Тёмный

စစ်အေးတိုက်ပွဲ (Cold War) 

K2K Knowledge Bank
Подписаться 14 тыс.
Просмотров 8 тыс.
50% 1

K2K ပရိသတ်များအားလုံးမင်္ဂလာပါ။ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသိပ္ပံ ကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ တင်ဆက်မယ့် အကြောင်းအရာလေးက (၁၉၄၇-၁၉၉၁) ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး စစ်အေးတိုက်ပွဲလို့ လူသိများတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ ဒီ ကမ္ဘာ့သမိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးကို အခြေပြုပြီး နိုင်ငံရေး သုတ ရရှိစေဖို့ တင်ဆက်မှာပဲ ဖြစ်ပါတယ်။ အရင်ကတင်ဆက် ခဲ့ ဖူးတဲ့ ကွန်မြူနစ်အကြောင်းတစေ့တစောင်းဆိုတဲ့ ဆောင်းပါးလေး နဲ့ ဒီမိုကရေစီဆိုရာဝယ် ဆိုတဲ့ဆောင်းပါးလေးတွေ ကို ဖတ်ထားဖူးရင်တော့ ဒီနေ့အတွက် နားလည်ဖို့ အနည်းငယ် အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အေးတိုက်ပွဲ ဆိုတာက ကွန်မြူနစ်စနစ်နဲ့ totalitarian လို့ခေါ်တဲ့ ဗဟိုအုပ်ချုပ်မှု ကိုကျင့်သုံးတဲ့ ဆိုဗီယက်ပြည်ထောင်စု နဲ့ အရင်းရှင်ဝါဒ နဲ့ ဒီမိုကရေစီစနစ် ကို ကျင့်သုံးတဲ့ အမေရိကန် နိုင်ငံတို့ အကြားက တိုက်ပွဲတစ်ခုဖြစ်တာကြောင့်ပါ။
စစ်အေးတိုက်ပွဲဆိုတာ နာမည်ပေးတဲ့ သူတွေအတွက် စစ်လက်နက် အသုံးမပြုပဲ တခြားသောနည်းလမ်းများနဲ့ တိုက်ပွဲဆင်နွှဲခဲ့ကြတာဖြစ်တဲ့အတွက် စစ်အေး ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ကောင်း လိုက်ဖက်ပေမဲ့ တကယ့် ဒဏ်ခံ ခဲ့ရတဲ့ နိုင်ငံတွေအတွင်းမှာတော့ စစ်လက်နက်တိုက်ပွဲတို့နဲ့ အတူ အသေအပျောက်များစွာ ဖြစ်ခဲ့ကြရပါတယ်။ ပြောချင်တာကတော့ တကယ့်စစ်ဖြစ်တဲ့နိုင်ငံ ၂ နိုင်ငံက တိုက်ရိုက် စစ်မတိုက်ပဲ တခြားနိုင်ငံတွေထဲမှာ အချင်းချင်း သွေးခွဲ တိုက်ခိုက်ခိုင်းတဲ့ စစ်ပွဲတွေပွဲဖြစ်ပါတယ်။ မြန်မာစကား ဆိုရိုးအရ ဆိုရင် အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းတဲ့သဘောပေါ့။ အင်္ဂလိပ်လိုဆိုရင်တော့ proxy wars လို့ ခေါ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင် Cold War ဆိုတာ အပြည့်အဝ မှန်ကန်မယ်မထင်ပါ ဘူး။ ဒါဆိုရင် စစ်အေးကာလ ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာလေးနဲ့ စလိုက်ကြရအောင်။
ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဆိုဗီယက်ပြည်ထောင်စု က နာဇီတို့နဲ့ ပတ်သက်ပြီး အေးတိအေးစက် နဲ့ နေတတ်သည်မို့ အဲ့ကတည်းက အမေရိကန် တို့နဲ့ ဆိုဗီယက် သိပ်ပြီး အမြင်ကြည်ကြည်လင်လင်မရှိကြပါဘူး။ ဆိုဗီယက် တို့ရဲ့ အေးတိအေးစက်နေရခြင်းအကြောင်းကလည်း နာဇီ ဆိုတာ အမျိုးသားရေးဝါဒ (Nationalism) နဲ့ ဆိုရှယ်လစ် စနစ် (Socialism) တို့ကို အဖျားစွတ်ပြီး ဂျာမဏီ လို Nazi (နာဇီ) ရယ်လို့ ဖြစ်လာကြတာမို့ ဆိုဗီယက် နဲ့ ဝါဒ တူနိုင်ငံလို့ဆိုရမှာ ပါ။ ဒါကြောင့် ဆိုဗီယက်တို့ အေးတိအေးစက် နေတာ ဆန်းဆန်းပြားပြားရယ်လို့ တော့ ဟုတ်မည် မထင်ပါဘူး။ သို့သော် ၁၉၄၁ ခုနှစ်မှာ နာဇီတို့ရဲ့ ခေါင်းဆောင် ဟစ်တလာ အနေနဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့တယ်။ ဒီအမှားက လည်း သမိုင်းမှာ ဟစ်တလာအတွက် အကြီးမားဆုံးအမှားတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဆိုဗီယက် ပြည်ထောင်စု အတွင်းကို ကျူးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဆိုဗီယက်တို့ အနေနဲ့ မဟာမိတ်တပ်ပေါင်းစုများနဲ့ ပူးပေါင်းကြောင်းကြေငြာခဲ့ပြီး နာဇီတို့ကို ပြန်လည်တိုက်ထုတ် ချေမှုန်းက အရှေ့ဂျာမနီ တစ်ခုလုံးကို ရရှိခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး မပြီးခင်မှာ မဟာမိတ်တပ်ပေါင်းစုရဲ့ အင်အားကြီး ၄ နိုင်ငံ (Big Four) လို့ လူသိများတဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နဲ့ ဆိုဗီယက် တို့ဟာ Yalta မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါကို သမိုင်းမှာ Yalta Conference ရယ်လို့ လူသိများပါတယ်။ ဒီစုံညီ အစည်းအဝေးက နေ တခြားအရေးကြီးသော ကိစ္စရပ်တွေအတွက် ရေရေရာရာ ဘာမှ သဘောတူညီမှု မရခဲ့သော်လည်း ကိစ္စ တစ်ခုကိုတော့ သဘောတူညီခဲ့ကြပါတယ်။ ဒါကတော့ ဂျာမနီ ကို လေးပိုင်း ပိုင်းတာတန်ယူပြီး နာဇီ လက်ကျန်တွေကို ရှင်းထုတ် ကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၉၄၅ ခုနှစ် မှာ အမေရိကန် တို့ရဲ့ Atomic Bomb နဲ့ ဂျပန် ကို အနိုင်ယူလိုက်မှု ဟာ ဆိုဗီယက် တို့ကို ထိပ်လန့် တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနောက်ပိုင်းမှာ ဆိုဗီယက်တို့ နဲ့ စီးပွားရေး လုပ်မှုတွေ စစ်ဘက်ဆိုင်ရာ အကူအညီ ပေးမှု တွေကို အမေရိကန်က ရပ်တန့်လိုက်ပါတယ်။ ဒီအချိန်ဟာ ဆိုဗီယက်တို့အတွက် ပြန်လည်တည်ထောင်မှု ပြုလုပ်ရန် အရမ်း လိုအပ် နေချိန် အခုလို လုပ်တဲ့ အတွက် တစ်ဘက်နဲ့တစ်ဘက် ရန်ငြိုးတွေ ပိုမို တက်လာစေခဲ့ပါတယ်။ ဆိုဗီယက်တို့ဟာ ပထမ ကမ္ဘာစစ်မှာ ဂျာမနီတို့ရဲ့ ကျူးကျော်မှုကို ခံခဲ့ရသလို ဒုတိယ ကမ္ဘာစစ်မှာ လည်း ဂျာမနီတို့ရဲ့ ကျူးကျော်မှု ကို ခံခဲ့ ရပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် အကျူးကျော် မခံ ရအောင်ဆောင်ရွက်ဖို့ဟာလည်း ဆိုဗီယက်တို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဆိုဗီယက် က သူတို့အနေနဲ့ စစ်ပွဲကာလ အတွင်း ရရှိခဲ့တဲ့ ဂျာမန် တို့ရဲ့ မြေတွေကို ပြန်လည်ပေးအပ်သွားမှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။
ဒီနေရာမှာ စာဖတ်သူတို့ မမေ့ရမှာက ကွန်မြူနစ် ဝါဒ ဆိုတာ အရင်းရှင်စနစ်ကို အပြစ်မြင်ပြီး ပေါ်ပေါက်လာခဲ့တဲ့ ဝါဒ တစ်ခုဖြစ်တာကြောင့် အရင်းရှင် နိုင်ငံ နဲ့ ကွန်မြူနစ် နိုင်ငံ ကြား ခုလို တင်းမာလာကြခြင်းဖြစ်ပါတယ်။
အခုလို ဆိုဗီယက်တို့ရဲ့ တင်းမာမှုတွေ ဖြစ်နေချိန်မှာ ဆိုဗီယက် မှာ ရှိနေတဲ့ အမေရိကန် သံရုံးရဲ့ အမေရိကန် ထံ စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ ဒါကတော့ Long Telegram ရယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ စိတ်ပါ ဝင်စားသူများ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒီစာထဲမှာ ပါတဲ့ ဆိုဗီယက် တို့ရဲ့ အာဏာ ပြန့်နှံ့မှု ကို တားဆီးရန်၊ ကွန်မြူနစ် အတွေးအခေါ်များ ကို တားဆီး ရန် ဆိုတဲ့ Policy ကို အမေရိကန်တို့ စတင်ကျင့်သုံးပါတော့တယ်။ ဒီ Policy ကို Containment Policy လို့ခေါ်ပါတယ်။ ၂၀ ရာစုနှစ် နှောင်းပိုင်းကျင့်သုံးခဲ့တဲ့ အမေရိကန်တို့ရဲ့ နိုင်ငံခြားရေး ဝါဒ လည်းဖြစ်ပါတယ်။ အမေရိကန် သမ္မတ ထရူမန်း Truman လက်ထက်မှာ စတင်ကျင့်သုံးတဲ့ ဝါဒ ဖြစ်တဲ့အတွက် Truman Doctrine လို့လည်း လူသိများပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီမတိုင်ခင်က အမေရိကန် သည် တံခါးပိတ်ဝါဒ ကို ကျင့်သုံးခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပါဘူး။

