Тёмный

ဘူကောင် ၅ မျိုးကို ရှောင် 

Dr. Phyo Paing
Подписаться 86 тыс.
Просмотров 9 тыс.
50% 1

"ဘူကောင်ငါးမျိုး"
၁။ နာစီဆစ် (Narcissist)
ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးထင်
တခြားသူတွေကို အထင်သေး
ကိုယ့်အမှားကို လက်မခံတတ်
၂။ ဘော်ဒါလိုင်း (Borderline)
စိတ်ခံစားမှု အရမ်းပြင်းထန်
ဆက်ဆံရေးတွေ မတည်မငြိမ်ဖြစ်
အလွန်အကျွံ တုန့်ပြန်တတ်
၃။ လူမှုဆန့်ကျင် (Antisocial)
လူ့ကျင့်ဝတ်တွေ ဂရုမစိုက်
စာနာမှု ကင်းမဲ့
လိမ်ညာလှည့်ဖျားတတ်
၄။ ပါရာနွိုက် (Paranoid)
သံသယအရမ်းများ
လူတိုင်းကို မယုံကြည်
အမြဲတမ်း ခြိမ်းခြောက်ခံရသလို ခံစား
၅။ ဟစ်စထရီယွန်းနစ် (Histrionic)
အာရုံစိုက်မှု အမြဲလိုချင်
အရမ်းဒရာမာဆန်
လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစား
"ဘူကောင်တွေ တွေးနည်း"
၁။ အဖြူ-အမဲ တွေးခြင်း -
အလယ်အလတ်မရှိ။
ကိုယ်ပဲမှန်၊ သူများအမှားလို့ မြင်။
၂။ စိတ်ခံစားမှု မထိန်းနိုင် -
အခြေအနေနဲ့ မကိုက်လောက်အောင်
ပြင်းထန်စွာ တုံ့ပြန်။
၃။ အစွန်းရောက်အပြုအမူ -
နှုတ်ဖြင့်ထိခိုက်စေခြင်း၊
မဟုတ်မမှန်စွပ်စွဲခြင်း၊
အများရှေ့အရှက်ခွဲခြင်း၊
တရားစွဲခြင်းတို့ လုပ်တတ်။
၄။ သူများကိုအပြစ်ပုံချခြင်း -
ကိုယ့်ပြဿနာကို တာဝန်မယူဘဲ
သူများကိုသာ အပြစ်တင်။
တစ်ဦးတစ်ယောက်ကို ဦးတည်ပြီး
ထပ်ခါထပ်ခါ တိုက်ခိုက်။
"ဘာကြောင့် ဘူကောင်ဖြစ်လာသလဲ?"
၁။ မျိုးရိုးဗီဇနဲ့ ဦးနှောက်ဓာတု -
အချို့သူတွေမှာ စိတ်ခံစားမှု
ထိန်းချုပ်ရခက်တဲ့ မျိုးရိုးဗီဇပါလာတယ်။
၂။ ငယ်စဉ်က အတွေ့အကြုံ -
အနိုင်ကျင့်ခံရခြင်း၊
လျစ်လျူရှုခံရခြင်း၊ သို့မဟုတ်
အလိုလိုက်ခံရခြင်းတွေက
ဘူကောင် ဖြစ်စေနိုင်တယ်။
၃။ ကိုယ်ရည်ကိုယ်သွေးပြဿနာ -
နာစီဆစ်၊ ဘော်ဒါလိုင်း စတဲ့ ပြဿနာတွေက
ဘူကောင် လက္ခဏာတွေ ဖြစ်စေတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် သတိမမူမိခြင်း -
သူတို့ရဲ့အပြုအမူက တခြားသူတွေကို
ဘယ်လိုထိခိုက်စေတယ်ဆိုတာ မသိကြဘူး။
၅။ ပြောင်းလဲဖို့ ခက်ခဲခြင်း -
ကိုယ့်မှာ ပြဿနာရှိတယ်ဆိုတာ
မသိတဲ့အတွက် ပြောင်းလဲဖို့ မကြိုးစားကြဘူး။
၆။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ -
ကိုယ့်ရဲ့ နက်ရှိုင်းတဲ့ လိုအပ်ချက်တွေကို
ဘူကောင် အပြုအမူတွေနဲ့
ဖြည့်ဆည်းဖို့ ကြိုးစားကြတယ်။
၇။ လူမှုယဉ်ကျေးမှု အကြောင်းအချက်များ -
ခေတ်သစ်မှာ လူမှုအသိုင်းအဝိုင်း
ထောက်ပံ့မှု နည်းပါးလာတာက
ဘူကောင် အပြုအမူတွေ ပိုဖြစ်လာစေတယ်။
အထက်က အကြောင်းအရာတချို့က
Bill Eddy ရဲ့ တွေ့ရှိချက်တချို့ကိုအခြေခံ
ရေးထားပေးတာဖြစ်ပါတယ်။
ပိုကောင်းတဲ့ အနာဂတ်ဖြစ်ဖို့
မိသားစုထဲ၊ အပေါင်းအသင်းထဲ၊
ကိုယ်နေထိုင်တဲ့နေရာမှာ
