Тёмный

ဘိုးဘိုးအောင် သုမောင် New Music C2 

သီချင်းကောင်းကင် သီချင်းမိုးတိမ်
Просмотров 1,4 тыс.
50% 1

ဘိုးဘိုးအောင် New Music C2
တေးရေး ရွှေတိုင်ညွန့်
မူရင်းဆို ခင်မောင်ရင် (1939)
ပြန်ဆို သုမောင်
• ဘိုးဘိုးအောင် သုမောင် ...
သုမောင် လက်ရွေးစင် သီချင်းများ Album
ရွှေတိုင်ညွန့် ၏ ဘိုးဘိုးအောင်
တို့ဗမာ…တေဇာဂုဏ်ရည်….ကျုပ်တို့လူမျိုး တန်းခိုးရှိသည်…. ဘုန်းကံရှင်များ ထင်ရှားခဲ့သည်….. ပထမံ အတတ်နဲ့ ထွက်ရပ်လမ်းပေါက်ခဲ့ပါသည်….. ဘိုးဘိုးအောင် အတ္ထုပတ္တိကို … သိချင်ပေလိမ့်မည်…..
(ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်….. ကျောင်းသားအရွယ်…. ငယ်သူငယ်ချင်း သုံးယောက်ရှိလေသည် …..တဲ့ဗျ/တဲ့)၂….
စုံစုံညီညီ ကတိသစ္စာ ထားကြပုံက အရွယ်ရောက်တဲ့ ချိန်ခါမီ …. တစ်ယောက်ကောင်းစားရင် တစ်ယောက်ကို မ မည်….. တောအရပ်ခိုမှီ တစ်ဦးကတော့ ရဟန်းဘဝနဲ့ နေတော်မူသည်….. အလယ်လူ ထင်လင်းစွာ မင်းဖြစ်တော့သည်….
ကျန်သူတစ်ယောက်က ထူးစွာပေါ်လာသည်… ပြဒါးနဲ့ ရေသယံ သံကိုမထိုးဘဲနဲ့ ပထမံ တန်းခိုးကြောင့် ဘိုးဘိုးအောင် တဘောင်နဲ့ ပေါ်လာသည်…..တဲ့……
တစ်နေ့သောအခါမှာ… အာဏာ ပြင်းတဲ့ ရာဇာမင်းကတော့ သူငယ်ချင်းများနဲ့ ထားတဲ့ သစ္စာမတည်… ဘိုးဘိုးအောင် ပညာအတတ်နဲ့ နန်းရပ်ထီးဖြူ လုယူမယ်ထင်သည်….တဲ့…. အမိန့်တော်ကို မသွေမှတ်တယ် အသေသတ်မယ် အထူးပဲကြံစည်…. ကတိကို မတည်… အကြံရိုင်းတဲ့ ဘိုးတော်ဦးဝိုင်းသည်…. မဆိုင်းခဏပင်ကြံစည်…. ဗိုလ်မှူးတွေကို သူစေခိုင်းလို့ သွေမစောင်း ရေလောင်းနဲ့အတည်…. လက်ပြန်ကြိုး အမျိုးမျိုးချည်… ဖမ်းခဲ့ပြန်သည်…. အရမ်းမဲ့ကြံစည်…. ဂုဏ်မောက်တဲ့ ထိုမင်းသည် ထင်လင်းစေရအောင် အကြောင်းကို ပြဦးမည် သြော် ဘိုးဘိုးအောင်က သူ့တိုင်းပြည်ဘောင်သို့ ဌာနီ ဆိုက်အောင် လိုက်ကာလာပြန်သည် အတည်…. မင်းရို့ ဘုရင် ဧကရာဇက အပြစ်ရှာသည်…. သစ္စာမတည်…. ပထမံအတတ်ဟာ သတ်လို့ မသေပါသည်…..တဲ့……
(သတ်ရန်ကို မဆိုထားနဲ့ တော့ ထင်ရှားအောင်မြင်ရမည်…. ငါရေးပြပါတဲ့ “ဝ” တစ်လုံးကိုသာ အတည်… ပျက်အောင်ပင်/မင်းပျက်အောင် ဖျက်နိုင်ရင် ငါ့ကိုနိုင်လိမ့်မည်/မည်………တဲ့)၂ ပထမံ ဂုဏ်ရောင် ဘိုးဘိုးအောင်က ဤကဲ့သို့ ပညာလျင်စွာပြပြီ ထီးဘုရင်မဟာသည်….. သူကိုယ်တိုင်ထင်လင်းစွာ အတင်းဖျက်လိုက်ခါမှ အစက “ဝ” တစ်လုံးဟာ နှစ်လုံးဖြစ်လာသည်….
နှစ်လုံးဖျက်ပြန်တော့ လေးလုံးပေါ်ခဲ့သည်……နှစ်ဆတိုးတာဟာလေ ကျွန်တော်တို့ ဗမာ့တန်ခိုးပါဗျ လွန်ထူးဆန်းတဲ့ စွမ်းရည် ဘိုးဘိုးအောင်ပါရမီ…..တဲ့…..
+ + + + +
(ဗုဒ္ဓဘာသာ မြန်မာ/တို့ဗမာ ဟူသမျှ ရန်ဘယာမြူမခ စိတ်သာချ အတည်…. ဝိဇ္ဇာမမည်)၂…. စီးပွားချမ်းသာ ကျန်းမာကာရွှင်ကြည်…. ထင်တိုင်းပေါက်မည်…. ဝမ်းမြောက် ကြစေဖို့ ချိန်ခါမီ…. ဘိုးဘိုးအောင်သည် မကြာခဏနဲ့ မလိမ့်မယ် ယုံကြည်….။

Опубликовано:

 

11 июл 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ဘိုးဘိုးအောင်
4:43
Просмотров 5 тыс.
СЛУЧАЙ В ЧЕРНОБЫЛЕ😰#shorts
00:19
Просмотров 327 тыс.
နွားကျောင်းသား
5:51
Просмотров 380 тыс.