Опубликовано:

 

9 окт 2020

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 13   
@myanmarmusic8192
@myanmarmusic8192 Год назад
ကျေးဇူးပါဆရာ
@streetfoodideas2024
@streetfoodideas2024 3 года назад
ကျေးဇူးပါ..အားပေးနေပါတယ်
@jpjoe557
@jpjoe557 2 года назад
Thanks a lot.
@ramanyaminnyeinchan8144
@ramanyaminnyeinchan8144 Год назад
ကိုးရီးယား ကတော့ နိုင်ငံနှစ်ခြမ်းကွဲခဲ့ရပြီ ဗီယက်နမ်ကတော့ နိုင်ငံပြန်လည်ပေါင်းစည်းခွင့်ရသွားပါတယ်
@natshinnaung5395
@natshinnaung5395 2 года назад
မြန်မာတိုင်းသိသင့်တဲ့အရာပါ
@natshinnaung5395
@natshinnaung5395 2 года назад
အခု မြန်မာပြည်မှာ ဖြစ်​နေတာ proxy war ပဲ​လေ ။ ၂ဖက်အားပြိုင်မှုကြား ၊ ကိုယ့်ကြမ္မာကိုယ် စီရင်စွမ်းမဲ့တဲ့ အ​ခြေအ​နေပါပဲ။
@HninPoPoAung-vt9mb
@HninPoPoAung-vt9mb Год назад
စစ်အေးကာလ ဘာကြောင့်ပြီးဆုံးခဲ့လဲ ဆိုတာလဲ ပြောပြပေးပါ
Далее
Мой инстаграм: v1.ann
00:13
Просмотров 93 тыс.
World War I Detail
46:08
Просмотров 360 тыс.
Africa - America Civil Right movement
6:34
Просмотров 2,3 тыс.