မနက်ခင်းစာအဖြစ်ပဲစားစား ဘယ်အချိန်စားစား အရသာရှိစေမယ့်မုန့်တွေထဲမှာတော့ ပေါက်စီကလဲတစ်မျိုးအပါအဝင်ပါပဲ။ ပဲပေါက်စီ၊ ကြက်သားပေါက်စီ၊ ဝက်သားပေါက်စီ၊ သက်သက်လွတ်ပေါက်စီ စသဖြင့် ပေါက်စီအမျိုးအစားများစွာ ရှိတဲ့ထဲကမှ ဒီတစ်ခေါက်မှာတော့ ဝက်သားပေါက်စီ လုပ်နည်းလေးကို မျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာအသားကို အသုံးပြုလို့ရသလို သတ်သတ်လွတ်စားတဲ့သူတွေ အနေနဲ့လည်း အသားမထည့်ပဲ ကြိုက်နှစ်သက်ရာ အသီးအရွက်တွေကို အစာသွတ်ပြီး ပေါက်စီ နူးနူးညံ့ညံ့လေးကို စားသုံးနိုင်ပါပြီ။
7Day TV ကရိုက်ကူးတင်ဆက်နေတဲ့ The Kitchen ရဲ့ ဟင်းလျာအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
16 сен 2024