ဘူကောင်တွေနည်းသွားအောင်
အတွေးအခေါ်ပိုင်း ဖေးမပေးသွားဖို့လိုနိုင်တယ်။
နာကျင်စရာ ခံစားမှု Trauma တွေ
ဘဝရဲ့ ဒရာမာ Drama တွေ ဖြစ်စေနိုင်တယ်။
ကျေးဇူးတင်စရာတစ်ချက်က
ဒီလိုအခြေအနေမျိုးမှာ
ဗြဟ္မစိုရ်တရား ၄ ပါး ဖြစ်တဲ့
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်တဲ့
လူတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာပါပဲ။
Phyo Paing @ Derek
#drphyopaing

Опубликовано:

 

2 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 44   
@sengnawawnghkyeng9179
@sengnawawnghkyeng9179 19 дней назад
ဒါပေမဲ့ အကြီးအကျယ်အောင်မြင်နေတဲ့ သူတွေထဲမှာလည်း အဲလို လူစားတွေများပါတယ်. အောင်မြင်တဲ့ သူတွေဟာ နည်းနည်း ဆိုင်ကို ဖြစ်ကြတာများတယ်. သူများထက်လည်း ပိုအစွန်းရောက်ကြတယ်. နာဆစ်စစ်ဖြစ်ကြတာလည်း များတယ်. အဲဒီလိုခေါင်းမာလို့ပဲ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ကြတာလည်းရှိတယ်. ကိုယ်တွေကျတော့ သူတစ်ပါးကို စာနာပေး။ ညှာတာပေးတော့ နောက်ကျ ကျန်ခဲ့တာများတယ်.
@kamhueh2898
@kamhueh2898 12 дней назад
ဆရာ ခုပြောတဲ့လူမျိုးက ကိုယ့်မိဘတွေဖြစ်နေရင် ဘယ်လို လုပ်ရမလဲ 😢
@yoonwaditun958
@yoonwaditun958 17 дней назад
G 11 စနစ်သစ်တက်နေပါတယ်ရှင့် ဆရာ့ video တွေလည်းဟိုးအရင်တဲက ကြည့်ပြီး knowledge တွေ အများကြီးရပါတယ်ရှင့် နောက်နှစ် G 12အတွက် AllDမှန်းထားပါတယ်ရှင့် ဆရာ10တန်းတုန်းကစာလေ့လာခဲ့ပုံတွေ သုံးခဲ့တဲ့ technique တွေ video လေး လုပ်ပေးစေချင်ပါတယ်ရှင့် Biology ကိုလည်း အချိန်မရွေးမမေ့ဘဲမှတ်မိနေနိုင်အောင် ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ရှင့် တခြား ကျောင်းသားတွေလည်းသိချင်နေမယ်လို့ထင်ပါတယ်🍀
@myoko1897
@myoko1897 19 дней назад
ကျွန်တော်တို့နိုင်ငံက ဘူကောင်တွေများနေတာ😢
@TunOokyaw-d9l
@TunOokyaw-d9l 19 дней назад
အဲ့ဒီ​လို​နေ့​ပြောရင်အကိုဘူ​ကောင်ဖြစ်​နေတယ်မသိစိတ်က​နေ​ပေါ့
@AllfatherisOdin
@AllfatherisOdin 14 дней назад
ကိုယ်လည်းဘူကောင်ဖြစ်ဖူးတယ် ရုံးထွက်နေတုန်း 😂 ကိုယ်ဘူကောင်ဖြစ်နေတာကိုယ်တိုင်လည်းမသိခဲ့တာမျိုးတွေရှိတယ်… အလိုလိုက်မခံရဘူး ကြီးမှ ဆိုးမိနေသလို
@NweNiWin-10
@NweNiWin-10 13 дней назад
စိတ်ခံစားမူ မထိန်းချုပ်နိုင်ဘူး
@AikHanKham
@AikHanKham 13 дней назад
Thanks
@NishaYadav-x2s
@NishaYadav-x2s 11 дней назад
Dr. အကုန်လုံးက ဘူကောင်းပုံစံအကျင့်တစ်ခုစီရှိနေတယ် အကိုလုံးကိုရှောင်ရမလား ရင်ဆိုင်ဘယ်လိုဖြေရှင်းလိုက်ရမလဲ
@FtHh-k6g
@FtHh-k6g 14 дней назад
😢😢😢😢😢😢
@knowledgetowinsdom
@knowledgetowinsdom 14 дней назад
