Тёмный

ကလော ဆင်တောင် တောင်တက်ခရီး Kalaw Sin Taung 

Ar Kar
Подписаться 11 тыс.
Просмотров 4,8 тыс.
50% 1

🏞️ကလော ဆင်တောင်တောင်တက်ခရီး🏞️
ဆင်တောင်၏တည်နေရာကို Google map တွင် 20°31'21"N 96°31'16E တွင်ရှာဖွေနိုင်ပါသည်။မန္တလေးတိုင်းနှင့် သျှမ်းနယ်ဆက် သာစည်မြို့နယ်အတွင်းတွင်ရှိပါသည်။ ရှမ်းကုန်းပြင်မြင့်တွင်တည်ရှိသောတောင်ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၂၀ပေမြင့်သည်ဟုဖော်ပြထားပါသည်။
🚂ကလောအလွန်တစ်ဘူတာ မြင်းဒိုက်ရွာဖက်မှတက်ရပါတယ်။ မြင်းဒိုက်ရွာကို ကလောဘူတာဖက်မှလမ်းအတိုင်း မိနစ်၂၀ကျော်ခန့်မောင်းရပါတယ်။ မြင်းဒိုက်ရွာအနီးမှာရှိတဲ့ မြင်စိုင်းကုန်းဘုန်းကြီးကျောင်းတွင် တောင်တက်သမားများ ညအိပ်ကြလေ့ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင် လူ၈၀ခန့်အထိတည်းခိုနိုငိပါတယ်။ ထိုရွာမှ ဒေသခံလမ်းပြဦးစော နှင့်ဆက်သွယ်၍တက်ရောက်နိုင်ပြီး ဦစောမှ အစားအသောက်ကအစ အားလုံးစီစဉ်ပေးပါတယ်။
ဆင်တောင်ကိုတက်မည်ဆိုပါက မနက်အစောပိုင်းမှစ၍တက်တာအကောင်းဆုံးပါ။ မနက်စောစောတက်ရင် ညနေ ၃နာရီခန့်ပြန်ရောက် အဆင်ပြေပါတယ်။ ကျွန်တော်တို့က မန္တလေးကနေမြင်းဒိုက်အထိ တိုက်ရိုက်လာပြီး ချက်ချင်းတက်ကြသည့်အတွက် ညမိုးချုပ်မှ ဘုန်းကြီးကျောင်းကိုပြန်ရောက်ကြပါတယ်။ တစ်ချို့တောင်တက်အဖွဲ့တွေက မြင်းမထိလှိုဏ်ဂူရှိရာ မြင်မထိတောင်ကိုပါ နောက်ရက်ဆက်တက်ကြလေ့ရှိပါတယ်
ဆင်တောင်သည် ၆၀၂၀ပေမြင့်မား‌ပြီး မြင်းဒိုက်ရွ
ာသည် ပေ ၄၀၀၀အမြင့်မှာရှိသဖြင့် ပေ ၂၀၀၀လောက်သာတက်ကြရပါတယ်၊ ခပ်ပြေပြေသာတက်ရသောတောင်ဖြစ်ပါတယ်။ ဒါပေမဲ့❗တောင်တက်လမ်းကြောင်းကတော့ရှည်ပါတယ်။ တောင်တွေကိုပတ်ပြီးသွားရသောကြောင့် ဆင်းလိုက် တက်လိုက်နှင့်သွားကြရပါတယ်။ ခရီးဝေးတာမို့ နည်းနည်းတော့ပင်ပန်းပါတယ်။ တောင်တက်လမ်းကြောင်းနှစ်ခုရှိတဲ့အနက် ကျွန်တော်တို့ကအနည်းငယ်ပိုဝေးတဲ့ မီးရထားသံလမ်းဖက်ကလမ်းအတိုင်းသွားခဲ့ကြပါတယ်။ ဆင်တောင်ကိုတောင်တက်ချိန် သွား/ပြန် ၇နာရီခန့်သွားရပါတယ်။
🏞️တောင်ရဲ့ပုံစံက ဆင်ဦးခေါင်း ဆင်ကျောခုံးနှင့်တူသောကြောင့် ဆင်တောင်ဟုခေါ်ကြောင်း ဒေသခံတွေကပြောပြပါတယ်။ တောင်တက်လမ်းမှာအလှဆုံးကတော့ ဆင်နှမောင်းလို့ဒေသခံတွေဆိုတဲ့ နေရာတွေပဲဖြစ်ပါတယ်။ မြတ်ခင်းတွေနဲ့ ဘေးနှစ်ဖက်ချောက်အလယ်မှာ တက်ရတာကြောင့် တော်တော်လေးကိုလှပါတယ်။ အဲ့ဆင်နှမောင်းပြီးရင်တော့ အတက်မက်တာတွေလာပါပြီ၊ အုံ့ဆိုင်းနေတဲ့ သစ်တောကြီးအတွင်းကနေသွားရတာပါ။ လမ်းကတော့ချောပါတယ် မလဲအောင်သတိနဲ့တက်ရပါတယ်။ အဲ..., ပြီးရင်တော့ ဆင်တောင်ထိပ်ကိုရောက်ရှိပါပြီ။ တောင်ထိပ်မှာ စေတီငယ်တစ်ဆူနဲ့ ကျောက်ဆောင်လေးများသာရှိပါတယ်။ တောင်တက်အဖွဲ့များရဲ့ ကြေးပြားလေးတွေစိုက်ထူထားပါတယ်။ တောင်ပေါ်မှာ လေတိုက်ကြမ်းပြီး အမြဲလိုစိုစွတ်နေလေ့ရှိ့ပါတယ်။ ဆင်တောင်တက်ရင် မိုးရာသီမှာတက်လို့အကောင်းဆုံးပါ။
လမ်းခရီးကရွာတစ်ရွာမှာ စာသင်ကျောင်းလေးရှိပါတယ်။ အနီးဝန်းကျင်က ကလေးတွေ တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးကျောင်းတက်ကြရပါတယ်။
My Profile
-------------------------------------------
Facebook / aung.gyi.5439
Instagram
www.instagram....
----------------------------------------
Music provide by, Ehrling - Dance Witch Me
Redmi note 11pro, Mi 11 Ultra ဖုန်းနှင့်ရိုက်ကူးထားပါသည်။
ကျွန်တော့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအုံး ချစ်မိတ်ဆွေများခင်ဗျာ ❣️❣️
#ဆင်တောင်
#SinTaung
#ကလောဆင်တောင်
#KalawHiking
#KalawTrekking
#ArkarAdventureTripMyanmar
#Kalaw
#မြင်းဒိုက်ရွာ
#မြင်းစိုင်းကုန်းရွာ
#Myanmar_Hiking
#Myanmar_Trekking
#Sin_Taung_Hiking
#Arkar_Adventure_Trip_Myanmar
#MyanmarMountainview
#Mt.Elephant
#hiking
#myanmaradventure
#hikingadventures
#hikinglife
#ArkarAdv

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
When Khabib dropped Conor McGregor 👀 #nocommentary
00:59
မြင်းမထိဂူ (Kalaw)🌧️
25:29
Просмотров 86 тыс.
ကလောစျေးနေ့🥦🥬🌶🍆🥕
16:11