေ
မနက်ဖြန်ရဲ့သမိုင်းတွေ
မရေရာသေးသရွေ့
အရွေ့မရှိတဲ့နေ့တွေ
အတွေ့နည်းလို့
အမေ့ရဲသလို
နေ့စွဲတွေအိုမင်း
လိုရင်းကိုမတွေ့
အရှင်လတ်လတ်သမိုင်းတွေ
ရင်ချင်းအပ်တဲ့သမိုင်းတွေ
မြင်ပြင်းကတ်သမျှ ချဥ်ခြင်းတပ်နေခဲ့
သမိုင်းဘီးပါတ်ရေ မပြည့်သေးလို့ဆိုပြီး
ဖာတ်ရည်မလည်ရှာတဲ့
ဇာတာမဲ့တဲ့ ဘဝတွေ။ ။
.....
လွတ်လပ်အိမ်

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
다리찢기 고인물⁉️😱 Leg Splits Challenge
00:37
معنویت در زندگی‌ یک آتئیست
20:42
다리찢기 고인물⁉️😱 Leg Splits Challenge
00:37