ပြည်သူ့ချဥ်ဖတ် (Opinion/ရုပ်သံ)
~~~~~~~
ဘယ်လိုလဲကွ၊ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရ၊ အခုရက်ပိုင်းမှာ တရုတ်ကြီးရော မင်းရော လှုပ်ရှားကြ ပြာယာခတ်ကြလို့ပါလား။ ထူးခြားဖြစ်စဥ်တွေ ဖြစ်နေကြဟန်တူပါရဲ့။
တရုတ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို အပြောင်းအလဲ လုပ်လိုက်တယ်။ ဒီနောက် နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံမှာ လုပ်မယ့် မဲခေါင် - လန်ချန် အစည်းအဝေး တက်ရောက်ဖို့ အသွား မြန်မာနိုင်ငံကို ဝင်လာတယ်။ မင်းနဲ့ရော၊ အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေနဲ့ရော တွေ့ဆုံသွားတယ်။ မင်းနဲ့တွေ့ဆုံတာကတော့ အခိုက်အတန့် အာဏာသိမ်းထားတဲ့ အကြမ်းဖက်ခေါင်းဆောင် ဖြစ်တာမို့ တွေ့ဆုံတယ် ဆိုတာ ထားလိုက်ပါတော့။ ဗိုလ်သန်းရွှေနဲ့ ဘာလို့ တွေ့ရတာလဲ။ လိုအပ်လို့လားကွ၊ ဗိုလ်သန်းရွှေက သမိုင်းမှာ နာမည်ဆိုးနဲ့ ကမ္ပည်းထိုး ပြီးဆုံးသွားပြီပဲ။ မင်းကို ကာ/ချုပ်ရာထူး လွှဲအပ်ပေးထားခဲ့လို့ မင်းရဲ့ အန္တေဝါသိက ဆရာလို့များ ထင်မှတ်ယူထားလေရော့သလား မပြောတတ်ဘူး။
ဒါထက် ကြုံကြိုက်လို့ ဖြတ်ပြီး ပြောရအုံးမယ်။ အခုတလောက မင်းက အစည်းအဝေးတွေမှာ နှစ်နာရီလောက် ပြောမယ့်စကားကို စကားတွေ ဖောင်းပွ ချာလပတ်ရမ်းပြီး လေးနာရီလောက် ဖြစ်သွားအောင် ပြောနေတယ်ဆိုကွ။ ပြီးတော့ အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ မင်းရဲ့ ကိုယ်ရည်သွေး တီးလုံးတွေကိုလည်း မကြာခဏ ထည့်ထည့် ပြောနေတယ်ဆို။ အဲဒါနဲ့ပတ်သက်ပြီး မင်းကို စိတ်ပညာရှင်တွေက နာဆစ်စစ် (narcissists) ရောဂါ စွဲကပ်နေပြီလို့ ပြောဆို သုံးသပ်နေကြလေရဲ့။ နာဆစ်စစ်ရောဂါဆိုတာကို အရှင်းလင်းဆုံးနဲ့ နားလည်လွယ်အောင် ပြောရရင်တော့ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ ရောဂါပေါ့ကွာ။
……………
ဒေါင်းနီရေးသားတဲ့ “ပြည်သူ့ချဥ်ဖတ်” အတွေးအမြင် ဆောင်းပါးကို နွေလင်းဟန် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
#ငွေမောင်းသံ မီဒီယာ
2 окт 2024