😂
@yinnyein-yg2du
@yinnyein-yg2du 19 дней назад
ကိုယ်တိုင်က ဘူကောင်ထဲမှာပါနေပါတယ်၊ ပြင်ချိန်စိတ်တော့ရှိပါတယ်၊ ပြင်ဖို့လည်းကြိုးစားပါမယ်ဆရာ။ ဆရာတော်ကြီးရဲ့တရားစကားနဲ့ဆိုရင် စရိုက်နဲ့ဝါသနာဆိုသလို ဝါသနာနီးပါးဖြစ်လာတဲ့ စရိုက်တွေကို ပြင်ဖို့ အတော်ကြိုးစားယူရမှာပါ။
@selfmastery5245
@selfmastery5245 19 дней назад
Narcissist တွေကို အကြောက်ဆုံးပဲ။
@amycirrus3390
@amycirrus3390 19 дней назад
ဘူကောင်ဆို မင်းအောင်လှိုင်က ထိပ် ဆုံးဖြစ်မှာ 😂
@kaythi4513
@kaythi4513 19 дней назад
မိသားစုဝင်တွေကိုက ဘူကောင်တွေဖြစ်နေတယ်ဆရာ။ ဘူကောင်တွေကိုရှောင်ရင်း ကိုယ်ကိုယ်တိုင်လည်း ဘူကောင်မဖြစ်အောင် ကြိုးစားနေပါတယ်။ ကျေးဇူးပါ ဆရာ
@cyb3r577
@cyb3r577 19 дней назад
အကယ်၍မိသားစုဝင်တွေဖြစ်နေခဲ့ရင်သူတို့ကိုချွင်းချက်ထားပြီးခွင့်လွတ်ပေးရမှာပါ။ ဘာလို့လဲဆိုတော့ မိသားစုဆိုတာက နှစ်ခါပြန်မရတာမို့လို့ပါ။ တခြားလူတွေဆို action လုပ်ဖို့ သင့်ပါတယ်။ မိသားစုကလူတွေကို " ဪ သူတို့က သူတို့ငယ်ငယ်က ဆုံးမမှူ မှားယွင်းစွာကြီးပြင်းခဲ့ရလို့ သူတို့ပုံစံအတိုင်း ပြန်ဆက်‌ဆံနေတာပါ " ဆိုပြီး ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့က ကျနော်တို့သိသလောက် မသိဘူးလေ။ ရှေးခေတ်လူတေရဲ့ အသိနဲ့ကျနော်တို့ရဲ့အသိက မတူဘူးဗျ။ကျနော်တို့ စီတ်ပညာတေ နားလည်သလို သူတို့ 100% နားမလည်နိုင်ဘူး။ သူတို့ ဘယ်လောက်ဘူဘူ ခွင့်လွှတ်ပေးလိုက်ပါ မိသားစုဖြစ်နေလို့ပါ
@SawThandaAung_PM
@SawThandaAung_PM 2 дня назад
@@cyb3r577 ခွင့်လွှတ်ပေးလို့တော့ရပါတယ် ကိုယ့်ကိုထိခိုက်လာအောင် တော့ လုပ်ခွင့်မပြုရပါဘူး ဒါလေးတော့ လူတိုင်း သတိချပ်ရမယ့်အချက်ပါ
@sanay5914
@sanay5914 19 дней назад
ကျေးဇူးပါ ဆရာ
@channyeintun6411
@channyeintun6411 18 дней назад
self-awareness, self-reflection တွေဟာအမြဲတမ်းရှိသင့်တဲ့အရာတွေပါပဲခင်မျာ ဗုဒ္ဓနည်းလမ်းအတိုင်းဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားဖို့လိုပါတယ်ခင်မျာ
@FtHh-k6g
@FtHh-k6g 14 дней назад
ခင်ဗျားပြောသလိုအတော်များများဖြစ်နေတာဗျမြန်မာပြည်မှာလေ။
@KhineNyeinKyaw-z8u
@KhineNyeinKyaw-z8u 15 дней назад
Hello sir, I would like to know more about your Journaling book. I heard about it from your interview. If it’s confidential, could you please provide some guidelines instead? I’ve searched for information on Journaling on RU-vid and the internet, but I didn’t completely like what I found. So, I’m seeking a reference from your Journaling book.
