Тёмный

ဖား‌အောက်ဆရာတော် ဟောကြားတော်မူသော ဓမ္မစက္ကပဝတ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော် အပိုင်း (၁) 

Dhamma Thitsar
Подписаться 34 тыс.
Просмотров 10 тыс.
50% 1

ဖား‌အောက်တောရဆရာတော် ဟောကြားတော်မူသော ဓမ္မစက္ကပဝတ္တနနှင့် အနတ္တလက္ခ ဏသုတ် တရားတော် အပိုင်း (၁) -
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ေ့ရှကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်ကြကုန်သည် ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်ငှ ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ေ့ရှက သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်
သတည်း ။
• ဖားအောက်တောရ ဆရာတော်ကြ...
- - - - - - - - - - - - - - - - - - -- - - - - - - - - - - -- - - - - - - - - - -- - -
တရားများနာကြားပြီး အသိထူး၊အသိဉာဏ်များတိုးတက်နိုင်ပါစေ။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ
တရားချစ်ခင် တရားတော်များကို နာယူကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား တရား ဓမ္မများကို နေ့စဉ် နေ့တိုင်း အမြဲမပျက် တင်ဆက်ပေးလျှက်ရှိပါသည်။ အသစ်တင်သော တရားတော်များအား သိရှိနိုင်ရန် Subscribe လုပ်ထားပေးရန် တောင်းဆိုအပ်ပါသည်။
သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 9   
@hlahla8234
@hlahla8234 4 месяца назад
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား
@aggadakenaya6154
@aggadakenaya6154 3 месяца назад
ကျေးဇူး များလှပါသည်🙏🙏🙏
@nayayelin-nk4hc
@nayayelin-nk4hc 18 дней назад
🌹၁၃၇၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၀၈ မေ ၂၄ ) စနေနေ့ (ရက်ရာဇာ)🌹စင်္ကာပူ ရှောင်လင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ဓမ္မသဘင် တွင် 🙏ဘုရားသားတော် အရိယာသံဃာတော်စင်စစ်ဖြစ်တော်မူသော🙏တတိယဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ🙏ဟောကြားတော်မူသည့် "ဓမ္မစက္ကပဝတ္တနသုတ္တန်၊ အနတ္တလက္ခဏသုတ္တန် တရားဒေသနာတော်" အပိုင်း (၁)🙏🙏🙏
@seinthan6756
@seinthan6756 19 дней назад
❤ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ
@UKyawNyunt-g6l
@UKyawNyunt-g6l 28 дней назад
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားအနာမဲ့အသက်ရှည်စွာသာသနာတော်ဝန်ကိုထမ်းဆောင်တော်မူနှိုင်ပါစေဘုရား။
@mrkaung-t3f
@mrkaung-t3f 6 месяцев назад
🙏🙏🙏 🙏🙏🙏 🙏🙏🙏
@KhinMarLar-k4q
@KhinMarLar-k4q 2 месяца назад
ဆရာ​တော်ဘုရားကြီးသက်ရှည်ကျန်းမာပါ​စေ
@SanMyintAye-x8u
@SanMyintAye-x8u 2 месяца назад
ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ
@thiaye9990
@thiaye9990 4 месяца назад
💯🙏🙏🙏
Далее
When Khabib dropped Conor McGregor 👀 #nocommentary
00:59
When Khabib dropped Conor McGregor 👀 #nocommentary
00:59