Тёмный
No video :(

ပုလော၊ ၅ မိုင်တိုက်ပွဲတွင်စစ်သား ၅ ဦးသေဆုံး ၂ ဦးအရှင်ဖမ်းမိ၊ လက်နက် ၈ နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ 

D Day News
Подписаться 43 тыс.
Просмотров 1,3 тыс.
50% 1

D Day News
ဇူလိုင်လ ၂၂
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ၅ မိုင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ - PRDF ထံမှ သိရသည်။
ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာသို့ အင်အား ၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာစစ်သား ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်သားများထံမှ ၆၀မမ စိန်ပြောင်း MA-7 ၁ လက်၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ MA-1 သေနတ် ၁ လက်၊ MA-2 သေနတ် ၂ လက်၊ MA-3 သေနတ် ၃ လက်၊ MA-5 ပစ္စတို သေနတ် ၁ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ မင်းဂွတ်သီး လက်ပစ်ဗုံး ၆ လုံး၊ MA-14 ခြေနင်းမိုင်း ၃ လုံး၊ MA ကျည် ဘောက် ၂၇ ခု၊ MA 2 ကျည်ဘောက်အဝိုင်း ၁ ခု၊ ကျည်ဆံ ၂၄၁၂ တောင့်၊ စစ်ဦးထုတ် ၆ လုံး၊ စကား ပြောစက် အသေး ၁ လုံး၊ ဖုန်း ၄ လုံး၊ ကျည်ကာ ၅ ခုနှင့် အီကွေ့မင် ၅ ခု တို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)နှင့် ပြည့်သူကာကွယ်ရေး တပ်မ တော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ (PPDF) တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း ၇ တပ်ခွဲ ၅ မှ စစ်ကူပေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိရှိရန်၊ အကြမ်းဖက်စစ်တပ် ယာဥ်တန်းနောက် ကပ်မလိုက်ခြင်း မပြုရန်၊ ဗုံးခိုကျင်းများ တူးထား ကြရန်နှင့် ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များကို လေးစား လိုက်နာ ပေးကြရန် မေတ္တာရပ်ခံထားသည်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲအနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #ပုလောမြို့နယ် #အကြမ်းဖက်စစ်တပ် #PDF #KNDO #ddaynews

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
Далее
Ong Bak | Fight Club Scene
15:05
Просмотров 72 млн