Тёмный

ဘုတလင်နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ 

Myaelatt Athan
Подписаться 218 тыс.
Просмотров 4,5 тыс.
50% 1

ဘုတလင်နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)
စစ်ကိုင်း၊ ဇူလိုင် ၁၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ကားစပယ်ယာ ၁ ဦး နဲ့ ခရီးသည် ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၅ ရက် မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ရေဦးကနေထွက်လာတဲ့ နယူးစိန်ဌေးလှိုင်ကားနဲ့ ရန်ကုန်ကနေ ရေဦး ဘက်ကိုလာတဲ့ နယူးစွမ်းကားတို့ ဘုတလင်မြို့နယ် လက်ပန်ရွာနားအရောက်မှာ ဖင်ချင်းပွတ်တိုက်မိရာကနေ နယူးစိန်ဌေးလှိုင်ကား တိမ်းမှောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နယူးစိန်ဌေးလှိုင်ကားမှာ လိုက်ပါတဲ့ စပါယ်ယာ ၁ ဦး‌ ပွဲချင်းပြီးသေဆုံးသွားပြီး ဆေးရုံရောက်တဲ့အချိန်မှာတော့ နောက်ထပ် ခရီးသည်အမျိုးသား ၁ ဦးလည်း ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ် ။
သေဆုံးသွားတဲ့ကားစပါယ်ယာက နွားထိုးကြီးကဖြစ်ပြီး ခရီးသည်ကတော့ နေရပ်မသိရသေးကာ သွေးထွက်လွန်ပြီး ဆေးရုံအရောက်မှာ ဆုံးသွားတယ်လို့ သိရပါတယ်။ ဒါအပြင် ခရီးသည် ၁၀ ဦးကပြင်းထန်ဒဏ်ရာရကာ ၇ ဦးက မစိုးရိမ်ရပါဘူး လို့ ဘုတလင်မြို့နယ်ခံ ကိုပတ္တမြားက ပြောပါတယ် ။
ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာတော့ စစ်ကိုင်းလူမှု့ကူညီကယ်ဆယ်ရေးမှကားတွေ ရောက်လာပြီး ဒဏ်ရာရသူတွေကို စစ်ကိုင်းမြို့‌ကို သယ်ဆာင်သွားတယ်လို့လည်း သိရပါတယ်။
ယာဉ်မောင်း‌တွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အပ်နှံလိုက်ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ် ။
ဘုတလင်နယ်မှာ အခုလိုယာဉ်တိုက်မှုဖြစ်တာဟာ ပထမ အကြိမ်ဖြစ်ပြီး သိမ်းမှောက်သွားတဲ့ နယူးစိန်ဌေးလှိုင်ကားကိုတော့ ကရိန်းကား နဲ့ လာရောက်ဆွဲယူသွားပြီးဖြစ်တယ်လို့ သိရပါတယ် ။
သတင်း - နန်းခမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ဘုတလင် #လက်ပန်ရွာ #ယာဉ်တိုက်မှု #၂ ဦးသေဆုံး #၁၀ဦးကျော်ဒဏ်ရာရ #မြေလတ်သတင်း #မြေလတ်ရုပ်သံ

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
@soe-ko9xc
@soe-ko9xc 3 месяца назад
ဘုတလင်မှာဖြစ်တာ အနီးဆုံးက ရေဦးနဲ့ မုံရွာလေ ဘယ်က စစ်ကိုင်း ကယ်ဆယ်ရေးက လာခေါ်ရတာတုန်း မသိလို့ပါ
@naingaungaye9878
@naingaungaye9878 3 месяца назад
😭😭😭😭😭
@Dawkhing-mb3ps
@Dawkhing-mb3ps 3 месяца назад
မအေလိုးကားသမားများ ဖြည်းဖြည်းမှမမောင်းကြတာ😊
Далее
Report Suggests Sinwar Seeking Immunity
7:38
Просмотров 313 тыс.
When Royal Guards Fight Back!
8:08
Просмотров 6 млн
Ong Bak | Fight Club Scene
15:05
Просмотров 75 млн