Тёмный

ပျူစောထီးရွာထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ နေအိမ်တချို့ မီးလောင်ပျက်စီး 

Myaelatt Athan
Подписаться 179 тыс.
Просмотров 6 тыс.
50% 1

ပျူစောထီးရွာထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ နေအိမ်တချို့ မီးလောင်ပျက်စီး
ပေါက်၊ ဇူလိုင် ၇၊၂၀၂၄။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးစခန်းကို ဇူလိုင် ၆ ရက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter Pauk People Defence Force RFP- PDF တပ်ဖွဲ့ဆီက သိရပါတယ်။
အဆိုပါ စခန်းရှိတဲ့ရွာဟာ ပျူစောထီးတွေနေတဲ့ တပ်ကုန်းရွာသစ်ရွာလို့ သိရကာ ကာကွယ်ရေးတပ်ဖွဲတွေက ဇူလိုင် ၆ ရက် မနက် ၁၀ နာနာရီကနေ ညနေ ၆ နာရီအထိ ဒရုန်း၊ ရော့ကက်၊ ၆၀ မမ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
၈ နာရီအကြာ တိုက်ခိုက်နေစဉ် စစ်အုပ်စုဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ Rocket Fighter တပ်ဖွဲ့တာဝန်ခံ ကိုလပြည့် ဆက်ပြောပါတယ်။
တပ်ကုန်းရွာသစ်ရွာ ပျူစခန်းကို တိုက်ခိုက်ရာမှာ Rocket Fighter RFP-PDF၊ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် ပကဖ၊ ပေါက်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၁၊ Midland Dolphins Column - MLDC မြေလတ်လင်းပိုင်စစ်ကြောင်း၊ ပေါက်တောင်ပိုင်းပြည်သူ့ကျန်းမာရေးတပ်ဖွဲ့၊ဆောမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန် ၂၀ ရက် မနက်ပိုင်းကလည်း ကုက္ကိုစုရွာပျူစောထီးတွေဟာ သနပ်ပင်ဇင်းရွာအနီးလာရောက်မိုင်းထောင်နေချိန် ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်တပ်ဘက်က လေကြောင်းပစ်ကူပေးခဲ့ရသေးတယ်လို့ သိရပါတယ်။
သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#ပေါက် #စစ်သား #ပျူစောထီး #စခန်း #တိုက်ခိုက် #တိုက်ပွဲ

Опубликовано:

 

6 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 5   
@KunDala-ew3nn
@KunDala-ew3nn 14 дней назад
7--7--2024--
@KokoaungKokoaung-gc8nr
@KokoaungKokoaung-gc8nr 14 дней назад
နေယက်ပိုင်းဒါမျိုးတွေ ဖြစ်လာအံ့
@user-bs5ev4uq8d
@user-bs5ev4uq8d 14 дней назад
❤❤❤❤❤
@user-gv4ky2jh7h
@user-gv4ky2jh7h 14 дней назад
သားတွေဘေးကင်းစေ
@user-gv4ky2jh7h
@user-gv4ky2jh7h 14 дней назад
ရဲဘော်တွေဘေးကင်းစေ
Далее
skibidi toilet 76 (part 2)
04:28
Просмотров 15 млн
The Trump rally shooting from a photographer's POV
00:58