"ဒီကာလမှာ မသိမသာ နဲ့ သူတောင်းစား ဘ၀ ဖြစ်သွားတယ်။ လမ်းဘေးထွက် မတောင်းရသေးတာ တစ်ခုပဲ ကျန်ပါတော့တယ်။
ပြည်သူတွေကို ရီအောင်လုပ်နိုင်တဲ့ လူရွှင်တော် တစ်ယောက်က ကိုယ်တိုင် မျက်ရည် ကျနေရပြီ။ တစ်ခါတစ်ခါ ကလေးတွေ မုန့်ဖိုးတောင်းရင် ပေးစရာ မရှိလို့ အသည်းတွေကို ဓား နဲ့ ထိုးသလိုမျိုး ခံစားရတယ်။ ဘယ်လိုမှကို အသက်မရှုနိုင်တဲ့ ဘ၀မျိုး ရောက်နေပါပြီ" လို့ အိမ်ငှားခ ဆက်ပေးစရာ မရှိတော့လို့ နေစရာမဲ့ ဖြစ်နေသူ၊ လူရွှင်တော် ရွှေစတား ပထမချန်ပီယံ ရွှေတံဆိပ် (၅) ဆုရှင်၊ လူရွှင်တော် ပေါ်ဦး နှင့် ခဏတာ။
@MyanmarCelebrity Update: Well-known Comedian, Paw Oo, says that he has unknowingly become a beggar. #PawOo #ပေါ်ဦး #MyanmarComedian #လူရွှင်တော် #MyanmarCelebrityLifestyle #MyanmarCOVID #MyanmarCelebrityHome #MyanmarCelebrityOpenDoor
29 июл 2024