@DrPhyoPaing
@DrPhyoPaing 15 дней назад
ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-4L4IfV1-PE0.htmlsi=I2qGK5S_3BJarAlM
@KhineNyeinKyaw-z8u
@KhineNyeinKyaw-z8u 15 дней назад
@@DrPhyoPaing Thanks u very much,Sir.
@sayarsine6479
@sayarsine6479 17 дней назад
Thanks 🎉
@thirikyawhla4312
@thirikyawhla4312 19 дней назад
ကိုယ်တိုင်က ငယ်စဉ်က အရမ်းအလိုလုိက်ခံရလို့ ဘူကောင် ဖြစ်နေရင်ရော ဘယ်လိုကြိုးစားပြီး ပြင်ရမှာလဲ ဆရာ😢 အမြဲ တခြားသူ စိတ်ခံစားမှုကို ထည့်မတွေးမိဘူး ဖြစ်နေတာ
@KyawThetNaing227
@KyawThetNaing227 19 дней назад
ဘဝတူတွေဗျာ လွယ်လွယ်ရလွယ်လွယ်သုဲး အလိုလိုက်ခံရ တော့ ဘူသထက်ပိုဘူ ဘလိုပြင်ရမလဲ
@thirikyawhla4312
@thirikyawhla4312 12 дней назад
@@KyawThetNaing227 ကြိုးစားပြင်ရမှာပေါ့
@EllenRynn
@EllenRynn 16 дней назад
Part timeမှာဘူကောင်တွေအရမ်းများတယ်သူတို့နဲ့တွေ့တိုင်းအမြဲnegative vibesတွေ နေရတာလုံးဝအဆင်မ​ပြေဘူး အဲ့တာတောင်ကိုယ်ကသူတို့လိုnegative vibesမကူးအောင်ကိုယ့်ဘာကိုနေတော့PGK တယ်ပြောခံရကော
@joy0552
@joy0552 18 дней назад
ဆရာ family member ဖြစ်နေ လို့ ရှောင်လို့ မရလို့ ဘယ်လို နေထိုင်သွားရမလဲပြောပြပေးပါ။
@Antoyjunior123
@Antoyjunior123 19 дней назад
ဆရာ့စာအုပ်ခုဖတ်နေတာနဲ့ အလောတော်ပဲ
@joy0552
@joy0552 18 дней назад
Family member ဖြစ်နေတယ် ဆရာ။ကိုယ်တိုင် medical person ဖြစ်လို့ ဖြေသိမ့်နေပေမယ့် ခုတော့ တော်တော်လေး ခံရခက်လာတယ် ဆရာ။
@thirikyawhla4312
@thirikyawhla4312 19 дней назад
Borderline ဖြစ်နေတဲ့ ခံစားချက်ကို ဘာ်လို ထိနိးချုပ်ရမလဲ ဆရာ
@DrPhyoPaing
@DrPhyoPaing 18 дней назад
self-awareness
@naingminsoe7083
@naingminsoe7083 18 дней назад
သူများတွေကို သံသယဝင်တယ်
@KhinHninOo-dx4zj
@KhinHninOo-dx4zj 19 дней назад
ကို့အမှားတော့ကိုသိတယ် ပြင်လည်းပြင်ချင်တယ် ‌အောင်မြင်ပီးဆုံးအောင် မလုပ်နိုင်ဘူး လုပ်ဖို့မကြိုးစားမိတာကျ ဘယ်လိုစိတ်ဆုံးဖြတ်ပီး ဆက်လုပ်ရမလဲဆရာ
@BhoneMinnThant-wo6xd
@BhoneMinnThant-wo6xd 17 дней назад
ဘူကောင်မဖြစ်ချင်ဘူးဆရာ
@AungkaungMyat-ox3re
@AungkaungMyat-ox3re 19 дней назад
ကျေးဇူးပါ ဆရာ
@wittyeekhine132
@wittyeekhine132 19 дней назад
👍👍👍😍😍
@KTMO768
@KTMO768 19 дней назад
Thanks. 🎉🎉🎉❤❤❤
@MayZinOo-t1o
@MayZinOo-t1o 19 дней назад
Thank u Dr
@lilyzunlay2435
@lilyzunlay2435 2 дня назад
ရှောင်ပါတယ်
@Lian-l5r
@Lian-l5r 18 дней назад
မအလကဘူကောင်စစ်စစ်ဖြစ်နိင်တယ်
@PhyoWai-r4h
@PhyoWai-r4h 15 дней назад
အကိုကျန်းမာ ပါစေ ပျော်ရွင်ပါစေ
@kyiooaung4133
@kyiooaung4133 19 дней назад
❤❤
Далее
Китайка стучится Домой😂😆
00:18
Сколько стоит ПП?
00:57
Просмотров 173 тыс.