Тёмный

ပန်ထွာဘုရင်မ 

The Burma Library
Подписаться 4,7 тыс.
Просмотров 580
50% 1

မြန်မာ ရာဇဝင်ပုံပြင်များတွင် ပန်ထွာဘုရင်မ ဟာ ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်ပါတယ်။ သူမဟာအလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်ဟု ဆိုကြပါတယ်။
မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကိုကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုကြပါတယ်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထားပြီးတော့ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌နေတဲ့ ဗိဿနိုးနတ်မင်းက ရှေးဘဝက သူနဲ့မောင်နှမတော်စပ်ဖူးသဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်းပြီးအမျိုးသမီးအား အပ်နှင်းခဲ့ပါတယ်။
ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိပါတယ်။ တစ်ကယ်လို့ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်ေသာအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွါသွားရလေ့ရှိပါတယ်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိခဲ့ပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးဟာ ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။
ဒွတ္တဘောင်မင်းကြီးဟာ ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင်ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်ခဲ့ပါတယ်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားခဲ့ပါတယ်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်းပြီး သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားခဲ့ပါတယ်။ မိဖုရားကလည်းထိုရသေ့ကို ယုံကြည်ပြီး ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏တပ်ကိုစေလွှတ်၍ တိုက်ခိုက်စေခဲ့ပါတယ်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပဲ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်ပြီး ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့ပါတယ်။
ဒွတ္တဘောင်မင်းကြီးဟာ သိကြားမင်းပေးသော လှံစင်္ကြာကို ရရှိထားသော ဘုန်းကံရှင်မင်းတစ်ပါးဖြစ်ပါတယ်။ မင်းကြီး၏ ဘုန်းတန်ခိုးတော် ကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်သရတယ်လို့ဆိုကြပါတယ်။ ထိုသို့ဘုန်းတန်ခိုး ကြီးမားတော်မူတဲ့ မင်းကြီးက ပန်ထွာဘုရင်မအား သိမ်းပိုက်လက်ဆက်ခဲ့သော်လည်း ပန်ထွာဘုရင်မသည်ကား အညှိုးအတေးထားတော်မူခဲ့ပါတယ်။ တစ်နေ့တွင် ပန်ထွာမင်းသမီး ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်လိုက်မိတဲ့အတွက် မင်းကြီးဟာမှဲ့ရှင်ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရပါတယ်။ ထိုသို့ ဘုန်းတန်ခိုးနိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာတွင် ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်တဲ့အခါ ဖောင်တော်နစ်မြုပ်ပြီးတော့ နတ်ရွာစံလွန်တော်မူခဲ့ပါတယ်။
❤️The Burma Library Channel❤️
Thanks for watching my channel. Credit all photos and video to Original creators.No copyright for background music.
All videos from this channel are owned by me & has knowledge purposes for all. My channel does not have any purposes to violate the guidelines of google & youtube policy.I solely follow all the terms of Google & RU-vid Channel.

Опубликовано:

 

11 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
အဘဘိုးမင်းခေါင်
5:46
Просмотров 3,1 тыс.
Как подписать? 😂 #shorts
00:10
Просмотров 536 тыс.
A small kitten was dumped #cat #kitten #cutecat
00:41