Тёмный
No video :(

မတ္တရာတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၅ ဦးသေဆုံး 

MizzimaTV
Подписаться 2,8 млн
Просмотров 16 тыс.
50% 1

008 မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာ ကြားတွင် ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုမှ သတင်းထုတ်ပြန် ထားသည်။
မန္တလေးမှ မတ္တရာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန်ထွက်ခွာလာသည့် စစ်ကားကိုးစီးပါ ယာဉ်တန်းကို ထန်းပင်ကုန်းကျေးရွာနှင့်ကျောက်တံတားကျေးရွာကြားအရောက်၌ ရှေ့ထွက်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားအသေးတစ်စီးနှင့် အကြီးတစ်စီးထိမှန်ခဲ့ပြီး နေရာတွင်ရပ်သွားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
“နောက်ဆက်တွဲသတင်းတွေအရ ဗိုလ်အပါဝင်ငါးဦး မုန့်ဟင်းခါး(သေဆုံး)ဖြစ်သွားပြီး အများအပြားထိ ခိုက်ဒဏ်ရာရသွား​တယ်” ဟု ပြန်ကြားရေးဗျူရိုကပြောသည်။
“ဖြစ်တာက ထန်းပင်ကုန်းရွာနဲ့ ပိုနီးတယ်။ အသံကတော့ ကျွန်တော်ဘက်ကလည်း ကြားရတယ်။ ဗိုလ်တဦးသေတယ်ဆိုပြီး ထန်းပင်ကုန်းထဲ ပတ်ကြမ်းသွားတယ်”ဟု ကျောက်တံတားကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့်နေရာအနီးမှ ထန်းပင်းကုန်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေရာ ည ၇ နာရီအထိ ပြန်ထွက်မသွားသေးကြောင်း ဒေသခံ တစ်ဦးကဆိုသည်။
“မီးရှို့တာဘာညာတော့ လောလောဆယ်လုပ်တာ မတွေ့ရသေးဘူး။ ရွာအပြင်လည်း ထွက်ခွင့်မပေးသေး ဘူး” ဟု ၎င်းဒေသခံက ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးရန် သွားရောက်သည့် ယာဉ်တန်းဖြစ်ကြောင်းသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#စစ်ကောင်စီယာဉ်တန်း
#မြနန္ဒာစစ်ဆင်ရေး(မန္တလေး)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.
/ @mizzimanewstv
Facebook | Myanmar Language - bit.ly/3BuWBSJ
Facebook | English language - bit.ly/3d5g1V2
Facebook | Mizzima+TV - bit.ly/3eGNjdl
Twitter - bit.ly/3Dbvqh1
Telegram - bit.ly/3RRn2rk
Tiktok - bit.ly/3xngMzE
Get Mizzima TV App Free - onelink.to/jnu...
Website:
www.mizzima.com/
www.mizzimabur...
www.mizzima.tv/

Опубликовано:

 

28 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 4   
@Eversmile-ou8yy
@Eversmile-ou8yy Год назад
@YYYT.nnnvuu
@YYYT.nnnvuu 3 месяца назад
မင်းတို့ကသာ5ယောက်သေတယ်ပြောဟိုကဖင့်ကားမောင်းသွားတာတောင်မပျက်ဘူး
@aunggye3790
@aunggye3790 Год назад
ကွက်တိ ပဲ good
Далее
Коротко о моей жизни:
01:00
Просмотров 537 тыс.
what will you choose? #tiktok
00:14
Просмотров 6 млн
မှားပစ်တဲ့ လေတပ်
12:58
Просмотров 1,7 млн
24 podcast: Národy a národnosti v SNP
19:02
Просмотров 4,4 тыс.
Коротко о моей жизни:
01:00
Просмотров 537 тыс.