Тёмный

ကျော်ဝင်းစိန် သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သူများသည်အထက်တန်းရှေ့နေကိုဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတွင်ပါဝင်နေ​ 

EPN MEDIA GROUP
Подписаться 7 тыс.
Просмотров 11 тыс.
50% 1

လူမိုက်ကျော်ဝင်းစိန် သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သူများသည် အလုံမြို့နယ်၌ အထက်တန်းရှေ့နေကိုဝိုင်းဝန်း ရိုက်နှက်ခုတ်ခဲ့မှုတွင်ပါဝင်နေကြောင်း ထုတ်ပြန်
နေပြည်တော်၊ မတ် ၈
ကြည့်မြင်တိုင်မြို့နယ်မှာ လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေကို အလုံမြို့နယ်မှာ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုယူမှုမှာလည်း ပါဝင်နေကြောင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှာ အထက်တန်းရှေ့နေ ဦးနေလင်းအောင်မှာ ကြည့်မြင်တိုင်မြို့နယ်တရားရုံးက​န ေအမှုစစ်ဆေးပြီး သူ၏မော်တော်ယာဉ်ဖြင့်ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်မှာ ပရိုဘောက် ခဲရောင်အငှားယာဉ်က ဘေးက​နေပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ (၇) ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များနဲ့ ဝိုင်းဝန်း ရိုက်နှက်ခုတ်ထစ်ပြီး ဦးနေလင်းအောင် ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းနဲ့ တန်ဖိုးငွေကျပ် ၇ သိန်းကို လုယက်ယူဆောင်သွားသဖြင့် အရေးယူပေးပါရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်ထားတယ်လို့ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်​ပြီး ပြစ်မှုကျူးလွန်တဲ့တရားခံတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာအသုံးပြုတဲ့
ပရိုဘောက် ခဲရောင် အငှားယာဉ်ရဲ့ယာဉ်မောင်းမှာ
ကိုရဲ (ခ) ရဲကျော်လင်းဖြစ်ကြောင်းသိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရလည်းကောင်း၊
အမာခံသတင်းပေးများ၊ ပတ်ဝန်းကျင်သက်သေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုများကို
မလိုလားတဲ့ဒေသခံပြည်သူလူထုရဲ့လျှို့ဝှက်သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူများ သည် တိုယိုတာ ဟိုင်းလပ် ဆက်ဖ် နက်/ပြာရောင် မော်တော်ယာဉ် (၁) စီး၊ ဆူဇူကီး ဆွစ် အပြာရောင်မော်တော်ယာဉ် (၁) စီး၊ စုစုပေါင်း မော်တော်ယာဉ် (၂) စီးတို့နဲ့ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်းမှာ ရောက်ရှိတိမ်း‌ရှောင်နေကြောင်းကို သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ သတင်းရရှိ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကိုတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့​ချိတ်ဆက်​​ပြီးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာမှာ ပြစ်မှုကျူးလွန်သူ တရားခံတွေဖြစ်တဲ့ ငမျိုး(ခ) ကိုမျိုး (ခ) ရဲမျိုးသိန်းပါ (၆) ဦးနဲ့အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင် (ခ) အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးတို့ကိုစစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှာ မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
အဆိုပါ ဖမ်းဆီးရမိသူ ငမျိုး (ခ) ကိုမျိုး (ခ) ရဲမျိုးသိန်းကို ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ) ၂၂၅/ ၂၀၁၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄ ၊၃၂၃ / ၁၁၄ ၊
ဝေဘာဂီနယ်မြေရဲစခန်း(ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ နဲ့
ကမာရွတ်မြို့ မရဲစခန်း (ပ) ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ အမှုများနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့အပြင် ငမျိုး (ခ) ကိုမျိုး (ခ) ရဲမျိုးသိန်း၊ ဥက္ကာနဲ့ အောင်ကြီး (ခ) အောင်မြတ်မင်းတို့ (၃) ဦးကို ကြည့်မြင် တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ရာမှာ အဓိကဦးဆောင်သူတွေဖြစ်ကြောင်း သေဆုံးသူရဲ့ မိသားစုတွေထံမှ စွပ်စွဲခံထားရသူတွေဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေး​ေနကြောင်း နစကမှ ထုတ်ပြန်ထားပါတယ်။

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ROBLOX TRAND AGAIN. Part 7☠️🗿🙋🏻‍♀️
00:16
НИКИТА ПОДСТАВИЛ ДЖОНИ 😡
01:00
Просмотров 164 тыс.
When Royal Guards Fight Back!
8:08
Просмотров 6 млн
This Is What Winning Looks Like (Full Length)
1:29:11
Joker Kills Murray - Ending Scene
4:44
Просмотров 9 млн
ROBLOX TRAND AGAIN. Part 7☠️🗿🙋🏻‍♀️
00:16