Тёмный
No video :(

စစ်အုပ်စုက ရွာကို ဖျက်ဆီးမီးရှို့နေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု Southern YSO PDF ရမိ၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 66 тыс.
50% 1

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျေးရွာ‌နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတွေကို စစ်ကြောင်းထိုး စီးနင်းခဲ့တဲ့ ပခု က္ကူတပ်မ-၁၀၁ လက်အောက်ခံ ရေစကြို‌မြို့ပေါ်တပ် ခလရ-၂၅၇၊၂၅၈ တပ်ရင်းစစ်သားတွေ ကျေးရွာတစ်ရွာကို မီး ရှို့ဖျက်ဆီးခဲ့တဲ့ ဗီဒီယိုဖိုင်ပါ တယ်လီဖုန်းကို တော်လှန်ရေးအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ Southern YSO PDF အဖွဲ့ကကို အောင်မောင်းက MFP ကိုပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဗီဒီယိုဖိုင်ပါ ရုပ်သံမှတ်တမ်းနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ စစ်အုပ်စု တပ်သားတွေဟာ ကျေးရွာ‌ တစ်ရွာက နေအိမ်တွေကို ဖျက်ဆီးကာ မီးရှို့ဖို့ အမိန့်ပေးစေခိုင်းနေခဲ့တာဖြစ်တယ်လို့ ကိုအောင်မောင်းကဆိုပါ တယ်။ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာကိုတော့ စုံစမ်းမရသေးဘဲ မကွေးတိုင်းထဲက ကျေးရွာတစ်ရွာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။
စစ်သားတွေဆီက သိမ်းဆည်းရမိတဲ့ ဖုန်းထဲရှိ ဗီဒီယိုဖိုင်ထဲမှာ စစ်အုပ်စုစစ်သားတွေက ကျေးရွာထဲကို သေနတ်တွေ ဆက်တိုက်ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကိုဖျက်ဆီးကာ ကျေးရွာကို မီးရှို့ပြီး “အခုချိန်မှာဆိုရင် PDF ရွာကို မီးနဲ့ရှို့ခဲ့တာဖြစ်ပါတယ်” လို့ ဗီဒီယိုရိုက်ကူးထားတဲ့ စစ်သားက ပြောဆိုထားခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ တယ်လီဖုန်းထဲက အချက်အလက်မှတ်တမ်းအရ အဆိုပါ ကျေးရွာကို မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်ဟာ မေလ ၁၃ ရက် ကဖြစ်ပြီး အဲဒီနေ့ မနက်ပိုင်း ၇ နာရီခွဲခန့်မှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး အချိန် သုံးမိနစ်ခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်အတောအတွင်းက ရေစကြို‌မြို့ပေါ်တပ် ခလရ-၂၅၇၊၂၅၈ စစ်အုပ်စုဟာ ရေစကြိုတောင်ပိုင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့စခန်းတချို့ကို စီးနင်းဝင်ရောက်ခဲ့သလို ဇီးတောနဲ့ ကျောက်ထပ်ကျေးရွာတို့ကို စီးနင်းဝင်ရောက်ခဲ့ တဲ့ အချိန်ဖြစ်ပြီး ကာကွယ်ရေးတပ်စခန်းတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ပြည်သူ ခုနစ်ဦးသေဆုံးပြီး နေအိမ် ၁၀၀ ခန့်မီးရှို့ခံခဲ့ရတဲ့ အချိန်ဖြစ်တယ်လို့ Southern YSO PDF အဖွဲ့က ပြောပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 134   
Далее
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.
Cristiano Ronaldo Surpassed Me! #shorts
00:17
Просмотров 12 млн
Аруси Точики ❤️❤️❤️
00:13
Просмотров 233 тыс.
5 Times TikTokers Messed With The Wrong Cartels
23:46
Cristiano Ronaldo Surpassed Me! #shorts
00:17
Просмотров 12 млн