The small island, Seikkyi Kanaungto township is located the other side of Yangon River, Myanmar. It is very interesting place although the town is not big enough.
In 1900, Steel Brother Company built the Rice Mill, capacity is paddy input (1500 tons) per day, in Seikkyi Kanaungto. At that time, the rice mill was considered as the biggest rice mill in the World.
And Seikkyi Kanaungto is the home tome of the famous Artist Academy "Myat Lay" (1932-2000).
ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဆိပ်ကြီးခနောင်တို ကျွန်းမြို့လေးဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
သောက်ရေ၊ သုံးရေ အဆင်ပြေစေဖို့အတွက်လည်း မိုးရေကိုစုဆောင်းပြီး သိုလှောင်သုံးစွဲကြတာ အိမ်တိုင်းလိုလိုဆိုတာ မြင်တွေ့ခဲ့ရပါတယ်။
၁၉၀၀ ခုနှစ်တုန်းက ကမ္ဘာ့အကြီးဆုံးဆန်စက်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ တစ်ရက် စပါး တန်(၁၅၀၀) ကြိတ်ခွဲနိုင်တဲ့ ဆန်စက်ကို စတီးဘရားသား ကုမ္ပဏီက ဆိပ်ကြီးခနောင်တိုမှာ တည်ခဲ့ပါတယ်။
လူကြိုက်များလှတဲ့ စွယ်စုံရ အနုပညာရှင်ကြီး အကယ်ဒမီ "မြတ်လေး" ဟာ ဆိပ်ကြီးခနောင်တို ဇာတိဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းဆရာ အဖြစ်အောင်မြင်ခဲ့သလို စာပေဂီတဘက်မှာ လည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ သူရေးစပ်ခဲ့တဲ့တေးသီချင်းပေါင်း မြောက်မြားစွာရှိပြီး ယနေ့တိုင်ခေတ်စားဆဲဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့သီချင်းပေါင်းများစွာအနက်မှ ခေတ်အဆက်ဆက်ကျော်ကြားလူကြိုက်များခဲ့တဲ့ "မခင်နှင်းဆီ" သီချင်းလေးရဲ့ တစ်ပိုင်းတစ်စ ကို ချစ်ခင်လေးစားဂုဏ်ပြုတဲ့အနေဖြင့် ဒီ ဆိပ်ကြီးခနောင်တို ခရီးသွားမှတ်တမ်းလေးမှာ ထည့်သွင်းဖော်ပြပေးထားပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
#myanmar #yangon #seikkyi_kanaungto
Thanks for Watching!
Have a nice and pleasant life!
@michellechoMYN
2 ноя 2023