မျက်စိဒဏ်ရာကြောင့် ရိုးရာလက်ဝှေ့ကမှ တစ်နှစ်ကျော်ကြာအနားယူခဲ့ရပြီးနောက် ကြိုးဝိုင်းထဲတစ်ကျော့ပြန်ဝင်လာဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့ လက်ဝှေ့ကျော် နှစ်ထက်ကွမ်းချန်ပီယံ ထွန်းလွင်မိုးကို ကျွန်တော်တို့ Sports Box က သွားရောက်တွေ့ဆုံပြီး သူ့ရဲ့ဘဝအကြောင်း၊ မျက်စိဒဏ်ရာအကြောင်းနှင့် သူ့ရဲ့လာမယ့်ပွဲအကြောင်းတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒီဗီဒီယိုမှာတော့ ထွန်းလွင်မိုးက သူ့ရဲ့မျက်စိဒဏ်ရာအကြောင်းနှင့် လာမယ့်ပွဲအကြောင်းတွေကို ပြောပြထားပါတယ်။
ကြိုးဝိုင်းထဲပြန်ဝင်မယ့် ထွန်းလွင်မိုး (အပိုင်း ၂) (နောက်ဆုံးအပိုင်း)
"ကျွန်တော်ကလက်ဝှေ့နဲ့ပဲ ရှင်သန်ချင်တာဆိုတော့... တကယ်လို့ ကျွန်တော့်မျက်လုံးက ဘာမှမဖြစ်ဘူး... ကံကြမ္မာကမျက်နှာသာပေးခဲ့လို့ မျက်လုံးကပြန်ကောင်းခဲ့မယ်ဆိုရင် လက်ဝှေ့လောကထဲမှာ ဆက်ရှိနေမယ် ဒါမှမဟုတ် ဝဋ်ကြွေးကြောင့်ပဲ ထပ်ပြီးဆိုးရွားလာမယ်ဆိုရင် ထပ်ခွဲစိတ်ပြီး ကျွန်တော် ဒီဘက်မှာ ဘဝတစ်ခုသပ်သပ်တည်ထောင်မယ်ပေါ့... "
ရွှေခါးပတ်နှစ်ထပ်ကွမ်းချန်ပီယံ ထွန်းလွင်မိုးနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်
Sports Box
#Lethwei #TunLwinMoe
6 фев 2020